Showing posts with label Registry. Show all posts
Showing posts with label Registry. Show all posts

Wednesday, May 18, 2011

USB Write Protected Error



ကျွန်တော်အဆင်ပြေသွားတဲ့နည်းလမ်းလေးတစ်ခုပါ။
တစ်ခါတစ်လေမှာကွန်ပြူတာမှာ USB တပ်ဆင်တဲ့အခါမှာအပေါ်ကပုံအတိုင်း
အယ်ရာတွေတစ်ခုမဟုတ်တစ်ခုတက်ပြီးသုံးမရဖြစ်တတ်ပါတယ်။အဲ့ဒီအခါမှာ
USB ကိုကွန်ပြူတာကနေဖြုတ်ပြီးတော့အောက်ပါအတိုင်းလုပ်ဆောင်ကြည့်ပါ။

Run ( Windowkey+R ) မှာ regedit ကို ရိုက်ထည့်ပြီး Enter (or ) OK ပေးလိုက်ပါ။
Registry Editor တက်လာပါလိမ့်မယ်။

HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ထိရောက်အောင်သွားလိုက်ပါ။

Control ပေါ်မှာ Right Click ထောက်ပြီး New မှာ Key ကို ရွေးလိုက်ပါ။
အမည်ကို StorageDevicePolicies လို့ ပေးလိုက်ပါ။

StorageDevicePolicies ကို Click လိုက်ပြီး ညာဘက်မှာ Right Click ထောက်
New ကနေ DWORD ကို Click ပေးပြီး အမည်ကို WriteProtect လို့ပေးလိုက်ပါ။

WriteProtect မှာ Double click ( or ) Right Click ထောက် Modify ကနေ
Value ကို 0 ထည့်ပေးလိုက်ပါ။

ပြီးလျှင်ကွန်ပြူတာကို Restart လုပ်ပြီးUSB ပြန်တပ်ဆင်သုံးကြည့်ပါကအဆင်ပြေတာ
တွေ့ ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ။

Tuesday, July 20, 2010

ကွန်ပျူတာShutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်

ကွန်ပျူတာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၎။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။
shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။


Reffer >>>>>> http://www.myanmarfamily.org

run command အတွက် အသုံးဝင် မဲ့ command လေးတွေ

%appdata% အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
%comspec% Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။
%homedrive% လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive နေရာ။
%homepath% လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive လမ်းကြောင်း။
%logonserver% လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller
%programfiles% ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ နေရာ
%systemdrive% ၀င်းဒိုးရဲ့ ပင်မ Directory
%systemroot% ၀င်းဒိုးရဲ့ ပင်မ Root Directory
%tmp% သို့ %temp% လက်ရှိသုံးနေတဲ့ ဆော့ဖ်ဝဲတွေ အလုပ်လုပ်လက်စ ဖိုင်တွေရှိရာနေရာ
%username% လက်ရှိသုံးနေတဲ့သူ အမည်
%userdomain% လက်ရှိသုံးနေတဲ့ Domain အမည်
%userprofile% လက်ရှိသုံးနေတဲ့သူရဲ့ Profile ရှိရာနေရာ
%windir% OS တင်ထားတဲ့ နေရာ

Wednesday, March 17, 2010

Uninstall လုပ်၍ မရသော ပြဿနာ

သူငယ်ချင်းတစ်ယောက်ကသူ့ အခက်အခဲ
လေးကိုတောင်းဆိုလာတာကြောင့်ရှင်းပြလိုက်ပါတယ်။

သိရှိပြီးသား လူတွေကိုတော့ ထုံးစံအတိုင်း sorry ပေါ့ဗျာ..
တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ
အဲ့လိုမျိုးဖြစ်နေခဲ့ရင်တော့အောက်ပါအတိုင်းလုပ်ပေးလိုက်ပါဗျာ

၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OKလိုက်ပါ

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

အဆင်ပြေကြပါစေဗျာ


Tuesday, February 2, 2010

explorer.exe မတက်သည့်ပြသနာ

Virus ကြောင့်ပဲဖြစ်ဖြစ်၊Window အသုံးပြုတာကြာလို့ပဲဖြစ်ဖြစ် ဒီလို explorer.exe မတက်သည့်ပြသနာဖြစ်တတ်ပါတယ်။ explorer.exe မတက်တော့ဘူးဆိုရင်တော့ desktop တခုလုံးပျောက်နေပါတယ်။ taskbar ရော start menu ပါပျောက်နေမှတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေပါဘူး။ အကြောင်းမသိရင် တော်တော်ဒုက္ခရောက်ပါတယ်။ Reg file ရေးရတာနဲ့ explorer ကို replace ပြန်လုပ်ရတာနဲ့ တော်တော့်ကိုစားပါတယ်။ အခုပြောမယ့်နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc key တွေကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
task manager ပေါ်လာရင် file => New Task (run) ကိုခေါ်လိုက်ပြီး c:\windows လို့ရိုက်လိုက်ရင် windows file ပေါ်လာပါမယ်။ window file ထဲက explorer.exe ကိုရှာပြီး copy လုပ်လိုက်ပါ။ ပြီးရင်အဲဒီ window file ထဲမှာပဲပြန် paste လုပ်ပြီး rename နဲ့ နာမည်တခုပေးလိုက်ပါ။ ဥပမာ newexplorer.exe ပေါ့။ အားလုံးပြီးရင် window file ကိုပိတ်လိုက်ပြီး file => New Task (run) ကနေ regedit လို့ရိုက်ပြီး Registry Editor ကိုခေါ်ပါ။ registry ထဲမှာဒီအတိုင်းသွားလိုက်ပါ။ HKEY_LOCAL_MACHINE / SOFTWARE / Microsoft / Windows NT / Current Version / Winlogon အထိရောက်ရင် ညာဘက်အကွက်ထဲက Winlogon ရဲ့ subkey တွေထဲမှာ Shell ကိုရှာလိုက်ပါ။ Shell ကိုတွေ့ရင် နှစ်ချက်ကလစ်ပြီး Edit String ထဲက Value data မှာ explorer.exe ကိုဖျက်ပြီး အပေါ်က copy/paste လုပ်ပြီး rename ပေးထားတဲ့ အတိုင်းထည့်လိုက်ပါ။ (ဥပမာ) newexplorer.exe ။ အားလုံးပြီးရင် registry editor ကိုပိတ်ပြီး စက်ကို restart ချလိုက်ပါ။ ပြန်တက်လာရင် အိုကေ ပါပြီ။

လုပ်ကြည့်လိုက်ပါ


Desktop ပေါ်မှာလှုပ်ရှားနေတဲ့ Gif ဖိုင်ပုံလေးတင်ကြည့်ရအောင်

Run box မှာ control desktop လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ

Desktop option အောက်က customize desktop ဆိုတဲ့ button ကို click ပါ
Desk Itoms dialog box မှ web ကို click ပါ new , New Desktop Item မှာ မိမိထည့်ချင်တဲ့
Gif file ကို browse ကနေရွေးပြီး ထည့်လိုက်ပါ

ပြီးရင်တော့ ok , apply, ok ပေါ့

ကျွန်တော့် တို့ Desktop ပေါ်မှာ Gif ပေါ်လာပါပြီ
ပြီးရင်တော့
ကိုလိုချင်တဲ့ နေရာမှာထားလိုက်ပေါ့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Desktop ပေါ်မှာ
right click ထောက်ပြီး Desktop Item ဆိုတဲ့ dialog box ထိရောက်အောင်ပြန်သွား လိုက်ပါဦး
Lock desktop item ဆိုတဲ့စာသားလေး check ပေးပြီး Ok ,Apply,Ok…….
အခုဆိုရင် gif file ဟာ မိမိစိတ်ကြိုက်ထား ထားတဲ့နေရာမှာလှပစွာနဲ့ မြင်တွေ့ ရပါလိမ့်မယ်



Saturday, August 22, 2009

Registry ကို Virus တွေ ကြောင့်မထိခိုက်အောင်လုပ်ကြည့်မယ်

ကျနော်တို့ တွေ နေ့စဉ်ကြုံတွေ့နေရတာက Virus ပြဿနာပါ
တကယ်တော့ Virus ဆိုတာက Registry Key တွေကို ဟိုပြင်ဒီပြင်
ဟိုဖျက်ဒီဖျက်လုပ်ထားတာပါ
အကယ်လို့ ကျနော်တို့သာ အဲဒီ Registry Key တွေကို Permissions
ပေးထားမယ်ဆိုရင် Virus ရန်ကနေ 80% လောက်တော့ ကင်းဝေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။
ကဲ စလိုက်ကြရအောင်

run >>> regedit >>> ကနေပြီးတော့ ကြိုက်တဲ့ Key မှာ right click
နှိပ် ပြီးရင် permissions ဆိုတာမှာ နှိပ်
အဲဒီမှာတွေ့တဲ့ ကိုယ်လိုချင်တဲ့ Feature ပါတာလေးတွေကို အမှန်ခြစ်လေးတွေ လိုက်ခြစ်
အဲဒါဆိုရင် Registry ကို ထိန်းတဲ့ Virus တွေ ဘာတတ်နိုင်တော့မလဲ....
အဆင်ပြေပါစေဗျာ




ဖိုင်တစ်ခုကို right click နှိပ်ပြီး Copy To နဲ့  Move To ကိုထည့်သုံးလို့ ရအောင်

ဖိုင်တစ်ခုကို right click နှိပ်ပြီး Send To ကိုသုံးလို့ ရသလို နောက်ထပ်
Copy To နဲ့  Move To ကိုလည်း ထည့်သုံးလို့ ရပါတယ်...
သုံးမယ်ဆိုရင်

Copy To အတွက်

regedit-->HKEY_CLASSES_ROOT\AllFilesystemObjects\shellex အောက်က
ContextMenuHandlers ကို right click -->New Key နှိပ် name ကို Copy To ဆိုပြီးပေးပြီးရင်
Default ရဲ့ Value နေရာမှာ {C2FBB630-2971-11D1-A18C-00C04FD75D13} ကိုထည့်ပါ..

Move To အတွက်

Move To အတွက်က အခုနကလိုပဲ New Key နှိပ် name ကို Move To ဆိုပြီးပေးပြီးရင်
Default ရဲ့ Value နေရာမှာ {C2FBB631-2971-11D1-A18C-00C04FD75D13} ကိုထည့်ပါ။

အားလုံးပြီးရင် refresh လုပ်ပြီးသုံးလို့ ရပါပြီ..
အဆင်ပြေကြပါစေဗျာ



shortcut iconတွေ မှာ မြှားလေးတွေ ကိုဖျောက်ထားမယ်

shortcut icon ကလေးတွေ မှာ မြှားလေးတွေ နဲ့ ကိုကြည့်ရတာ ရှုပ်ပါတယ် ဆိုတဲ့လူတွေ အတွက် ပါ

ကဲလုပ်ကြည့်ရအောင်
regedit ကို ဖွင့်လိုက်ပါ .. ပြီးရင် တော့ အောက်ကအတိုင်းလေး ပဲ သွားလိုက်ပါ ။

၁ ။ HKEY_CLASSES_ROOT ကို သွားလိုက်ပါ ။
၂ ။ LNKFILE ဆိုတာလေးကိုဖွင့်လိုက်ပါ ။
၃။ IsShortcut ဆိုတာလေးကို ဖြတ်လိုက်ပါ ။
၎။ PIFFILE ဆိုတာလေးကို ဖွင့်လိုက်ပါဦး ။
၅။ IsShortcut ဆိုတာလေး ကို ထပ်ပြီးတော့ ဖျက်လိုက်ပါ ။

သူ့ ရဲ့ ပြောင်းလဲမှူ့  ကတော့ reboot ပြီးမှ ပဲ တွေ့ရမယ်နော် ..
အဆင်ပြေကြပါစေဗျာ



Saturday, August 15, 2009

System Restore ကိုကောင်းမွန်အောင်ပြင်ဆင်ကြည့်ခြင်း

Windows XP နဲ့ Vista တို့မှာ System Restore ဟာ Registry နဲ့ အရေးကြီး
system ဖိုင်တွေကို မကြာခဏ အလိုအလျောက် backup လုပ်ပေးနေပါတယ်။
ဒါပေမဲ့ အမျိုးမျိုးသော အခြေအနေတွေကြောင့် System store ဟာ
backup (restore point) တွေဖန်တီးပေးခြင်းကနေ တားဆီးနေခြင်းခံနေရတတ်ပါတယ်။
ဒီအရာတွေကတော့


Drive နေရာနည်းခြင်း
Restore point တစ်ခုဖန်တီးဖို့အတွက် system drive၊ ဒါမှမဟုတ် partition
(များသောအားဖြင့် C:drive)မှာ နေရာလွတ် အနည်းဆုံး 200MB လောက်ရှိနေရပါမယ်။ အဲဒီနေရာလွတ်မရနိုင်တဲ့အခါ ပီစီဟာ restore point တွေဖန်တီးခြင်းက ရပ်တန့်သွားပြီး
ရှိပြီးသား point တွေကို delete လုပ်သွားတတ်ပါတယ်။

Task Scheduler မရှိခြင်း
System Restore ဟာနေ့စဉ်နေ့တိုင်း restore point တွေအလိုအလျောက်
ဖန်တီးပေးနိုင်ဖို့အတွက် Windows ရဲ့ Task Scheduler ကိုအသုံးပြုပါတယ်။
Task Scheduler active ဖြစ်နေရဲ့လားဆိုတာ သေချာအောင်
Start > Run (Vista မှာ Start) ရွေးချယ်ပြီး services.msc လို့ရိုက်သွင်းကာ
ခေါက်လိုက်ပါ။ Task Scheduler ရှိရာနေရာကို scroll လုပ်သွားပြီး
right ကလစ်လုပ်ကာ Properties ရွေးချယ်ပါ။ တကယ်လို့ “Service status”
ကို “Started” မှာ set လုပ်ပေးမထားဘူးဆိုရင် Start button ကိုကလစ်လုပ်ပေးလိုက်ပါ။
OK ကိုကလစ်မလုပ်မီမှာ “Startup type” ဟာ “Automatic” မှာရှိနေရဲ့လားဆိုတာ သေချာစွာစစ်ဆေးကြည့်ရှုပါ။

OS အလုပ်များနေခြင်း
System Restore ဟာပီစီဖွင့်ထားပြီး အားလပ် (idle) နေမှသာ restore point တွေကို အလိုအလျောက်ဖန်တီးပေး ပါမယ်။ တကယ်လို့ ပီစီကိုအမြဲတမ်းပိတ်ထားမယ်၊
hibernate ဖြစ်နေမယ်၊ ဒါမှမဟုတ် run လုပ်နေမယ်ဆိုရင် အလိုအလျောက်
restore point တွေတစ်ခုမှ ရရှိမှာမဟုတ်ပါဘူး။
System Restore ပုံမှန်အလုပ်လုပ်နေတဲ့အခါမျိုးမှာတောင် restore point တွေဟာ
Complete backup တွေမဟုတ်ပါဘူး။ Restore point တစ်ခုချင်းစီဟာ သူရှေ့က
restore point နောက်ပိုင်းအပြောင်းအလဲတွေကိုသာ သိမ်းထားပြီး System Restore
ဟာ hard drive ပေါ်က restore point အားလုံးကို အသုံးပြုဖို့လိုအပ်ပါတယ်။
အကြောင်းတစ်ခုခုကြောင့် restore point တစ်ခုပျက်စီးသွားတယ်ဆိုရင် point
အားလုံးအသုံးမ၀င်တော့ပါဘူး။
တကယ်လို့ Restore point တွေဟာ အလုပ်လုပ်မပေးနိုင်တော့ဘူးဆိုရင်
အားလုံးကို remove လုပ်ပြီးအစကနေ ပြန်စရပါမယ်။ ဒီလိုလုပ်ဖို့အတွက်
System restore ကို Off လုပ်လိုက်ပြီးပြန် on လုပ်ပေးရပါမယ်။
Windows XP မှာ Start. Run ရွေးချယ်ပြီး sysdm.cpl ရိုက်သွင်းကာ
ခေါက်ပါ။ System Properties dialog box ထဲက
System Restore tab ကိုကလစ်လုပ်ပါ။ Turn off System Restore
ကို check လုပ်ပြီး Apply ကိုကလစ်လုပ်ပါ။ ပြီးရင် Turnoff System Restore
ကို check လုပ်ပေးပြီး OK ကိုကလစ်လုပ်လိုက်ပါ။ Vista မှာ Start ကို
ကလစ်လုပ်ပြီး sysdm.cpl ရိုက်သွင်းကာ ခေါက်လိုက်ပါ။
(ဒါမှမဟုတ် Program စာရင်းထဲကနေ System Restore ကိုရွေးချယ်ပါ။)
System Protection tab ကိုကလစ်လုပ် (ဒါမှမဟုတ် open System Protection ကိုရွေး)
ပြီး Local Disk (C:) ကို Un-check လုပ်ပေးပါ။ (အဲဒီ option ရဲ့ နာမည်အတိအကျဟာ အမျိုးမျိုးဖြစ်နိုင်ပေမယ့် အဆုံးပိုင်းမှာတော့ “(System)” ဆိုတာ ပါရှိနေနိုင်ပါတယ်။
အဲဒီ Option ပေါ်ထွက်လာဖို့စက္ကန့်အနည်းငယ် စောင့်ဆိုင်းဖို့ လိုပါမယ်။)
System Protection pop-up ထဲက Turn System Restore Off ကိုရွေးချယ်ပြီး
Apply ကိုကလစ်ပါ။ Local Disk (C:) ကို check ပြန်လုပ်ပြီး OK ကိုကလစ်လုပ်ပါ။
အဆင်ပြေကြပါစေဗျာ

မိမိကွန်ပျူတာကိုလွယ်လွယ်ကူကူHack မခံရလေ အောင် ကာကွယ်ခြင်း

Run box မှာ compmgmt.msc လို့ရိုက်ထည့်ပြီးတော့
computer management (local)/system tools
/share folders/shares ကို သွားကြည့်လိုက်ပါ ညာဘက် box ထဲမှ
file များနောက် မှာ $ ပါနေလား
ကြည့်ပါ .. $ နေတယ်ဆိုတယ် သေချာပါပြီ…. သင့် ကွန်ပျုတာကို
ဟပ်မယ်ဆိုရင် အလွယ်တစ်ကူ
ဟပ်နိုင်နေပါတယ် ..ဘယ်လို ဟပ်မှာလဲဆိုတော့

run box မှာ
\\13.0.3.122\E$ ဒိလိုမျိုးရိုက်ခေါ်ပြီးတော့ အလွယ်တစ်ကူ ဟပ်သွားနိုင်ပါတယ်
် ဒီ default share ($)
တွေကို ဘယ်လို ဖြုတ်ရ
မလဲဆိုတော့
1. Start – Run – regedit … HKEY_LOCAL_MACHIE\
SYSTEM\CurrentControlSet\Services\
Lanmanserver\Parameters ကို Click ပါ။

2. ညာဘက်ရှိ Box ထဲတွင် AutoShareWks file ကို ရှာပါ။
မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD value
ကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။

3. AutoShareWks file အား Double Click ပါ။
Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares
တွေကို Close တာ 1 ( one ) ဆို Default Shares တွေကို Open တာ၊
0 (zero ) ပေးပြီး OK ပေးပါ။

4. Restart ပေးပြီး Windows ပြန်တက်သောအခါ
Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မည်။



အဆင်ပြေကြပါစေ

floder တွေကိုဖွင့်ရင်၊ မြန်ဆန်အောင်

1. အရင်ဆုံး Click Start ပြီးတော့ click Run (Window + R)

2.Run Box ထဲမှာ Regedit ရိုက်လိုက်ပါ။ ပြီးတော့ click OK.

3. ပြီးတော့ ဒီအတိုင်းလေးဆက်သွားလိုက်ပါ။
HKEY_CURRENT_USER\Control Panel\Desktop folder.

4. Desktop နေရာမှာ MenuShowDelay file. ကိုရှာလိုက်ပါ။ဖွင့်လိုက်ပါ။
ပြီးတော့တန်ဖိုးကို ပြင်ပါမယ်။

5. သူရဲ့တန်ဖိုးက စက်တစ်လုံးနဲ့တစ်လုံးမတူပါဘူး။ ၄၀၀ ၊ ၁၀၀ ဖြစ်နေတတ်ပါတယ်။
1 လို့ရိုက်ထည့်ပေးပြီး Click OK. နဲ့ ထွက်လိုက်ပါ။

ပြီးရင်စက်ကို restart လုပ်လိုက်ပါသင်ကျေနပ်နေပါလိမ့်မယ်


shareby =====myanmarfamily



Sunday, June 7, 2009

Registry ဆိုတဲ့အရာ

ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊
User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။
Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat
ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့
Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder
မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို
ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry
ကို Editor နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text Editor
တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို
Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င် Setting လုပ်တာ ဖြစ်ပါတယ်
။ Registry မှာ

အဓိကအုပ်စု(၆)စု ရှိပါတယ်။
၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၎။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA


HKEY-CLASSES-ROOT


သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။
Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။


HKEY-CURRENT-USER

ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။
အဲဒီ User တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ Perference တွေကို
HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့
Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။


HKEY-LOCAL-MACHINE

သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ
အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့
အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။


HKEY-USERS

အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့
အကြောင်းအရာကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့
Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက
တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values
တွေကို သိမ်းထားပါတယ်။


HKEY-CURRENT-CONFIG

ဒီကောင်ကplug&playကိုကိုင်တွယ်ထားပြီးကွန်ပြူတာတစ်လုံးရဲ့current
configuration တွေအကြောင်းအကုန်ပါဝင်နေပါတယ်။ ဥပမာ -docking
station တစ်ခုရဲ့ setting တွေပေါ့။ ဒီ key ဟာHKEY_LOCAL_MACHINE\Config key
တွေရဲ့ configuration keyပေါင်းမြောက်များစွာထဲက pointer လေးတစ်ခုပါ။
configuration key
(ဥပမာ -0001) ထဲမှာချိတ်ဆက်ထားတဲ့ hardware တွေရဲ့currentconfiguration
အကြောင်းတွေပါဝင်ပါတယ်။


HKEY-DYN-DATA

သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို
RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System Configuration
တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။
(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ
နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။ အကြောင်းအရာတွေကိုလည်း
ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ
အသုံးများတာပါ။ Windows XP မှာ HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။
Idea ကတော့ တူတူပါပဲ။
ဆက်လက်တင်ပြပါ့မယ်


Thursday, June 4, 2009

Registry ဆိုတာ ကြောက်စရာလား

Registry Editor ကိုသုံးဖို့ရာ Start > Run > regedit
(run box မှာ regedit လို့ထည့်ရိုက်ပါ။) Regedit (Registry Editor)
ကိုဆိုလိုပါတယ်။


၁။ Windows Registry ထဲဝင်ပြီး ဗြောင်းဆန်အောင် မွှေနှောက်ဖို့ရာ ကျွန်တော်တို့မှာ
ကျွန်တော်တို့မှာ စွမ်းအားမရှိပါ။
Registry ဆိုတာ လက်တွေ့ မမြင်နိုင်ပေမယ့် ပျားအုံးကြီး တစ်ခုလို တည်ဆောက်ထားတာပါ။
ပျားတွေကထိတာနဲ့တုပ်ဖို့ အဆင်သင့် ဆိုပါတော့။ Registry ရဲ့ တည်ဆောက်ပုံအခြေခံကိုနား
လည်ထားရင် ထိရဲ၊ ပြင်ရဲမှာပါ။ Registry မှာ အဓိက အစိတ်အပိုင်း နှစ်ခုကတော့
HKEY_LOCAL_MACHINE and HKEY_USERS တို့ဖြစ်ပါတယ်။
HKEY_LOCAL_MACHINE ကတော့ ကွန်ပြူတာမှာ တပ်ဆင်ထားတဲ့ (သို့)
တပ်ဆင်နိုင်တဲ့ စက်ပစ္စည်း အစိတ်အပိုင်းများနဲ့ပတ်သက်တဲ့ အချက်အလက်များကို
ထိန်းချုပ်သိမ်းဆည်းထားတဲ့ စက်ခန်းဖြစ်ပါတယ်။
HKEY_USERS ကတော့ ကွန်ပြူတာ အသုံးပြူသူနဲ့
ပတ်သက်တဲ့
သီးခြား အချက်အလက်များကို သိမ်းဆည်းပါတယ်။
အခြား Key များတွင် အထက်ပါအုပ်စုနှစ်ခုအတွင်း လုပ်ဆောက်ချက်များရှိပါသည်။



၂။ Registry ပြင်မယ်ဆိုရင် Registry ကိုအရင် backup လုပ်ပါ။
Registry တွင် သင်ဝင်ပြင်သမျှ အလိုအလျောက် save လုပ်နေသည်ကို
သတိပြုပါ။ အမှားတွေလုပ်လိုက် တာကိုလည်း save လုပ်လိုက်မှာပါ။ ကိုယ်က
save ခလုတ်ကို နှိပ်စရာမလိုဘဲ save လုပ်နေတယ်ဆိုတော့ ကြံဖန်ပြီး
ကျေးဇူးတင်သင့်ပါတယ်။ ဒါပေမယ့် အမှားတစ်ခုခု လုပ်ပြီးရင် ပြန်ဖြည့်တဲ့ Undo
ခလုတ် သို့မဟုတ် Undo လုပ်ဆောင်ချက် မပါဘူးဆိုရင် ထိတ်လန့်စရာမလိုပါ။
ဆိုလိုရင်းကတော့ Registry ကို backup လုပ်ထားဖို့ပါ။ Backup လုပ်ပုံကတော့
File/Export … ကို click လုပ်ပါ။ Backup (Registration Files(*.reg)
များကို သိမ်းမည့်နေရာကို ရွေးချယ်ပြီး အမည်ပေးပါ။ ထို့နောက် Export range
တွင် All ကို Click လုပ်လိုက်ပါ။ သင်သိမ်းလိုသည့်နေရာတွင် Registration back ဖိုင်
တစ်ဖိုင်ကိုတွေ့ရပါလိမ့်မည်။


၃။ Registry file extension ကိုပြောင်းလဲခြင်းဖြင့် ရှိထားပြီး Settings များကို
မတော်တဆ overwrite ဖြစ်ခြင်းမှ ကာကွယ်ခြင်း
Registry ကိုပြင်ရာတွင် မြန်ဆန်သောနည်းလမ်းတစ်ခုမှာ သင်ပြောင်းလိုသည့် သို့မဟုတ်
ပေါင်းထည့်လို သည့် အချက်အလက်များ အတွင်း Registry key တွင် ပါဝင်သည့်
REG ဖိုင်ကို Double click နှိပ်ခြင်းပင်ဖြစ်သည်။ ၄င်းသည် Registry သို့
new key အဖြစ် အလိုအလျောက် ဖြစ်သွားပါလိမ့်မည်။ အကယ်၍ ရုံးတစ်ရုံးရှိ
အများစု ကိုင်တွယ် အသုံးပြုသည့် ကွန်ပြူတာများတွင် စီမံလိုပါက စက်အားလုံးသို့လည်း
Registry ကိုအမြန်ဆုံး ပြောင်းပေးနိုင်ပါသည်။ Regedit ၏ export file extension
သည် (*.reg) ဖြစ်ပါသည်။ သို့ရာတွင် ၎င်း file extension ကို သင့်အနေနှင့်ပြောင်းနိုင်ပါသည်။
ဤနည်းဖြင့် လက်ရှိ Registry ကိုမတော်တဆ အစားထိုးရေးသားခြင်းမှ ကာကွယ်နိုင်ပါသည်။
Registry ကိုပြင်ဆင်ဖို့ချဉ်းကပ်ရာ မတော်တဆ ဖျက်မိတာမျိုးကို ကာကွယ်ရန်
နောက်နည်းလမ်းတစ်ခုရှိပါ တယ်။ HKEY_CLASSES_ROOT\regfile\shell
ကိုရှာပြီး data တန်ဖိုးကိုပြောင်းခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က My Computer
ကိုဖွင့်ပြီး Tools/Folder Options/File Types ကိုရွေးချယ်ပါ။ ထို့နောက်
REG (Registration Entries) ကို select လုပ် ရွေးပြီး Advanced
ခလုတ်ကို click လုပ်ပါ။ နောက်ထပ် ပေါ်လာတဲ့ box မှာ Edit ကိုရွေးချယ်ပြီး
Set Default ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင်အနေနဲ့ REG file တစ်ဖိုင်ကို
Double click နှိပ်လိုက်တိုင်း Notepad ပွင့်လာပြီး အဲဒီဖိုင်ရဲ့ အချက်အလက်များ
ပြသထားတာတွေ့ပါမယ်။ REG file ကို right click (mouse click)
နှိပ်ပြီး Merge ကို ရွေးချယ်ခြင်းဖြင့် ကွန်ပြူတာရဲ့ Registry ထဲ့သို့အချက်
အလက်များပေါင်းထည့်ပြီး ဖြစ်ပါတယ်။


၎။ ရှာရတာ အဆင်မပြေ၊ ကိုးရိုးကားရား နိုင်လှပါတယ်။
Registry ကိုစုစည်းဖို့ရာ နည်းလမ်းရှိပါတယ်။ ဒါပေမယ့် ရှုပ်ထွေးလှပါတယ်။
ဖိုင်တွေကို တိုက်ရိုက် မထိတွေ့ပေမယ့် သွားပြင်တာမျိုး လည်းဖြစ်တတ်ပါတယ်။
မှန်ကန်တဲ့ key ကိုရှာဖို့ရာ Edit/Find (Ctrl+F) ကိုရွေးချယ်ကြည့်ပါ။



၅။ လုံခြုံစိတ်ချစွာပြောင်းနိုင်တဲ့ Tools တွေလည်း သီးခြား ပေးထားပါတယ်။
ဖိုင်များ လုံခြုံစိတ်ချစေဖို့ နည်းလမ်းများကို အမြဲရှာနေပါသလား။ Control Panel
မှာ Tools တွေအများကြီးဖော်ပြပေးထားပေးပါတယ်။ Window system properties
ရှိ File များကို မထိခိုက်၊ မပျက်စီးစေဘဲ ပြင်နိုင်တဲ့ Tools တွေကို ပေးထားပါတယ်။
တစ်ခုခုအမှားပေါ်တိုင်း Registry ကိုသာပြင်ရမယ်လို့မတွေးဖို့ပါ။ သီးခြား Software
များမှာ Setting တွေကို ပြောင်းတိုင်း Registry မှာပြင်ပေးပါတယ်။ Regedit
ကိုမသုံးဘဲ အဲဒီ Software ရဲ့ Preference မှာပြင်ဆင်နိုင်ပါတယ်။


၆။ Registry back up ကော်ပီတစ်ခုကို ပြင်ပချိတ်ဆက် ပစ္စည်းတစ်ခုခုနဲ့
သိမ်းထားသင့်ပါတယ်။
Registry ထဲသို့ဝင်၍ ပြင်လိုက်စဉ် အမှားနည်းနည်း၊ သေးသေးလေး လုပ်မိသည်ဆိုသည့်တိုင်
windows ကပြန်မတတ်တော့ပါ။ Windows တက်မလာမှတော့ Restore point
ဆိုတာကိုလည်း ဘယ်လိုမှ လုပ်မရတော့ပါ။ Hard Disk ပဲ လုံးဝပျက်သလိုလို ထင်မိမှာပါ။
ဒီလို အခက်အမျိုးမှာ CD, external hard drive လိုပြင်ပ ချိတ်ဆက်တဲ့ ပစ္စည်းကို
ပြန်သုံးပြီး hard disk ကိုစစ်နိုင်သလို Restore လည်းလုပ်နိုင်ပါတယ်။
Registry backup တွေကိုပြင်ပ ချိတ်ဆက် ပစ္စည်းတစ်ခုခုနဲ့ သိမ်းခြင်းဖြင့်
ကွန်ပြူတာကို ပြန်ကယ်တင်နိုင်ပါတယ်။


၇။ Registry မှာတစ်ခုခုမှားနေပြီဆိုတာကိုသိတာနဲ့ Restore လုပ်ဖို့နည်းလမ်းတွေ
အများကြီးပါ။
System Restore point ကိုပြန်လည် ဖော်ဆောင်ခြင်းဖြင့် Registry ရဲ့
စောစောပိုင်း အနေအထားကို ရနိုင်ပါတယ်။ သို့ဖြစ်၍ သင့်အနေနဲ့ System restore
လုပ်ရသည်ကို အလုပ်ရှုပ်တယ်လို့ မတွေးဘဲ မှတ်မှတ်ရရ ပြုလုပ်ထား သင့်ပါတယ်။
Registry ကို ပြင်ဖို့အကြောင်းပေါ်ပေါက်တာနဲ့ restore point ကိုသတ်မှတ်ပါ။
ပြီးမှ Registry ကိုပြင်ပါ။


၈။ Regedit နဲ့ပြင်လိုက်ရုံနဲ့ အမှားတွေမရှိတော့ဘူးလို့မထင်ပါနဲ့။
ဖိုင်တစ်ဖိုင်ကို မတော်တဆ ထိမိ၊ ပြင်မိလို့ ရုတ်တရက် အမှားတွေ ပေါ်လာတာတွေ၊
ဘာလုပ်မိမှန်း မသိလိုက်ဘဲ အမှားပေါ်လာတာတွေအတွက် Registry ကိုပြင်ရုံနဲ့ ပြီးမသွားပါ။
ကိုယ်တိုင် မပြင်ဘဲ Registry Cleaners လို သီးခြား Software သုံးပြီးပြင်ရ
မျိုးလည်း ရှိပါတယ်။ Registry Cleaners software များစွာရှိလို့ မည်သည့်
software ကပိုကောင်းပါမယ်ဆိုတာ လေ့လာထားသင့်ပါတယ်။


၉။ လုပ်ငန်းစဉ်တွေမှာ မရည်ရွယ်ဘဲ ဖြစ်နေကျအတိုင်း ဖြစ်နေတာတွေ အများကြီးပါ။
ကွန်ပြူတာကို စသုံးကတည်းက အဆင်မပြေတာတွေ၊ မသိတာတွေများနေလို့ဟန်မကျ
ဖြစ်နေတယ်လို့ ထင်ပါတယ်။ အများအားဖြင့် Registry ထဲဝင်ပြီး Registry keys
များကို ပြင်ကြပါတယ်။ အဲဒီလို ပြင်ကာမှ ပိုကောင်းမလာဘဲ ပိုဆိုးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
Error Message ပေါ်ရင်သေချာစွာဖတ်ပြီး Registry မှာပြင်သင့်တာလား၊
Control Panel ထဲဝင်ပြီး ပြင်ရမှာလား၊ windows CD ပြန်တင်ရမှာ ဆိုသည်
ကိုဆုံးဖြတ်ရပါမယ်။


၁၀။ Offline Backup ကိုလည်း ပုံမှန်လုပ်ထားသင့်ပါတယ်။
Window backup သည် system ၏ အရေးကြီးသော Setting များကိုရွေးပြီး
သိမ်းပေးတာပါ။ ၎င်းတွင် registry, boot files များနဲ့ အခြားအရေးပါတဲ့
စနစ်ဖိုင်များပါဝင်ပါတယ်။ ထိုသို့ backup လုပ်ဖို့ရာ Tools/Backup Wizard/Next
ကိုဆက်နှိပ်ပြီး Only back up the System State data ကို ရွေးချယ်လိုက်ပါ။


၁၁။ Windows version အမျိုးမျိုးတွင် registry များထပ်တူထပ်မျှ မတူကြပါ။
ကိုယ်သုံးနေတဲ့ Windows version ကဘာဆိုတာရယ်၊ registry မတူပုံရယ်တို့ကို
ရှာဖွေလေ့လာပါ။
Windows System တိုင်းမှာ Registry လုပ်ငန်းစဉ်ပါရှိပါတယ်။ ၎င်းတို့သည် version
မတူတာနှင့်အမျှ အနည်းငယ်စီ ခြားနားကြပါတယ်။ သို့ဖြစ်၍ registry သို့ဝင်ပြီး
ဖြေရှင်းရတဲ့ အကြောင်းအရာတွေမှာ ရေးထားတာနဲ့ မတူတာမျိုးတွေ ဖြစ်ဘူးကြမှာပါ။
ဒီတော့ ကိုယ်အသုံးပြုတဲ့ version ကဘယ်လောက်လည်းဆိုတာကို သိထားဖို့ လိုပါတယ်။
နောက်ပြီးတော့ Registry ဘယ်လိုမတူတတ်ပုံကိုလည်းအကြမ်းသဘောသိထားဖို့လိုအပ်ပါတယ်။


၁၂။ Registry မှာပြင်ချင်တာပြင်နိုင်တယ်။ ဒါပေမယ့် သတိတော့ထားရပါမယ်။
Registry ထဲဝင်ပြီး ပြင်လို့ရအောင် Window system ကခွင့်ပြုပြီးသားပါ။
ဒါပေမယ့် စာလုံးတစ်လုံး လွဲမှားတာနဲ့ window system ကိုထိခိုက်စေနိုင်ပါတယ်။
Backup Drive လုပ်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ကွန်ပြူတာမှာ
tweaks လို့ခေါ်တဲ့ ပြင်ဆင်ချိန်ညှိထားရင်လည်းကောင်းပါတယ်။
DOUBLE-PLANE VIEW : ၎င်းသည် Windows Explorer ကိုဖွင့်ရင်မြင်ကွင်းရဲ့
ဘယ်ဘက်မှာ Folders bar ကိုပြပေးထားပါတယ်။ ထိုသို့ပြသပေးထားရန်
HKEY_CLASSES_ROOT\Folder\shell\open\ddeexec ကိုအဆင့်ဆင့်ဖွင့်ပါ။
နောက်ညာဘက်မြင်ကွင်းထဲက Default ကို mouse click လုပ်ပြီး data ရဲ့
ViewFolder (“%1”,%1,%S) တန်ဖိုးကို explorefolder(“%1”,%1,%S)
သို့ပြောင်းပေးပါ။ နောက်တစ်ချက်က Open With (prompt) ကိုလမ်းလွှဲပေးထားဖို့ဖြစ်ပါ
တယ်။ သင်အနေနဲ့ ဘာမှန်းမသိတဲ့ ဖိုင်တစ်ဖိုင်ကိုဖွင့်ဖို့ကြိုးစားရာမှာ မန္တရာယ်များပါတယ်။
သို့ဖြစ်၍ Open With နဲ့ဖွင့်တာပိုကောင်းပါတယ်။ Window XP က file ကိုဖွင့်ဖို့
ဘယ်လို Program ကို ရှာချင်တာလည်းဆိုတာကို မေးပါတယ်။ ၎င်းအတွက်
HKEY_CLASSES_USER\Software\Microsoft\Windows\CurrentVersion\Explorer
သို့အဆင့်ဆင့်ဖွင်ပါ။ Explore ကို right click နှိပါပြီးပေါ်လာတဲ့ pop-up menu
ကနေ New > DWORD Value ကိုရွေးချယ်ပါ။ Value name အသစ်တစ်ခုပေါ်လာ ပါမယ်။
၎င်းတွင် InternetOpenWith လို့အမည်ပေးလိုက်ပါ။
Windows Registry ကို အသုံးချရန် နည်းလမ်းများ
ဒီအပိုင်းမှာတော့ Windows User များအတွက် အလွယ်တကူ ပြုလုပ်ဖြေရှင်းနိုင်မယ့်
အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Auto End to No Responding Programs

မိတ်ဆွေတို့အနေနဲ့ Loading အရမ်းကြာတဲ့ Program တွေကို ဖွင့်မိရင်ဘဲဖြစ်ဖြစ်၊
စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဘဲဖြစ်ဖြစ်၊ Program တွေ အလုပ်မလုပ်နိုင်ဘဲ
No Responding ဆိုပြီး ပြနေတာကို တွေ့ဖူးကြမှာပါ။ အဲဒီလို No Responding
ဖြစ်နေတဲ့ Program တွေကို Ctrl + Alt + Del သုံးပြီး ပိတ်စရာမလိုဘဲ
မိမိ PC က Auto End လုပ်ပေးမယ့် နည်းတစ်ခုကို ပြောပြချင်ပါတယ်။ အကယ်၍
သုံးချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အတိုင်း Step by Step လိုက်လုပ်ပေးရုံပါပဲ။
၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။
၂။ Registry Editor ပေါ်လာတဲ့အခါမှာ
HKey_Current_User\Control Panel\Desktop ကို သွားပါ။
၃။ ညာဘက် Task Pane ထဲက ဖိုင်တွေထဲမှာ AutoEndTask ဖိုင်ကိုရှာပါ။
တွေ့ရင် Double Click လုပ်ပါ။ Box ပေါ်လာတဲ့အခါ Value
မှာ 1 ထားပြီး OK ကို Click လုပ်ပါ။
၎။ PC ကို Restart ပြန်လုပ်ပါ။
ဒါဆိုရင်တော့ ကိုယ် Run လိုက်တဲ့ Program တစ်ခုခုမှာ No Responding
ဖြစ်နေရင် Windows Retistry က Auto End လုပ်ပေးပါလိမ့်မယ်။
၂။ Prevent Copying Data from your Hard Disk
မိတ်ဆွေတို့ရဲ့ Computer ထဲက Data တွေကို ခွင့်ပြုချက်မရှိဘဲ အလွယ်ကူဆုံးနဲ့
အလျင်မြန်ဆုံးကူးနိုင်တဲ့ နည်းကတော့ USB Drives တွေနဲ့ ကူးယူတာပါပဲ။
မိတ်ဆွေ တစ်နေ့လုံး၊ တစ်ပတ်လုံး၊ တစ်လလုံး၊ တစ်နှစ်လုံး ကြိုးစားလုပ်ကိုင်
သိမ်းဆည်းထားတဲ့ ဖိုင်တွေဟာ ခဏလေး(စက္ကန့်ပိုင်းအတွင်း)နဲ့ သူများလက်ထဲ
ရောက်သွားနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေကနေ ကာကွယ်ဖို့အတွက်
Windows XP SP2 မှာ ကာကွယ်နည်းတွေ အဆင်သင့်ပါပြီးသားပါ။
Windows Registry ထဲမှာ ဝင်ပြင်လိုက်ရုံပါပဲ။



မိတ်ဆွေတို့အနေနဲ့ ကိုယ့်အတွက် အသုံးကျနိုင်လို့ ဝင်ပြင်ထားချင်တယ်
ဆိုရင်တော့ အောက်မှာ
ဖော်ပြထားတဲ့အတိုင်း Step by Step လိုက်လုပ်ပေးရုံပါပဲ။
၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။
၂။ Registry Editor ပေါ်လာတဲ့အခါမှာ
HKey_Local_Machine\System\Current_Control_Set\Control
ကို သွားပါ။
၃။ ညာဘက် Task Pane ထဲမှာ Right Click နှိပ်ပြီး Key အသစ်ကိုခေါ်ပါ။
အဲဒီမှာ StorageDevicePolicies လို့ရိုက်ပြီး နာမည်ပေးပါ။
၎။ StorageDevicePolicies ဆိုတဲ့ နာမည်နဲ့ ဘယ်ဘက်မှာ
Folder ပုံစံပေါ်လာပါလိမ့်မယ်။
၅။ အဲဒီလို ပေါ်လာပြီဆိုရင်တော့ ညာဘက် Task Pane ထဲမှာ DWORD
ကို Create လုပ်ပါ။ အဲဒီမှာ WriteProtect လို့ရိုက်ပြီး နာမည်ပေးပါ။
၆။ အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ
Double Click လုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။
(မှတ်ချက် - အမည်ပေးရာမှာ စာလုံးတစ်လုံးနဲ့ တစ်လုံး Space မခြားဘဲ
ဖော်ပြထားတဲ့အတိုင်း အတိအကျ ရေးပေးရန် အထူးသတိပြုပါ။)
၇။ အားလုံးပြီးသွားရင်တော့ PC ကို Restart ပြန်လုပ်ပါ။
အဲဒီနောက် စက်ပြန်တက်လာတဲ့အခါမှာတော့ USB Drive နဲ့ မိတ်ဆွေတို့ရဲ့
စက်ထဲက Data တွေ၊ File တွေကို လုံးဝကူးယူလို့ မရတော့တာကို တွေ့ရပါလိမ့်မယ်။
၃။ To Clear Hidden Files and Folders
Computer ထဲမှာရှိတဲ့ Hidden Files and Folders တွေကို
Windows ရဲ့ Folder Option ကိုသုံးပြီး ကြည့်နိုင်တယ်ဆိုတာကိုတော့
မိတ်ဆွေတို့အနေနဲ့ သိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ
Folder Option နဲ့ ကြည့်လို့မရတဲ့ ဖိုင်မျိုးတွေလည်း ရှိတတ်ပါတယ်။
အဲဒီအခါမှာ Registry ထဲဝင်ပြင်မယ်ဆိုရင် Virus လို ဖိုင်မျိုးတွေကို
အလွယ်တကူ မြင်တွေ့နိုင်၊ ရှင်းထုတ်ပစ်နိုင်ပါလိမ့်မယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်း
အတိအကျ လိုင်လုပ်ပေးရုံပါပဲ။
၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။
၂။ HKey_Local_Machine\Software\Microsoft\
Windows\Current Version\Explorer\Advanced\Folder\Hidden\SHOWALL
အထိ သွားပါ။
၃။ ညာဘက် Task Pane ထဲမှာ Right Click လုပ်ပြီး New DWORD ဖိုင်တစ်ခုကို ပြုလုပ်ပါ။
အဲဒီမှာ CheckValue လို့ရိုက်ပြီး နာမည်ပေးပါ။
၎။ အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ
Double Click လုပ်ပါ။ Value Data အတွက် 1 လို့ ရိုက်ပေးပါ။
၅။ Windows Folder Option ထဲက Show hidden files and folders
ကို Click လုပ်ကြည့်ပါ။ မိတ်ဆွေတို့ရဲ့ စက်ထဲမှာရှိနေတဲ့ Spyware တွေ၊ Trojan
တွေကို တွေ့ရပါလိမ့်မယ်။
မိတ်ဆွေတို့အတွက် အကျိုးရှိမယ်ထင်လို့ အလုပ်တစ်ဖက်နဲ့ အချိန်မရတဲ့ကြားက
အချိန်လုပြီးရေးရတာဖြစ်လို့ တစ်ကြိမ်တည်းနဲ့ အပြည့်အစုံ မဖော်ပြပေးနိုင်တာကိုတော့
နားလည်ပေးနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အချိန်ရရင် ရသလို Registry နဲ့
ပတ်သက်လို့ ဆက်လက်ရေးသားပေးပါဦးမယ်။
အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ။







share by =======ကိုကျော်သူလင်း


Wednesday, May 27, 2009

Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက်

Window Vista တွင် internet ကို မြန်ဆန်စွာ အသုံးနိုင်ရန်အတွက် အောက်က နည်းကလေးက အထောက် အကူပြုနိုင်ပါလိမ့်မယ်
1.Start Menu>In the white lin (Start Search) area, Type regedit and Press Enter
2. UAC prompt ပေါ်လာလျှင် Continue ကိုရွေးပေးပါ။
3. HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings ကိုသွားပါ။
4. ညာဘက်ခြမ်းတွင် New ကိုရွေးပါ။ DWORD (32-bit) Value ကိုရွေးပေးပါ။
5. MaxConnec tionsPer1 _0Server ရိုက် Enter ခေါက်ပါ။ ၄င်း စာသားပေါ်တွင် Modify ကိုရွေးပေးပါ။
6. တန်ဖိုးကို 10 ပြောင်းပေးပါ။ OK နှိပ်ထွက်ပါ။
ပြီးရင်စက်ကို restart လုပ်ပြီးဝင်းဒိုးပြန်တက်လာပါက internet အသုံးပြုရာတွင်မြန်ဆန်လာတာကို
တွေ့ ရပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ



Saturday, April 18, 2009

Windows Registery ကို backup ပြုလုပ်ခြင်း

ဒီအပိုင်းမှာကတော့ Registery ကို ပြုပြင်တာတွေ ဖြစ်လို့ ပထမဦးစွာအနေနဲ့ Windows ရဲ့ Registery
ကို Backup လုပ်ထားစေချင်ပါတယ်။ Registery ဟာ Windows ရဲ့ ဦးနှောက် ဖြစ်တာကြောင့် တစ်စုံတစ်ခု
ပျက်စီး ချို့ယွင်းသွားခဲ့ရင် Windows မတက်တဲ့ အထိ ပြသနာရှာတတ်ပါတယ်။
ကဲ အခု Windows မှာ အသင့်ပါလာတဲ့ Backup or Restore Wizard ကို
အသုံးပြုပြီး Registery ကို backup & restore လုပ်ရအောင်..............

Start Menu> Run (Run ထဲမှာ

ntbackup လို့ရိုက်ထည့်ပေးပါ)
Backup & Restore Wizard Dialogbox ကျလာပါလိမ့်မယ်...... အဲ့ဒီ Welcome Page
ပေါ်မှာ ရှိတဲ့ Advance Mode ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ရင် Backup Utility Box
ထပ်ကျလာပါမယ်။ အဲ့ဒီအထဲကမှ Backup Tab ကိုရွေးလိုက်ပြီးရင် ဘယ်ဘက် ခြမ်းရှိ My Computer
အောက်က System State Checkbox ကို အမှန်ခြစ်ကလေး ခြစ်ပြီး အောက်ဆုံးက
Backup Media or File Name box မှာ Backup လုပ်မယ့် ဖိုင်ကို သိမ်းမယ့် နေရာနဲ့
ဖိုင် အမည်ပေးနိုင်ဖို့အတွက် Browse ကိုနှိပ်ပါ။ Save as Dialog box ကျလာတဲ့အခါ
Backup ဖိုင်ကို မိမိ သိမ်းလိုတဲ့ နေရာ(Folder) ကို ရွေး၊ အမည်ပေးပြီးတော့ Save လုပ်ပါ။
နောက်ပြီးတော့ Start Backup ခလုပ်ကို နှိပ်လိုက်ရင် Backup Job Information Dialogbox
ကျလာပြီး Start Backup ကိုထပ်နှိပ်ပေးလိုက်ပါ။ Backup လုပ်ပြီးသွားတဲ့အခါမှာတော့
"The Backup is complete" ဆိုတဲ့စာသားပေါ်လာမှာဖြစ်ပြီးတော့ Progress Box
ကိုပိတ်ဖို့အတွက် Close ကိုနှိပ်ပါ။ ပြီးရင် Backup Utility Box ကို ထပ်ပိတ်ပါ။
ဒါဆိုရင် Registery တစ်ခုလုံးကို Backup လုပ်တဲ့ အဆင့်ပြီးဆုံးသွားပါပြီ။

Registery ကို ပြုပြင်တာ(လက်ဆော့တာ)ပြီးဆုံးသွားလို့ နဂိုအတိုင်းပြန်ဖြစ်ချင်တယ်ဆိုရင်တော့
Backup လုပ်ထားတဲ့ File ကို ပြန်ပြီး Restore လုပ်ပေးရပါတယ်။ Restore လုပ်ချင်ရင်တော့
ခဏက Backup လုပ်ထားတဲ့ file ကို double click နှိပ်ပေးလိုက်ပါ။
Backup & Restore Wizard Dialogbox ကျလာပါလိမ့်မယ်...... အဲ့ဒီ
Welcome Page ပေါ်မှာ ရှိတဲ့ Advance Mode ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ရင်
Backup Utility Box ထပ်ကျလာပါမယ်။ အဲ့ဒီအထဲကမှ Restore and Menage Media Tab
ကိုရွေးလိုက်ပါ။ ညာဖက်မှာ file ကိုဖြန့်ချထားပြီး System State ကို အမှန်ခြစ်ထားတာ တွေ့ရမှာပါ။
Backup ဖိုင်ကို မူလနေရာမှာပဲ ပြန်ပြီး Restore လုပ်မှာမို့လို့ Start Restore ကိုနှိပ်ပေးပါ။
မူလရှိပြီးသားကို ဖျက်ပြီးရေး မယ်လို့ သတိပေးတဲ့ Warning Box ကျလာမှာဖြစ်ပြီး OK ကိုနှိပ်လိုက်ရင်
Confirm Box ကျလာမှာဖြစ်ပါတယ်။ (တော်တော် အမေးအမြန်းထူတယ်နော်.............)
Ok ကိုပဲထပ်နှိပ်လိုက်ပါ။ Restore Progress Box ထပ်ကျလာပြီး Restore လုပ်ပါလိမ့်မယ်။
ပြီးသွားရင်တော့ "The restore is complete" ဆိုတဲ့စာတန်းပေါ်လာရင် close ကိုသာနှိပ်လိုက်ပါ
။ တစ်ချို့ setting တွေဟာ restart ချမှ ပြည့်စုံမှာမို့လို့ Restart ချမလားလို့မေးတဲ့
dialog box ကျလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ Yes ကိုနှိပ်ပေးလိုက်ပါ။
Windows Restart ကျသွားပြီးတော့ နဂိုမူလအတိုင်း (မပြင်ဆင်ချိန်က အခြေအနေမျိုး)
ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။

အခြားအခြားသော Registery Software တွေအသုံးပြုပြီး Backup & Restroe
လုပ်လို့လည်းရပါတယ်။ ဥပမာ- CCleaner, Power, Blue စသည်ဖြင့်ပေါ့...................

အဆင်ပြေကြပါစေဗျာ




share by ===== MZ

Thursday, April 16, 2009

File များကို Recycle Bin သို့မပို့စေဘဲနှင့် ချက်ချင်းဖျက်ပစ်ချင်ရင်

File များကို Recycle Bin သို့မပို့စေဘဲနှင့် ချက်ချင်းဖျက်ပစ်နိုင်ပါတယ်။
Start menu ကိုသွားပါ။ Run ကိုရွေးချယ်ပြီး gpedit.msc ဟူ၍ရိုက်ပါ။
ပြီးလျှင် User Configuration, Administrative Templates,
Windows Components, Windows Explorer ကိုရှာဖွေပြီးလျှင်
Do not move deleted files to the Recycle Bin setting
ကို ပြောင်းလဲရွေးချယ်လိုက်ပါ။ gpedit.msc ဟုရွေးချယ်ပြီးသောအခါ တက်လာမည့်
အခြားသော system options ဆိုင်ရာ အချက်အလက်တွေကို
ကျွမ်းကျင်သူတစ်ဥိးမဟုတ်ဘဲ ပြောင်းလဲခြင်းဖြင့် သင့်၏ ကွန်ပျူတာ
ရပ်တန့်သွားစေနိုင်တာကိုတော့ သတိထားစေလိုပါတယ်။
အဆင်ပြေကြပါစေ



Tuesday, April 7, 2009

Run ဘောက်စ် ခေါ်မရတော့ရင်

Run ဘောက်စ် ခေါ်လို့ မရတော့ရင်ဖြင့်my computer ကိုဖွင့် address bar မှာ C:\WINDOWS\system32\gpedit.msc လိုရိုက်ပြီး Enter ခေါက်၊
Group Policy ဘောက်စ်ပေါ်လာလိမ့်မယ်။
User configuration => Administrative Templates => Start Menu and Task Bar ဆိုတာပေါ်မှာ select မှက်လိုက်။
ညာဘက်ခြမ်းမှာ Remove Run Menu from Start Menu ဆိုတဲ့
ဆိုတဲ့ စာကြောင်းပေါ်မှာ ကလစ်နှစ်ချက်နှိပ်။
Disabled ဆိုတာကို ရွေးပြီး Apply , Ok ပေါ့။
ဒါဆိုရင်တော့ Run လေးပေါ်လာပါလိမ့်မယ်။



အဆင်ပြေကြပါစေ

Wednesday, March 18, 2009

Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောကြည့်မယ်

Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ ရိုက်ထည့်ပြီး OK လို.ပြောရမှာနော်။

၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။
၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok
လို.ပြော။ အဲဒါက
control panel ထဲကိုသွားတာ။
၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box
၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို
၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ
၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။
Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။
၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။
၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။
၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.
၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။
၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။
၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။
၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်

ထပ်ရေးပါဦးမယ်

Windows Registry manual backup

Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့်
လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။
Backup လုပ်ဖို့ အတွက် Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။

Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။

Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။

အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

registry ထဲ ၀င်မွှေရင်း အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။



အဆင်ပြေကြပါစေ


ကိုမြတ် © 2008. Template by Dicas Blogger.

TOPO