Saturday, July 17, 2010

့Acronis True Image

မြန်မာချက်အွန်လိုင်း ကဂွကိုင်တူကိုင် ညီငယ် missinsom31 ရေးသားတဲ့ပို့ စ်ကို။
အကျိုးရှိမယ်ထင်လို့ ပြန်တင်ပြလိုက်ပါတယ်။NETWORKသမားတွေအတွက်ကော။အင်တာနက်ဆိုင်တွေအတွက်ပါ အချိုန်ကုန်သက်သာပြီးအများကြီးအကျိုးရှိစေပါတယ်။

Acronis ဆိုတဲ့ software ကတော့ ပေါ်တာကြာပါပြီ ... တော်တော် များများလဲသိပြီးသားဖြစ်မှာပါ .
သူဟာ စက်အလုံးရေ များတဲ့ cyber cafe တွေ lan game center တွေမှာ service လုပ်လို့
စက်တွေအားလုံး window ပြန်တင်ချင်ပြီဆိုရင် (စက်တွေက mother board တူတဲ့ စက်တွေဖြစ်ရင်)
သုံးလို့ ကောင်းတဲ့ software လေးပါ ...Acronis ကို ကျွန်တော်ကတော့ HDD တွေကို clone
ရိုက်တဲ့ (Norton Ghost လို) အနေနဲ့ အသုံးများပါတယ် ..ဒါပေမဲ့ သူ့မှာ ဒီအပြင် တခြား feature တွေလဲပါပါတယ် ...
ကျွန်တော်ကတော့ အသုံးများတဲ့ clone နဲ့ back up လုပ်ပုံလေးတွေကိုပဲ ပြောပြပေးပါ့မယ် ...
စက်တစ်လုံးကို ပဲ window တင်မယ် software တွေ တင်မယ် setting ကောင်းကောင်း လုပ်ပြီးသွားပြီ
ဆိုရင် သူနဲ့ clone ရိုက်လိုက်တော့ တစ်လုံးချင်းစီလိုက်တင်ရမဲ့ အစားမြန်မြန်နဲ့ ပြီးနိုင်ပါတယ် .

အရင်ဆုံး window တင်ပြီးသား (software တွေ game တွေ ပါတင်ပြီးသား) စက်မှာ Acronis ကို
install လုပ်ပါ ...
ပြီးရင် shutdown ချပြီး နောက်ထပ်တင် မဲ့ hdd ကို အဲ့ဒီစက်မှာထပ်တပ်လိုက်ပါ ...
HDD တွေက IDE တွေဆိုရင်
နောက် hdd ကို slave မူလ HDD ကို master အနေနဲ့တက်လိုက်ပါ ...
SATA ဆိုရင်တော့ မလိုပါဘူး မူလ HDD ရဲ့
window ပဲတက်ပါလိမ့်မယ်.. window တက်လာလို့ Acronis True Image ကို
run လိုက်တဲ့ အခါမှာ ဒီလိုလေးတွေ့ရပါလိမ့်မယ် ...






အဲ့ဒီမှာ မှင်နီနဲ့ ဝိုင်းပြထားတဲ့ clone disk ဆိုတာလေးကို နှိပ်လိုက်ပါ ...
ပြီး Disk clone wizard ရောက်ရင် next နှိပ်ပါ ...
နှိပ်ပြီးသွားတဲ့အခါ source hard disk ကိုရွေးရတဲ့ နေရာကို ရောက်ပါလိမ့်မယ် ...
source hard disk ဆိုတာ အရင်ဆုံး
window တင်ပြီးသား hdd လို့ အလွယ်မှတ်လို့ရပါတယ် ..
အဲ့ဒီနေရာမှာ မူလ hdd ကို high light ထားပြီး next နှိပ်ပါ ...
destination hard disk ကိုရွေးခိုင်းပါလိမ့်မယ် သူကတော့ နောက်ထပ်တပ်လိုက်တဲ့ hdd ပေါ့ ...
ရွေးပြီးရင် နောက်တနေရာမှာ
hdd အသစ်မှာအရင် ရှိခဲ့တဲ့ data တွေကို ဖျက်ပစ်မလားလို့မေးပါလိမ့်မယ် .
window အသစ်တင်ချင်တယ်ဆိုမှ အရင် data တွေကို
မလို တော့ဘူးလို့ ယူဆတဲ့ အတွက် delete လုပ်မယ်ဆိုတာကို ရွေးလိုက်ပါ ...
အားလုံးပြီးသွားရင် စက်ကို reboot တောင်းပါလိမ့်မယ် ...
reboot ဆိုတဲ့ tab ကိုနှိပ်ပေးလိုက်ပါ ..စက် restart ကျသွားပြီး ပြန်အတက်မှာ clone
ရိုက်ပါလိမ့်မယ် ... window ပြန်လာတဲ့ အခါ မှာ
အားလုံးပြီးသွားပါပြီ ...
အဲ့ဒါဆိုရင် နောက်တပ်ထားတဲ့ hdd အသစ်မှာ window တစ်ခု တင်ပြီးသွားပါပြီ ...


Acronis နဲ့ clone ရိုက်တာဟာ window နဲ့ programs တွေလောက်ပဲ
ကောင်းမယ်ထင်ပါတယ် ...
LAN game တွေ အတွက်ဆိုရင်တော့ error နည်းနည်းတက်နိုင်တယ်လို့ ထင်ပါတယ် .။.
ဒါကတော့ ကျွန်တော့ အထင်ပါ ...
back up လုပ်တာလဲ ဒီလိုပဲ လွယ်ပါတယ် .. user friendly ဖြစ်နိုင်တဲ့ GUI နဲ့
ဖြစ်တဲ့အတွက် ကိုယ်ဘာသာ စမ်းနိုင်ကြပါလိမ့်မယ် ..
ဒါ့ကြောင့် ရေးမပေးလိုက်တော့ပါဘူး ...



့Acronis True Image ဆော့လ်ဝဲလ်ရယူလိုပါက။



Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO