Showing posts with label android ဗဟုသုတ. Show all posts
Showing posts with label android ဗဟုသုတ. Show all posts

Sunday, August 3, 2014

Android OS တွေမှာ Screen On/Off error



Android OS တွေမှာ Screen ကို Off လုပ်ထားပေမယ့် ဖုန်းကမကြာခဏဆိုသလို ပြန်ပြန်ပြီးပွင့်ပွင့်လာတယ် ဆိုရင်တော့အောက်ပါအချက်(၂)ချက်ကြောင့်ပဲဖြစ်တတ် တာများပါတယ်

(၁) ဖုန်းထဲမှာထည့်သွင်းထားတဲ့ Application တွေရဲ့ Error ကြောင့်ဖြစ်တတ်ပါတယ်။

(၂)  ဖုန်းရဲ့ OS ကြောင့် Setting Error ဖြစ်တတ် ပါတယ်။


အထက်ပါအချက်(၂)ချက်ထဲက ပထမအချက်ကိုဖြေရှင်း မယ်ဆိုရင်တော့ တစ်ချို့ User တွေဟာတွေ့သမျှ Application တွေကိုမိမိဖုန်းထဲမှာထည့်ပြီးအသုံးပြုတတ် ကြပါတယ်။အဲဒီလိုထည့်ထားတဲ့ဆော့ဝဲလ်တွေထဲမှာ တချို့ဆော့ဝဲလဲတွေက Update လုပ်ပေးရတဲ့ဆော့ဝဲလ် တွေရှိသလို အသုံးပြုခွင့်ရက်အကန့်အသတ်နဲ့အသုံး ပြုရတဲ့ဆော့ဝဲလ်တွေလဲရှိပါတယ်။

Full version မဟုတ်တဲ့ ဆော့ဝဲလ် လိုမျိုးပေါ့။အဲဒီအခါကျရင် Application Error တွေဖြစ်တတ်ပါတယ်။အဲဒါဆိုရင်တော့ ဖုန်းထဲက Error ဖြစ်နေတဲ့ Application တွေကိုရှာရပါမယ်။ဒါမှမဟုတ် Update လုပ်ရမယ့်ဆော့ဝဲလ်ဆိုရင် Update လုပ်ပေးရပါ မယ်။ဒီနေရာမှာတစ်ခုထပ်ပြောခြင်တာကတော့ Error ဖြစ်နေတဲ့ဆော့ဝဲလ်တွေကိုရှာဖွေတဲ့နေရာမှာ တစ်ချို့ ဆော့ဝဲလ်တွေက ဖွင့်လိုက်တာနဲ့ Error ဖြစ်နေပါတယ် ဆိုတဲ့စာတမ်းပေါ်လာပါတယ်။တွေ့ဖူးကြမှာပါ။အဲဒီလိုမျိုး ကျရင်တော့ရှာဖွေရတာလွယ်ပါတယ်။တချို့ဆော့ဝဲလ် တွေကကျတော့ Application ရဲ့ Setting ထဲထိသွားကြည့် ရပါတယ်။တချို့ဆော့ဝဲလ်တွေကျတော့ Help ဆိုတဲ့ နေရာမှာ၊ ဒါမှမဟုတ်ရင် App ရဲ့ Certificate ရှိတဲ့နေရာ၊ ဒါမှမဟုတ် App ရဲ့ အညွှန်းရှိတဲ့နေရာတွေမှာရှာဖွေ ရတာပါ။အကောင်းဆုံး ကတော့ ဖုန်းကို Application တွေကို Backup လုပ်ထားပြီး ဖုန်းကို Factory Reset လုပ်လိုက်ရင်အကောင်းဆုံးလို့ထင်ပါတယ်




အဆင်ပြေကြပါစေဗျာ.........



Ref  >>>>> ( mmitsky)

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO