Showing posts with label internet. Show all posts
Showing posts with label internet. Show all posts

Wednesday, August 24, 2011

PGWARE Throttle 6.8.22.2011





PGWARE Throttle 6.8.22.2011 >>1.6Mb

အင်တာနက်ကော်နက်ရှင်ကိုလိုသလိုချိုန်ညှိတဲ့ဆော့လ်ဝဲလ်လေးပါ။


Makes direct changes to system registry and system files to enhance internet download and upload speeds.

Automatically adjusts settings and changes made based on computer and modem specifications, complete fault tolerance system implemented.

Compatible with all modem types Dial-up, DSL, ADSL, Cable, ISDN, and Satellite internet connections.

Enhances both internet transfer speeds as well as local area network speeds.

Easy and intuitive user interface which performs all setting changes immediately.




.

Sunday, August 21, 2011

Simple Internet Meter v2.3.0








Simple Internet Meter v2.3.0 | 4.71 Mb
· Monitor Network Traffic.
· Monitor a range of ports
· Keep logs of Daily & Hourly Usage
· Auto save any report to a file.
· Easily change the colors to fit your style and taste.
· Resize the monitors to make then very small and transparent, keeping them out of the way
· Blend to desktop mode makes the monitors blend to your desktop.
· Ghost mode makes the monitors click through.
· System tray icon can be animated to show network traffic.
· Open network connections and Windows firewall settings from the right click menu of the tray icon. (This makes getting to these areas much easier in Vista and Windows 7)
· Repair and view Network Information from the right click menu.
· View Detailed Netstats, showing what ports are being used and by what program.
· Extra Stats








.

Tuesday, August 2, 2011

Microsoft Internet Explorer 10










Microsoft Internet Explorer 10 Platform Preview 2.10.1008.16421 | 18MB

Internet Explorer Platform Preview 10 2 is now available for download. It Microsoft still relies on working with HTML5, improved performance and enhanced security. IE10 PP2 appeared after 11 weeks of the first version and in just 14 weeks after the release of IE9. In the Platform Preview 2 is a significant number of new technologies such as Web Workers to support Channel Messaging and Async script, affecting the duration of battery life in mobile devices.

လိုအပ်တဲ့သူတွေအတွက်ပါ။
အဆင်ပြေကြပါစေ။





.

Saturday, June 25, 2011

Facebook မှာ mp3 သီချင်းတင်ရအောင်(၂)

FaceBook မှာသီချင်းတင်တာအရင်ပို့ စ်အနေနဲ့ တင်ပြခဲ့ပါတယ်။ဒါပေမဲ့သူကပိုက်ဆံတောင်းပြီး။
Free User ကို ၁၀စက္ကန့် ဘဲနားထောင်ရအောင်လုပ်လာပါတယ်။
ကျွန်တော်တို့ ကလည်း ဖရီးသမားတွေဆိုတော့အဆင်မပြေကြပါဘူး။ဒီတော့လိုက်ရှာရင်း
နဲ့ ကျွန်တော်လိုဖရီးသမားတွေနဲ့ အဆင်ပြေတဲ့ဆိုဒ်လေးတစ်ခုကိုရလို့ ပြောပြလိုက်ပါတယ်။
အသုံးပြုနည်းကိုပြောပြပါ့မယ်။ ပုံအကြီးကြည့်ရန်ကလစ်နှိပ်ပါ။

ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးရီဂျစ်စတာလုပ်လိုက်ပါ။



ပြီးရင် youre almost there ကိုကလစ်ပါ။



ရီဂျစ်စတာပြီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ





ပြီးရင်ဖေ့ဘွတ်ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။


ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။


ထိုအခါဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။




ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။



သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။





ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။



သေသေချာချာနားညည်းဖိပြီဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်။လုပ်ဆောင်ပါ
လိမ့်မယ်။ပြီးဆုံးပါကမိမိဖေ့ဘွတ်အကောင့် ကိုရီလုပ်လုပ်လိုက်ပါအများသူငါနားညည်းစေမဲ့သီချင်း
မိမိပရောဖိုင်းမှာရောက်ရှိနေပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ။

Tuesday, June 21, 2011

ဆိုက်ဘာကဖီး(သို့ )အင်တာနက်ဆိုင်ဖွင့်ကြည့်ရအောင်။(၁)



အင်တာနက်ဆိုင်ဆိုတဲ့ဆိုက်ဘာကဖီးဆိုင်ဖွင့်တယ်ဆိုတာလက်ရှိမြန်မာပြည်မှာ
ရေပန်းအစားဆုံးနဲ့ ခေတ်အမီဆုံးလုပ်ငန်းတစ်ခုဆိုရင်မမှားပါဘူး။
ဒါကြောင့်အွန်လိုင်းမှာမေးလာကြတဲ့သူငယ်ချင်းတွေအတွက်ဆိုင်ကိုဘယ်လိုစီစဉ်ဖွင့်လှစ်ရင်
ကောင်းမလဲဆိုတာလုပ်ခဲ့တဲ့အတွေ့ အကြုံနဲ့ အင်တာနက်မှာရှာဖွေပြီးသိသလောက် ဖော်ပြလိုက်ပါတယ်။
အရင်ကျွန်တော်အင်တာနက်ဆိုင်ဖွင့်တုန်းကလွယ်ကူမယ်ထင်ခဲ့ပါတယ်နောက်ပိုင်းလုပ်
ကြည့်မှအတော်အလုပ်ရှုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းတွေ့ ခဲ့ရပါတယ်။

၁။အင်တာနက်ဆိုင်ဖွင့်ဖို့ ပထမဦးစွာလိုအပ်တာကတော့စိတ်တိုတတ်တာတွေ။စိတ်မရှည်မှု့ 
တွေကိုအရင်ဦးစွာလျှော့ရပါ့မယ်။ဥပမာ(ခပ်တည်တည်လာပြီးဂျီတော့ခ်။ဂျီမေးလ်မသုံးတတ်
တာ။သူတို့ တို့ ဘာသာကလိကြပြီး ဆိုင်ကလူကိုလာမေးတတ်တာတွေမျိုးပေါ့)

အင်တာနက်ဆိုင်အတော်များများဟာ။များသောအားဖြင့်ဂိမ်း(Game)ဆိုင်နဲ့ တွဲထားတတ်
ကြပါတယ်။(Game)ဂိမ်းဆော့တဲ့သူတွေကအုပ်လိုက်လာအော်ဟစ်ကြတာတွေရှိပါတယ်များ
သောအားဖြင့်ပေါ့လေ။အင်တာနက်သုံးတဲ့သူတွေကတော့အေးဆေးစွာသုံးချင်ကြတာများပါ
တယ်။ဆူညံတဲ့ဂိမ်းနဲ့ အင်တာနက်ကိုတွဲဖွင့်မယ်ဆိုရင်အခန်းကိုကန့် ထားသင့်ပါတယ်။
အမှန်ဆိုအင်တာနက်သုံးတဲ့စက်တွေမှာကွန်ပျူတာအရည်အသွေး(Performance)
ဟာဂိမ်းဆော့တဲ့ စက်တွေလောက်တပ်ဆင်စရာမလိုအပ်ပါဘူး။ဘာလို့ လည်းဆိုတော့
အင်တာနက်သုံးသူအတော်များများဟာချက်တင်ထိုင်။စာဖတ်။သတင်းကြည့်။ဖိုရမ်လို့ ခေါ်တဲ့
ဆိုရှယ်နက်ဝပ်တွေ။အများဆုံးလိုအပ်ရင်သူတို့ လိုချင်တဲ့ဖိုင်တွေကိုဒေါင်းလုပ်လုပ်တာ
လောက်တင်ဖြစ်နေတတ်လို့ ပါ။ အင်တာနက်ဆိုင်ရှင်အတော်များများဟာအင်တာနက်သုံးဖို့ အတွက်စက်တွေကို
ဂိမ်းဆော့တဲ့စက်တွေကဲ့သို အရည်အသွေ့း(Performance)ကောင်းစွာတပ်ဆင်လေ့ရှိပါတယ်။
ကွန်ပျူတာတွေကိုအရည်အသွေးကောင်းအောင်ဆင်ရင်တပ်ဆင်သလောက်ငွေကုန်ကြေးကျ
များပြီးပျက်စီးပါကလည်းငွေကြေးပိုကုန်ကျတဲ့အတွက်အရင်းများပြီးအမြတ်မရှိဖြစ်တတ်ကြပါတယ်။
အမှန်ဆို အင်တာနက်သုံးဖို့ စက်က

CPU = 2 Ghz
MEMORY = 1Ghz
HDD = 80Gb

VGA = 64 Mb

လောက်ဆိုလုံလောက်စွာသုံးစွဲနိုင်ပါတယ်။

အင်တာနက်ဆိုင်တစ်ခုမှာလူမသိသူမသိအရေးကြီးတာတွေရှိပါတယ်။ဒါတွေကတော့

အင်တာနက်အသုံးပြုဖို့ နေရာကိုတတ်နိုင်ရင်ကိုယ်သုံးနေတာကိုတခြားလူအလွယ်တကူ
မမြင်ရအောင်လုပ်ထားသင့်ပါတယ်။ဘာလို့ လည်းဆိုတော့အင်တာနက်သုံးစွဲသူအတော်
များများဟာသူတို့ ရဲ့
ကိုယ်ရေးကိုယ်တာတွေ။စိတ်ခံစားချက်တွေကိုတစ်ခါတစ်လေအွန်လိုင်းမှာဖော်ပြတတ်ကြပါတယ်
ကိုယ်သုံးနေတာတခြားလူမမြင်တဲ့အတွက်ဘေးကလူအတွက်လည်းအနှောင့်အယှက်။
မဖြစ်တော့ပါဘူး

အင်တာနက်ကွန်ပျူတာတပ်ဆင်ရာမှာ Keyboard နဲ့  Mouseကိုအကောင်းဆုံးကိုတပ်ဆင်သင့်ပါတယ်
ဘာလို့ လည်းဆိုတော့ဆိုင်အတော်များများဟာ
စက်ကကောင်းနေတတ်ပြီး Keyboard နဲ့  Mouse ကိုသာမန်ဈေးပေါတာတပ်ကြပြီးခနခနပျက်ပါကအသုံးပြုသူ
စိတ်ညစ်စေတတ်ပြီးနောက်တစ်ခါမလာချင်စိတ်ဖြစ်တတ်ပါတယ်။

နောက်ထိုင်ခုံတွေကိုသက်တောင့်သက်သာရှိတဲ့ခုံတွေအသုံးပြုသင့်ပါတယ်သက်တောင့်
သက်သာမရှိတဲ့ခုံတွေဟာလာသုံးတဲ့သူတွေကိုပြန်ပါတော့လို့ နှင်ထုတ်နေသလိုပါဘဲ။
တတ်နိုင်ရင်ရွှေပြောင်းရလွယ်ပြီးနေရာမယူတဲ့ခုံမျိုးကိုအသုံးပြုသင့်ပါတယ်။
အင်တာနက်ဆိုင်အခန်းကိုအေးစိမ့်စွာထားသင့်ပါတယ်။အရမ်းအေးရင်လည်းပြင်ပအပူချိုန်နဲ့ 
ကွာပြီးလူကိုထိခိုက်စေနိုင်ပါတယ်။နေပူထဲကလာတဲ့သူ။မိုးရွှာထဲကလာတဲ့သူအတွက်အန္တရယ်
ရှိနိုင်ပါတယ်။
နောက်ကွန်ပျူတာတွေကို အပူထွက်နည်းပြီးပါဝါစားသက်သာတဲ့ပစ္စည်းတွေကိုအသုံးပြုသင့်ပါတယ်။
ဥပမာ ။ CRT မော်နီတာနေရာမှာ LCD မော်နီတာသုံးတာမျိုး ပုံစံပေါ့။
နည်းနည်းလေးသက်သာပေမဲ့အရေအတွက်ကိုအများကြီးသုံးတာဖြစ်တဲ့အတွက်အများ
ကြီးသက်သာစေပါတယ်။
ဒါကြောင့်မီးပျက်တဲ့အချိုန်မှာမီးစက်နဲ့ အသုံးပြုရင်အဆင်ပြေမှာဖြစ်သလို
လစဉ်မီတာခလျှော့ကျတဲ့အတွက်သင်ဝမ်းသာပါလိမ့်မယ်။
နောက်ဆိုင်မှာထားတဲ့ဝန်ထမ်းတွေကလည်းစိတ်ရှည်ပြီးသဘောကောင်းတာရွှေး
ခန့် သင့်ပါတယ်။ဝန်ထမ်းကသူ့ ဘာသူချက်တင်တက်အဆင်မပြေလို့ မေးတဲ့အခါ
အော်ငေါက်တာနဲ့ ဆိုသင့်ဆိုင်နာမည်ကျပါလိမ့်မယ်။

နောက်တစ်ခုကအင်တာနက်ဆိုင်ကကောင်တာမှာထားတဲ့ဆာဗာအကြောင်းပါ။
အင်တာနက်ဆိုင်တွေမှာကောင်တာမှာထားတဲ့ဆာဗာကွန်ပျူတာတွေကို….


ဆက်လက်ဖော်ပြပါမည်...

Monday, June 6, 2011

Facebook မှာ mp3 သီချင်းတင်ရအောင်

Facebook မှာဗီဒီယိုရောပုံတွေပါအလွယ်တင်လို့ ရပေမဲ့ mp3 သီချင်းတွေကိုတင်ရာမှာအခက်အခဲ
တွေ့ ရပါတယ် Facebook မှာ mp3ဖိုင်တွေကိုအလွယ်တကူတင်နိုင်ဖို့ လိုက်ရှာရင်း ဒီဆိုဒ်
လေးကိုအသုံးပြုပြီးတင်တာအဆင်ပြေတာကိုတွေ့ ရပါတယ်။

ပထမဦးစွာ http://www.mougg.com မှာ အကောင့်အသစ်လုပ်လိုက်ပါ။အကောင့်ရရှိပါက
http://www.mougg.com မှမိမိအကောင့်ဘယ်ဘက်မှာရှိတဲ့Uploadmusicကိုနှိပ်ပြီး
တင်လိုသောသီချင်းကို UpLoad တင်ပါ။



သီချင်းတင်ပြီးသွားပါကအောက်ကပုံမှာမျှားပြထားတဲ့အတိုင်း Facebook icon ပုံကိုကလစ်နှိပ်လိုက်ပါ


ပြီးရင်မိမိFacebookအကောင့်မှာတင်ထားသောMp3သီချင်းရောက်နေတာတွေ့ ရပါလိမ့်မယ်




အဆင်ပြေကြပါစေဗျာ။

Tuesday, April 19, 2011

မြန်မာfacebook

မြန်မာဖေ့စ်ဘွတ်ဆိုပြီး ဖိုရမ်တစ်ခုပေါ်နေပါတယ်စိတ်ဝင်စားမယ်သူငယ်ချင်းဖွဲ့ မယ်ဆိုရင်
မန်ဘာဝင်လိုက်ကြနော်။





သွားရမယ့်လိပ်စာကတော့။

http://www.myanmarfacebook.com/mmsocial/


မြန်မာဖေ့စ်ဘွတ်မှာသူငယ်ချင်းအသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ။
.

Tuesday, March 22, 2011

facebook သုံးသူတွေအတွက်ပါ

ကျွန်တော်တို့ internet ကို ဆိုင်မှာသုံးနေရင်းနဲ့ လိုင်းကျသွားရင် လုပ်သင့်တဲ့အလုပ်တွေ ရှိပါတယ်။ အဓိက ကျွန်တော်ပြောချင်တာက facebook သုံးသူတွေအတွက်ပါ။ သုံးနေရင်းနဲ့လိုင်းကျသွားရင် Log out လုပ်ရတာ အခက်အခဲတွေ့နိုင်ပါတယ်။ အဲဒီအခါ ဘာလုပ်မလဲ။ ကျွန်တော်တို့ရဲ့ Browser က facebook နဲ့ပတ်သတ်တဲ့ data တွေ(email, password) ကို cookies အဖြစ်နဲ့သိမ်းထားပါတယ်။ အဲဒါတွေကိုရှင်းခဲ့ရပါမယ်။ Firefox Browser ရဲ့ menu bar က Tools အောက်က Options ကိုရွေးလိုက်ပါ။ ပြီးရင် Privacy ဆိုတဲ့ tab ကို ပြောင်းလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။


Firefox will ဆိုတဲ့ drow down list box မှာ Use custom settings for history ကိုရွေးလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။




အဲဒီမှာ Show Cookies ကို click လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။




အဲဒီထဲမှာ ကိုယ်ရှင်းချင်တဲ့ site ကိုရွေးလိုက်ပါ။ ဒီနေရာမှာတော့ facebook.com ပေါ့။ select လုပ်ပြီး Remove Cookies ကို click လုပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ facebook data တွေအတွက် စိတ်ချရပါပြီ။



အဆင်ပြေကြပါစေဗျာ။

REF >>>> http://webtut.6te.net

Saturday, March 27, 2010

Internet Speed Up Lite 4.3.0.1



အညွှန်းတော့တော်တော်ကောင်းတယ်ဗျာမိတ်ဆွေတို့ နှေးကွေးနေတဲ့။
အင်တာနက်ကော်နက်ရှင်ကိုမြန်အောင်သေချာပေါက်လုပ်ပေးနိုင်တယ်။
လို့ ဆိုထားတယ်။


Speed up your modem, Cable, DSL and ISDN (LAN connection)
speed FREE Interet Speed Up Lite will try for you those settings to
give you the most appropriate settings for your own system.
Free Interet Speed Up Lite offers you all these capabilities and more,
just follow the instructions to tailor your own speed internet connections.


SIZE.... 5.2Mb






Saturday, August 15, 2009

Internet Error Code အမှားများ အကြောင်း

404 Bad Request
Internet မှာ လိုချင်တဲ့ webpage တစ်ခုကိုရှာဖွေတဲ့အခါမှာ server ဟာရှာမတွေ့တာ၊
ဒါမှမဟုတ် အသုံးပြုခွင့်မပြုတာကြောင့် ဖြစ်ရတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် စကားလုံးရိုက်တဲ့အခါမှာ စာလုံးအကြီး၊ အသေး (e.g. www.YahOo.com) ဆိုသလိုမှားရိုက်မိတာကြောင့်လည်း တွေ့ရတတ်တဲ့အမှားမျိုးလည်း ဖြစ်နိုင်ပါတယ်။

404 – Not Found

လိုချင်တဲ့စာမျက်နှာဟာ တစ်ခါတစ်လေမှာ ဖယ်ရှားခံထားရတတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့ website တွေဟာ သတင်းတစ်ပုဒ်ကို ခဏတာဖော်ပြပေးပြီး ချက်ချင်း ဖယ်ရှားပစ်လိုက်တာမျိုးကြောင့်ဖြစ်နိုင်သလို Password ဒါမှမဟုတ် တားဆီးပိတ်ပင်ခံရတဲ့ လိပ်စာဖြစ်တာကြောင့်လည်း မတွေ့ရတဲ့ အခါမှာဖြစ်ပေါ်တတ်သော Error အမှားဖြစ်ပါတယ်။

403 – For Hidden

အဓိကအားဖြင့် Password လိုအပ်တာကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အဲဒီ website ဟာ Black list မှာပါဝင်နေတဲ့ အတွက်ကြောင့်လည်း ISP ကခွင့်မပြုတာမျိုးဆိုရင်လဲ “403-For Hidden” ဆိုပြီး အဖြူ၊ အမည်း အရောင်တွေနဲ့ webpage ရဲ့ဘယ်ဘက်ထောင့်မှာတွေ့ရပါလိမ့်မည်။

401 – Unauthorized

တစ်ခါတစ်လေမှာ Webpage ရဲ့ရှုပ်ထွေးလှတဲ့ လိပ်စာတွေကို အတိအကျ မှတ်မိပေမဲ့ page တစ်ချို့ကိုတော့ ခွင့်မပြုဘဲရှိတတ်ပါတယ်။ (e.g. www.abc.com) ကိုတော့ကြည့်ခွင့်ပေးပေမယ့် နောက်ဆက်တွဲ www.abc.com/member _login.php ဆိုတာမျိုးကိုတော့ ကြည့်ခွင့်ရရှိဖို့ လုံလောက်တဲ့ password and username ရှိရပါမယ်။

503 Service Unavailable

Unavailable ဆိုတာဟာ ခံနိုင်ရည်ထက် ကျော်လွန်ပြီး ခိုင်းစေတာမျိုးဖြစ်ပါတယ်။ (e.g. www.yahoo.com website ကို Spam တွေနဲ့ပိတ်ဆို့နေခဲ့တဲ့အချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တခြား yahoo သုံးစွဲသူတွေဟာ yahoo ကိုဝိုင်းဝန်း access လုပ်ကြတဲ့အတွက် server ဟာရုတ်တရက်မှာ အလုပ်များပြီး down သွားခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးကို Google လည်းတစ်ခါတစ်လေမှာဖြစ်တတ်လေ့ရှိပါတယ်။

Proxy server is refusing
ကိုယ့်ရဲ့ ကွန်ပြူတာကို internet ချိတ်ဆက်ပေးတဲ့ modem နဲ့သွယ်တန်းထားတဲ့ server ကွန်ပြူတာဆိုတာရှိပါတယ်။ (Home User တွေ အတွက်ကတော့ ကိုယ်ကိုယ့်တိုင်ရဲ့ PC ဟာ server ဖြစ်နိုင်ပါတယ်။) အဲဒီ server ကွန်ပြူတာကနေ ပြန်လည်ပြီး network ခွဲဝေပေးတဲ့အခါမှာ serverမှာ ip address ထည့်သွင်းတာမှားယွင်းနေခဲ့ရင် “Proxy server is refusing” ဆိုပြီး ပေါ်နေတတ်ပါတယ်။ (e.g. proxy IP ဟာ “cache_dsl.bagan.net.mm” ဒါမှမဟုတ် အဲဒီလိုမျိုး ခပ်ဆင်ဆင် လိပ်စာကြောင့်လည်းဖြစ်ပါလိမ့်မည်။)

ဗဟုသုတ အဖြစ်ပါအဆင်ပြေကြပါစေဗျာ

shareby =========myanmarfamily

Wednesday, July 29, 2009

Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backupလုပ်ကြရအောင်

အင်တာနက်ကြည့်မယ်ဆိုရင်

Web Browser အများကြီးထဲကမှMozilla Firefox ကိုဘဲနှစ်သက်စွာသုံးဖြစ်ပါတယ်..ကျွန်တော်အမြဲကြည့်နေကျ

Website တွေဆို Bookmarks တွေ..

တချို့  website တွေဆို remember password လုပ်ထားတွေရှိတယ်..

အဲ့ဒီလို Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backup

လုပ်ထားရင် အဆင်ပြေတာပေါ့ဗျာ..အခန့်မသင့်လို့ Windows

ပြန်တင်ရရင်ပဲဖြစ်ဖြစ်

firefox ကို ပြန် Install လုပ်တာပဲဖြစ်ဖြစ် restore လုပ်လိုက်တာနဲ့

မိမိအရင်ကထားခဲ့တဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရနိုင်ပါတယ် ။

ကဲ Restore လုပ်ကြရအောင်…..

Run ထဲကနေ” %userprofile%\Application Data\Mozilla\Firefox\Profiles”ကို

ရိုက်လိုက်ပါ.. အဲ့ဒါဆိုရင် Firefox ရဲ့ Profile တွေအကုန်လုံးကိုမှတ်ထားတဲ့

ABCD.default ဆိုတဲ့ Folder ကိုတွေ့ပါမယ်.. (ABCD ဆိုတာ ကွန်ပျူတာရဲ့ Code ပါ..

တစ်လုံးနဲ့တစ်လုံး မတူနိုင်ပါဘူး) .. အဲဒီ Folder တစ်ခုလုံးကို save ထားလိုက်ပါ..

ဒါဆို ရပါပြီ.. နောင်တချိန်အကြောင်းကြောင်းကြောင့် firefox Restore ပြန်လုပ်ရင်

Run ထဲကနေ ခုနက Command ကိုပြန်ရိုက်ပြီး

Folder လိုက်ပြန်ကူးထည့်လိုက်ရင် မိမိအရင်ကထားခဲ့တဲ့

Firefox ရဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရပြီးအရင်မှတ်ထား

တဲ့အချက်အလက်တွေအတိုင်းပုံမှန်ပြန်သုံးနိုင်ပါပြီ

Bookmarks တွေပြန်မရှာရတော့ဘူးပေါ့ဗျာ



အဆင်ပြေကြပါစေဗျာ







Wednesday, May 27, 2009

Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက်

Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက် အောက်က နည်းကလေးက အထောက် အကူပြုနိုင်ပါလိမ့်မယ်
1.Start Menu>In the white lin (Start Search) area, Type regedit and Press Enter
2. UAC prompt ပေါ်လာလျှင် Continue ကိုရွေးပေးပါ။
3. HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings ကိုသွားပါ။
4. ညာဘက်ခြမ်းတွင် New ကိုရွေးပါ။ DWORD (32-bit) Value ကိုရွေးပေးပါ။
5. MaxConnec tionsPer1 _0Server ရိုက် Enter ခေါက်ပါ။ ၄င်း စာသားပေါ်တွင် Modify ကိုရွေးပေးပါ။
6. တန်ဖိုးကို 10 ပြောင်းပေးပါ။ OK နှိပ်ထွက်ပါ။
ပြီးရင်စက်ကို restart လုပ်ပြီးဝင်းဒိုးပြန်တက်လာပါက internet အသုံးပြုရာတွင်မြန်ဆန်လာတာကို
တွေ့ ရပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ



Friday, March 27, 2009

အင်တာနက်SPEEDကိုမော်ဇီလာကနေလျှင်မြန်စွာအသုံးပြုရန်

ဒီနေ့တင်ပြမယ့်အကြောင်းအရာလေးကတော့မိမိတို့(အေဒီအက်အယ်)အင်တာနက်SPEEDလေးကို

မော်ဇီလာကနေအလွန်လျှင်မြန်စွာအသုံးပြုနိုင်အောင်အတွက်ဖြစ်ပါတယ်...

ပထမဦးဆုံးမော်ဇီလာကိုဖွင့်ထားရပါမယ်။ပြီးရင်address

barမှာ(about:config)လို့ရိုက်ထည့်ရပါမယ်။ပြီးရင်Filter

မှာnetwork.httpလို့ရိုက်ပါ။ပြီးရင်network.http.pipelining.maxrequests

ကိုရှာရပါမယ်။လို့ရိုက်ထည့်ရပါမယ်။network.http.pipelining.maxrequestsမှာ

stringကdefault(4)ဖြစ်နေပါလိမ့်မယ်...256lineကိုstringက200လောက်

အထိထားလို့သင့်တော်ပါတယ်....သူ့အပေါ်မှာclickလေးနှိပ်ပြီးပြင်နိုင်ပါတယ်။

ပြီးရင်network.http.pipeliningနဲ့network.http.proxy.pipeliningကိုရှာပါ...

ဒီနှစ်ခုကိုtrueပေးရပါမယ်။ပြီးရင်modzillaကip addressကိုcache-

dsl.bagan.net.mmပြောင်းပေးရပါမယ်။portကတော့8080ပါ။

ပြီးရင်freedomသုံးတဲ့သူများfreedomကိုပိတ်ပြီးစမ်းအသုံးပြုနိုင်ပါပြီ။

(သတိပြုရမှာကတော့...အင်တာနက်ကဖေးမှာအသုံးပြုသူတွေက

ဒီလိုအသုံးပြုတဲ့အခါမှာမိမိရဲ့စက်တစ်လုံးထဲသာမြန်ပြီးအခြားစက်

များမှာသုံးလို့ရမည်မဟုတ်သောကြောင့်ခဏသာအသုံးပြုကြရန်ပြောလိုပါတယ်ခင်ဗျား...)



Wednesday, March 11, 2009

မိမိဆီလာတဲ့ အီးမေးလ်ကို ဘယ်ကလာသလဲ ရှာကြည့်မယ်

မိမိဆီလာတဲ့ အီးမေးလ်ကို ဘယ်ကလာသလဲ ရှာကြည့်လို့ရပါတယ်။ Gmail,Yahoo mail နဲ့
Outlook mail တွေမှာ ရှာကြည့်မယ်။

Gmail

အရင်ဆုံး mail log in လုပ်ရပါမယ်။

မိမိ သိလိုတဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အပေါ်နားက
reply botton ကိုရှာကြည့်ပါ။

သူ့ဘေးမှာ တြိဂံဇောက်ထိုးပုံလေး တွေ့ပါမယ်။ အဲဒါလေး နှိပ်ပြီး show original ကိုရွေးလိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

မေးလ်ပို့သူရဲ့ ip address ကိုတွေ့ရပါမယ်။

Yahoo mail

mail login ၀င်ရပါမယ်။

သိချင်တဲ့ မေးလ်ကိုဖွင့်ပြီး ညာဘက်အောက်နားက full header ကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့ technical page မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါ။

ဒါဆို ip တွေ့ရပါပြီ။

Outlook mail

Outlook mail ကိုဖွင့်ပါ။

view\option ကိုသွားပြီး internet header box မှာ Ctrl+F နဲ့ “Received: from“ ကိုရှာလိုက်ပါဦး။

ရလာတဲံ ip ဟာ ဘယ်ကလာသလဲ ရှာကြည့်ပါမယ်။

ဒီဆိုဒ်က ip နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှာနိုင် သိနိုင်ပါတယ်။

တစ်ခါတစ်လေ ip address သိဘို့ လိုအပ်ခဲ့ရင် ဒီနည်းလေးက အထောက်အကူပြုမှာပါ။


web page တွေ loding time မြန်လာအောင်

web page တွေ loding time မြန်လာအောင် registry ကနေ လုပ်နည်းလေးပါ...တစ်ကယ်လည်းမြန်လာပါတယ်။
ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။
သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို
နှာတစ်ဖျားသာသွားတယ်။
ပထမဦးဆုံး
start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။
HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\
Tcpip\Se rviceProvider

ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။

နဂိုအတိုင်းပြန်ထားချင်းရင်တော့

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကိုပြန်ပြောင်းပေးလိုက်ပါ။
1.Class=1 --> 8
2.DnsPriority=1 --> 7
3.HostsPriority=1 --> 6
4.LocalPriority=1 --> 5
5.NetbtPriority=1 --> 8
ပြီးရင် reboot လုပ်လိုက်ပါ
နဂိုအတိုင်းပြန်ဖြစ်သွားမှာပါ...





mzမှ


Tuesday, March 3, 2009

INTERNET DOWNLOAD SPEED မြန်စေရန်

ဟုတ်ကဲ့အင်တာနက်ကို မိုဘိုင်းဖုံးတွေနဲ့ သုံးစွဲသူတွေကောကော်နက်ရှင်ကျနေတဲ့
သူတွေအတွက်ဒီပို့ စ်လေးကို MZ မှကူးယူဖေါ်ပြလိုက်ပါတယ်
registry ပြင်ပြီးအင်တာနက် Download Speed ကိုမြန်အောင်လုပ်တဲ့နည်းလေးပါ

ကဲလုပ်ရမှာက

Start>run>regedit ကို
Enter နိပ်ပါ ..
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Servic es\ Tcpip\Parameters ကို ဖွင့်ပါ ...

အောက်က ဟာကို ပေါင်းထည့်ပါ ။
“SackOpts”=dword:00000001
“TcpWindowSize”=dword:0005ae4c
“Tcp1323Opts”=dword:00000003
“DefaultTTL”=dword:00000040
“EnablePMTUBHDetect”=dword:00000000
“EnablePMTUDiscovery”=dword:00000001
“GlobalMaxTcpWindowSize”=dword:0005ae4c

ပြီးရင်ကွန်ပျူတာကို restart လုပ်ပြီးပြန်ဖွင့်ပြီး
စမ်းကြည့်ပါအဆင်ပြေပါလိမ့်မယ်




Windows XP Professional မှာ Internet Speed တိုးလာချင်ရင်

Windows XP Professional မှာ Internet Speed တိုးလာချင်ရင် အောက်ပါနည်းလေး အတိုင်း ပြုလုပ်နိုင်ပါတယ်..
၁။ Start Menu မှ Run ကိုသွားပြီး gpedit.msc လို့ရိုက်ပြီး
Enter ခေါက်လိုက်ပါ..
၂။ Group Policy ပေါ်လာရင်
Computer Configuration မှာ Administrative Templates ပြီးရင် Network ကိုဆက်သွားပါ။
၃။ Network မှ QoS Packet Scheduler ပေါ်ကို Click လိုက်ပါ။
၎။ ညာဘက် အကွက်ထဲမှာ ပေါ်လာတဲ့ Limit reservable bandwidth ကို ၂ ချက် click လိုက်ပါ။
၅။ Limit reservable bandwidth Properties မှ Setting တွင် Enable ပေးပါ။ ပြီးရင် Bandwidth Limet (%) (20% ပေးထားတာ) ကို (0-သုည) ပြောင်းလိုက်ပါ။
၆။ အားလုံးပြီးပါက ကွန်ပျူတာကို Restart ပေးပါ။



အင်တာနက်ကော်နက်ရှင် SPEED မြှင့်မယ်

နေ့ခင်းဘက်တွေမှာ မြောက်များလှစွာသော အင်တာနက်သုံးစွဲသူများကြောင့် ကွန်နက်ရှင် ကျဆင်းသွားပါတယ်။ အကြောင်းအရင်းများစွာရှိပေမယ့် တစ်ချို့အချက်တွေ ပြင်ဆင်ဖြည့်တင်းလိုက်ရင် မြန်နှုန်းမြင့် ရရှိလာနိုင်ပါတယ်။ စမ်းသုံးခဲ့သမျှ ပိုမြန် ပိုသွက်လာပါတယ်။


၁။ ။ Start/Run/GPEDIT.MSC/Computer Configuration/Administrative Template/Network/QoS packet scheduler ဟု
အဆင့်ဆင့် သွားလိုက်ပါ။ limite reserable bandwidth ကို double click လုပ်ပြီး ပေါ်လာသောboxမှာ enable/bandwidth % 0 ဟုပြောင်းပေးလိုက်ပါ။ ကွန်နက်ရှင် တက်လာပါလိမ့်မယ်။

၂။ ။ Start/Run/regedit/Hkey current user/software//microsoft/windows/current version/internet setting ဟုအဆင့်ဆင့် သွားလိုက်ပါ။ "MaxConnectionPerServer"=dword:00000040
"MaxConnectionPer1_0Server"=dword:00000040 ကိုcreate လုပ်ပါ။ ဒီ registry file ကို run ခိုင်းရင်လည်း ရပါတယ်။

၃။ ။ Start/Run/cmd ဟုသွားပါ။ ipconfig/fluh dns ရိုက်ရ်ျ DNS ကိုရှင်းပစ်ပါ။

၎။ ။ browser မှ history,cookie and temporary ဖိုင်တွေရှင်းပစ်ပါ။

၅။ ။ connection booster တစ်ခုခုကိုသုံးပါ။ ဥပမာ limewire ကို patch လုပ်ထားလျှင် browser မှာ မြန်နှုန်းမြင့်လာပါတယ်။

ဒါဆိုပိုမြန်လာသလားစမ်းသပ်မယ်။ ဒီဆိုဒ်မှာ ကွန်နက်ရှင်ဘယ်လောက်ရှိလည်း စမ်းသပ်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါ။


ပြင်ဆင်ချက်။ ။ အမှတ်စဉ် ၃ ဧ။် "ipconfig/fluh dns" အား " ipconfig /flushdns " ဟုပြောင်းလည်း ရပါမည်။



google,yahoo နဲ့ hotmail account တွေ ဖျက်သိမ်းချင်ပါသလား

.အကြောင်းအမျိုးမျိုးကြောင့် google,yahoo နဲ့ hotmail account တွေ ဖျက်သိမ်းချင်ပါသလား..အဲဒီ ဆားဗစ်တွေဟာ ပြန်ဖျက်သိမ်းခွင့် ပြုထားကြပါတယ်။ မသုံးချင်တော့လို့ ဖျက်လိုက်တာဟာ account စောင့်ကြည့်ရမယ့်ဒုက္ခ ကင်းဝေးပြီး အကျိုးရှိစေမယ့် အီးမေးလ်များလာမှာ မစိုးရိမ်ရတော့ပါဘူး။
ကြော်ငြာ၊spam၊news letter တွေ ဒီ account ကို ဆက်လာနေရင် online traffic ဖြစ်စေပါတယ်။ ဒါကြောင့်
ကိုယ့်ကိုမထိခိုက်ပေမယ့်
အသုံးမလိုတော့တဲ့ account တွေဆို ဖျက်လိုက်ကြပါစီု့....

Hotmail ကိုပိတ်မယ်ဆိုရင် http://hotmail.msn.com/cgi-bin/accountclose?fti=yes ဒီလင့်မှာ login ၀င်ပြီး close my account ကို click လုပ်ရပါမယ်။

http://g.msn.com/0HEMSN_HOTMAIL_PIMV10ENUS9/10014 ဒီလင့်က login ၀င်လည်းဖြစ်တယ်။

နောက်တစ်နည်းက ပုံမှန် login ၀င်မယ်။ web page ရဲ့ ညာဘက် အပေါ်ဒေါင့်မှာ close ကို ရှာမယ်။ Close account link မှာ click လုပ်ပြီး close account page က ပိတ်သိမ်းနိုင်ပါသေးတယ်။

Yahoo ကတော့ https://login.yahoo.com/config/login?.slogin=&.intl=us&.src=&.bypass=&.partner=&.done=https%3a//edit.yahoo.com/config/delete_user&pkg=&owd=&rl=1ယ္ခုလင့်က login ၀င်ရမယ်။ ပြီးရင် နောက်webpageမှာ password ထပ်ဖြည့် secure code ဖြည့်ပြီးရင် terminate this account yes ပေါ့။
Yahoo က ဒေတာဖျက်သိမ်းဘို့ ရက်90 စောင့်ပါတယ်။ Premium account ဆို ပြက္ခဒိန်နှစ် 3နှစ်စောင့်ပေးတယ်ဆိုပါတယ်။

Google ကတော့ account login ၀င်ပြီး myaccount\myproducts\edit\close account ကိုအဆင့်ဆင့် သွားပြီး google ရဲ့ မလိုတော့တဲ့ ဆားဗစ်တွေရွေးရပါမယ်။ Account တစ်ခုလုံးအတွက်ဆို ဆားဗစ်အားလုံးရွေးချယ်ပြီး password ပြန်သွင်းကာ activate answer နှစ်ခုကို အမှန်ခြစ်ရွေးပြီး delete နှိပ်ရင် ပြီးပါပြီ။

သတိပြုရမှာက သက်ဆိုင်ရာ account တွေမှာ service တစ်ခုထက်ပိုလုပ်ထားရင် data backup ကြိုလုပ်ထားရန် မမေ့ဘို့ပါ။



ဆော့ဖ်ဝဲလ်မပါဘဲ ၀က်ဆိုဒ်တွေကို ပိတ်ပစ်တာပါ။

IE user တွေ သုံးလို့ရပါတယ်။ ကိုယ့်ကွန်ပြူတာမှာ ဆော့ဖ်ဝဲလ်မပါဘဲ ၀က်ဆိုဒ်တွေကို ပိတ်ပစ်တာပါ။ family safety အဖြစ်ဘဲကောင်းပါတယ်။ ရုံးတွေ ကျောင်းတွေ ဆိုင်ဘာတွေမှာတော့ မလုပ်ကောင်းပါဘူး။ သူတပါးက ဒီနည်း သုံးထားရင်လဲ ကျော်လွှား သို့ ဆင်ခြင်နိုင်တာပေါ့။

C:\WINDOWS\system32\drivers\etc ကိုသွားလိုက်ရင်"hosts" ဖိုင်ကို
တွေ့ပါမယ်။ Notepad နဲ့ ဖွင့်လိုက်ပါ။

"127.0.0.1 localhost" ကိုအောက်နားမှာ တွေ့ရပါမယ်။ အဲဒီအောက်မှာ ကိုယ်ပိတ်ချင်တဲ့ ဆိုဒ် ပေါင်းထည့်ပေးလိုက်ပါ။

ဥပမာ။ ။ google နဲ့ yahoo ကိုပိတ်မယ်ဆိုရင်

127.0.0.1 localhost
127.0.0.2 www.google.com
127.0.0.3 www.yahoo.com ဆိုပြီး ပေါင်းထည့်ပေးရပါတယ်။

ဒီထက်ပိုချင်ရင် 127.0.0.4 www.yrblocksite.com,127.0.0.5 www.yrblocksite.com စသဖြင့် ဆက်ထည့်ပေးပေါ့။ save ထားလိုက်ရင် IEအတွက်စိတ်ချရပြီ။



ကိုမြတ် © 2008. Template by Dicas Blogger.

TOPO