Showing posts with label virus. Show all posts
Showing posts with label virus. Show all posts

Saturday, July 31, 2010

Tera Virus Maker v2.8





ကဲ။
ဒီတစ်ခါတော့ဘာမှရည်ရွှယ်တာမရှိပါဘူး။ဟိုဗိုင်းရပ်စ်ကဘယ်လို။
ဒီဗိုင်းရပ်စ်ကဘယ်လို။လာလာပြီးလုပ်နေကြတဲ့လူတွေကိုစိတ်ညစ်လာလို့ နောက်။
ဗိုင်းရပ်စ်ကိုလက်နဲ့ မရေးနဲ့ ဦးအပေါ်ပုံမှာတွေ့ လားဆော့လ်ဝဲလ်လေးနဲ့ ရေး
လွယ်လွယ်လေးရယ်။
ကိုယ်တိုင်ရေးပြီးရင်သူ့ ကုဒ်ဒင်းတွေပြန်ဖတ်ဗျာပိုနားလည်မယ်ထင်တယ်။
ဒါပေမဲ့ ANTIVIRUS ဆော့လ်ဝဲလ်တော့ပိတ်ပြီးလုပ်ပေါ့နို့ မို့ ဆိုသူကထွက်လာတဲ့အကောင်
သေးတော့အလုပ်တောင်မလုပ်နိုင်ဘူးဂိနေပြီလေအဲ လွတ်သွားတော့လည်း
ဝင်းဒိုးခွေလေးခါးကြားကနေထုတ်ပြီးပြန်တင်ပေါ့နော်။ဂိမ်းဆော့တာထက်
ကောင်းတယ်ဗျ။ကိုယ်တိုင်ဗိုင်းရပ်စ်ရေးလိုက်ပြန်ဖမ်းလိုက်နဲ့ ဘယ်လောက် ပျော်စရာကောင်းမလဲ။အင်းအတော်ကျွှမ်းတယ်အကောင်ကြီးတွေကိုမှ
မွေးချင်တဲ့ဟာလိုချင်ရင်တော့မေးလ်ပို့ ပြီးတောင်းဗျာ။ပို့ ပေးမယ်စိတ်ချ။
ကဲဗိုင်းရပ်စ်ဆရာတို့ ရေဒေါင်းပြီးတော့စမ်းကြည့်ပါဦးနော်။ကျွှန်တော့်
လာလာပြီးမေးနေတာထက်လက်တွေ့ လေးလုပ်ကြည့်ဗျာ။
ကျွှန်တော်တုန်းကတော့အတော်ပျော်ခဲ့သဗျားးးး။

အင်းအထဲကဖလက်ဖိုင်ဂိမ်းလေးကိုလည်းအရင်တော့သွားမဆော့နဲ့ ဦးနော်
သူကနမူနာလားတိဘူး။စမ်းကြည့်ပေါ့

အဆင်ပြေကြပါစေ။

ပတ်စ်ဝပ်လေးခံထားတယ်ဟော့စ်ကဗိုင်းရပ်စဘာညာရစ်နေလို့ 

PS >>>>> komyat





Monday, July 5, 2010

ခုတလောအလွန်ဆိုးနေတဲ့  mgy.exe malware

ကျွှန်တော်တို့ အွန်လိုင်းသုံးတဲ့ သူအတော်များများကိုအခုတလော ပြသနာပေးနေတဲ့
mgy.exe malware အကြောင်းပါ။
သူ့ ရဲ့ တိုက်ခိုက်ပုံကတော့ အရင် .vbs extension နဲ့ ၀င်လာတတ်တဲ့ အကောင်တွေလိုပါဘဲ
အမျိုးအစားက Cloaked Malware အမျိုးအစားဖြစ်ပါတယ်။ PC User တွေကိုတော့
လုံးဝစိတ်ဆင်းရဲအောင် လုပ်တာပါ၊ regedit.exe တို့ ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ exe file extension
အနေနဲ့ တော့ SMSS.exe, DCIM.exe, Recycler.exe,CSRSS.exe, Toprint.exe , VIDEO.exe
ဆိုပြီးအယောင်ဆောင်လိုက်တယ် ပြီးတာနဲ့ PC ကို ပြသနာရှာပါလေရော။ သူ့ ရဲ့ FILE SIZE ကတော့
16417245 bytes ဖြစ်ပါတယ်၊ သူ့ ရဲ့ မွေးရပ်ဇာတိကတော့ Singapore နဲ့ Myanmar နိုင်ငံကလို့
Detection စတင်တွေ့ ရှိတဲ့ Prevx ဆိုတဲ့ anti virus company က ဆိုပါတယ်။
ဒီ malware ကဇန်န၀ါရီ ၂၀ ရက်နေ့ ကမွေးဖွားတာ ဖြစ်ပါတယ်။
သူဝင်လာရင် msconfig လည်း အလုပ်မလုပ်တော့ပါဘူး။
Registry Editor has been disabled by administrator လို့ ပြောပါလိမ့်မယ်။
C:\windows\system32 ထဲမှာလဲ ၀င်နေပါပြီ ။
Antivirus တွေဖြစ်တဲ့ Kaspersky တို့ Norton တို့ Mcafee
, Avira အစရှိတဲ့ Antivirus တွေက Detect လုံးဝ မလုပ်နိုင်ခြင်းမရှိပါဘူးပါဘူး။
ဒီအတွက်ကွန်ပျူတာသုံးတဲ့လူတွေအတော်စိတ်ညစ်နေရပါတယ်။
ဒါပေမဲ့
ဒီ mgy.exe malware ကိုနိုင်နင်းတဲ့ mgy.exe malware Virus Removal Tool ကိုကျွှန်တော်တို့ 
မြန်မာချက်အွန်လိုင်းက Mgy Removal လေးကိုဒေါင်းပြီးဖြေရှင်းနိုင်ပါပြီ ။ Mgy Removalကိုဒေါင်းလိုက်ပါ
ပြီးရင် setup လုပ်လိုက်ပါ ကွန်ပျူတာက mgy.exe malware ဗိုင်းရပ်စ်တွေကိုစတင်ဖယ်ရှားပါလိမ့်မယ်ပြီးရင်
ကွန်ပျူတာ Restart လုပ်ပြီးတဲ့အခါမှာတော့ mgy.exe malware ကိုရှင်းပြီးသားဖြစ်နေပါလိမ့်မယ်။
အဆင်ပြေကြပါစေ။


Mgy Removal ကိုရယူလိုပါက အောက်ကလင့်မှာနှိပ်လိုက်ပါ။


http://www.myanmarchatonline.org/files/mgyVirusRemoval.exe

Saturday, May 15, 2010

Kaspersky Virus Removal Tool 2010 v9.0.0.722




အန်တီဗိုင်းရပ်စ်တွေသတ်ပြီးကြွင်းကျန်ခဲ့တဲ့မိတ်ဆွေတို့ ကွန်ပျူတာ
ထဲကပုန်းကွယ်နေတဲ့ဗိုင်းရပ်စ်တွေကိုအသေးစိတ်လိုက်ရှာပြီး
ဖယ်ရှားပေးတဲ့Virus Removal Toolပါကျွှန်တော်တော့အဲ့ကောင်လေးနဲ့ 
အဆင်ပြေနေတယ်။
မိတ်ဆွေတို့ လည်းအဆင်ပြေကြပါစေ


Size>>>>>68.6 MB






Thursday, February 25, 2010

ကပ်ပါးဗိုင်းရပ်ဆိုတာ

ဒီဗိုင်းရပ်က တော်တော်ဆိုးပါတယ်။ သူက ကွန်ပျူတာထဲမှာရှိတဲ့ program တွေမှာ ကပ်နေတာပါ။ ဒါဟာသူပါလို့ ပြောလို့မရပါဘူး။
program ဖိုင် + ဗိုင်းရပ် = ဗိုင်းရပ်အကူးခံနေရသော program ဖိုင်
သူ့ကို Manually သတ်လို့မရပါဘူး။ ကြည့်ရင်လည်း ဗိုင်းရပ်ဝင်နေတယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး။ တကယ့် Program ဖိုင်ပါပဲ။ ကိုယ်ကလည်း မသိဘဲနဲ့သွားဖွင့်ကြည့်တယ်။ တကယ့် program လည်း run ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်ကတော့ဝင်သွားပါပြီ။
ဥပမာ

 

သူငယ်ချင်းတစ်ယောက်က သင့်ကို Photoshop software ပေးလိုက်တယ်။ အထဲက install လုပ်တဲ့ ဖိုင်ထဲမှာ ဗိုင်းရပ်ပါနေတယ်။ သင့်သူငယ်ချင်းကလည်းမသိဘူး။ သင့်ကလည်းမသိဘူး။ အဲဒီဖိုင်ကို ဖွင့်လိုက်မယ်။ အကုန်လုံးကတော့ပုံမှန်ပါပဲ။ Photoshop ကို install လုပ်တယ်။ ဒါပေမယ့် သင်မသိလိုက်ခင်မှာ ဗိုင်းရပ်က ဝင်သွားပါပြီ။
ဝင်သွားပြီးရင်လည်း ငြိမ်ငြိမ်မနေပါဘူး။ Computer ထဲက တစ်ခြား program တွေဆီအကုန်လိုက်ကပ်ပါတယ်။ အဲဒီ program တွေ ဖွင့်တိုင်း run ပါတယ်။ သင်က မသိဘဲ သင့် computer ထဲက software တစ်ခုခုကို တစ်ခြားတစ်ယောက်ဆီကို ပေးလိုက်တယ်။ အဲဒီလူကလည်း ဖွင့်လိုက်တယ်ဆိုရင် ထပ်ပြီးကူးသွားပြန်ပါပြီ။
တော်တော်ကြောက်ဖို့ကောင်းပါတယ်။
ဖြေရှင်းဖို့ တစ်ခုတည်းနဲ့ အကောင်းဆုံးနည်းကတော့ antivirus ပါပဲ။ Antivirus ဆိုတာ Computer တစ်လုံးမှာ Essential ပါပဲ။ သူက ဗိုင်းရပ်အကူးခံနေရသော program ဖိုင်ကို ပြပေးပါတယ်။ နောက်ပြီး ဗိုင်းရပ်ကိုပဲ ရွေးပြီး ဖျက်ပေးပါတယ်။ (တစ်ခါတစ်လေတော့လည်း program ဖိုင်တစ်ခုလုံးကို ဖျက်ပစ်ပါတယ်။ ဒါကတော့ ဗိုင်းရပ်အမျိုးအစားနဲ့ antivirus ပေါ်မူတည်ပါတယ်။)
antivirus ကို update ပုံမှန်လုပ်ပေးဖို့ဆိုတာလည်း Essential ပါပဲ။ (အခြေအနေအရတော့ ကျွန်တော်လည်း မလုပ်နိုင်ပါဘူး။)
မှတ်ချက်။ ။Essential ဆိုတဲ့အဓိပ္ပါယ်ကိုသိဖို့ ကျွန်တော်အနှစ်နှစ်အလလစုဆောင်းလာခဲ့တဲ့ software တွေနဲ့ ရင်းခဲ့ရပါတယ် :-(
ဒီလိုဗိုင်းရပ်ကိုကာကွယ်ဖို့တစ်ခုတည်းသောနည်းလမ်းက.. .
-antivirus သွင်းထားပါ။ (ဘာကောင်းတယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ အခုလောလောဆယ်တော့ Kaspersky သုံးနေပါတယ်။)
-update မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ။
-ကိုယ်မသင်္ကာတဲ့ exe ဖိုင်တွေဖွင့်မယ်ဆိုရင် antivirus နဲ့ အရင်စစ်သင့်ပါတယ်။



share by ==> mysteryzillion.org

Sunday, September 27, 2009

RECYCLER.EXE ဆိုတဲ့ဗိုင်းရပ်စ်အကြောင်း

Recycler.exe ဗိုင်းရပ်စ်သည်သည် jwgjvsq.vmx လို့အမည်ပေးထားတဲ့
worm-type အမျိုးအစား ဗိုင်းရပ်စ် ဖြစ်ပါတယ်။ အထူးသဖြင့်
USB/portable Drives တို့က ကူးစက်သလို Network
ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်။ ဖိုင်လ်ဒါနဲ့အတူ
autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့်မယ်။
၎င်းဖိုလ်ဒါများကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ။
Recycler ဖိုလ်ဒါကိုထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်။
အဲဒီဖိုင်သည် ဗိုင်းရပ်စ်လား၊ ဘယ်လိုကူးစက်အောင်လုပ်ထားတယ်ဆိုတာ
တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါ။ Anti-virus ဆော့ဖ်ဝဲလ် အများစုက
၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ။ အနီးဆုံးတူတဲ့
ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ
w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA
လို့တွေ့ရပါတယ်


အဲဒီလို ဗိုင်းရပ်စ်မျိုးကူးစက်ထားရင်>>>

@။ကွန်ပျူတာစနစ် နှေးလာပါမယ်

@။Network မှာရှိတဲ့ ကွန်ပျူတာများသိုပ ကူးစက်ပါမယ်။

@။USB များသို့ ကူးစက်ပါမယ်။ USB Port မှာလာတပ်တဲ့

@။USB Drive, Flash Drives, portable external hard drives,
mobile phone, mp3 players စသည်တို့ကိုလည်း ကူးပါလိမ့်မယ်။
ထိခိုက်မှုအနေနဲ့ “Show Hidden Files and Folders”
အလုပ်မလုပ်နိုင်တော့ပါ။
Tools/Folder Options/View (tab) က “Show hidden files and folders”
ကိုရွေးချယ်လိုက်ပေမယ့် ပြန်ထွက်တဲ့အခါ
“Do Not Show Hidden Files and Folders”
ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဗိုင်းရပ်စ်ကူးနေပါပြီ။

@။ကွန်ပျူတာမှာ USB Drive တပ်လိုက်တာနဲ့ ၎င်းသည်
autorun.inf ဖိုင်နဲ့ RECYCLER ဖိုလ်ဒါကို တည်ဆောက်ပါလိမ့်မယ်။
အဲဒီအထဲမှာ jwgkvsq.vmx virus ဖိုင်ပါသွားပါလိမ့်မယ်။

@။အဲဒီအချိန်မှာ network နဲ့ အင်တာနက် ချိတ်ဆက်မှုတွေ ပြုတ်ကုန်တာ၊
သုံးမရတာတွေ့ရပါမယ်။ ထို့အတူ antivirus websites, mircrosoft.com
စသည်တို့ကို ဆက်သွယ်လို့ မရနိုင်တော့ပါ။

@။ကွန်ပျူတာသည် Safe Mode သို့လည်း ၀င်မရတော့ပါ။

@။Safe Mode သို့ဝင်ဖို့ ကြိုးစားတိုင်း ကွန်ပျူတာသည် Restart
ပြန်ဖြစ်နေပါမယ်။ သို့မဟုတ် ပိတ်သွားပါလိမ့်မယ်။



ဘာပဲဖြစ်စေ ဖြေရှင်းမယ့် နည်းလမ်းများကို ရှာကြည့်ရအောင်။>>>

Symantac.com ဆိုက်ဒ်ကနေ “Fix Downadup.exe ” ကိုရယူပါ။
မရရင် BitDefender.com ဆိုက်ဒ်ကနေ anti-Downadup-EN.zip
ကိုရယူပါ။
အသုံးမလိုပေမယ့် Sysinternals ကနေ Process Explorer နဲ့ Autoruns
တို့ကို Download ချရယူထားပါ။
တကယ်လို့ ဖိုင်လ်အချို့ကို ဖျက်မရရင် သုံးရအောင် MoSo Force Delete
ကိုလည်း လိုလိုမယ်မယ် ရယူထားပါ။
လိုအပ်တဲ့ ဆော့ဖ်ဝဲနဲ့ Utility တွေစုမိပြီဆိုရင်
ကွန်ပျူတာမှာ Network ချိတ်ဆက်မှုရှိရင် ၎င်း Network ကနေ
အဆက်ဖြတ်လိုက်ပါ။ Network ကြိုးကို ဖြုတ်ထားပါ။
FixDownadup.exe ကို run ပါ။ ၎င်းသည် ဗိုင်းရပ်စ်များကို ရှင်းထုတ်နိုင်ပါတယ်။
အချိန်အတန်ကြာ Scanning လုပ်ပြီးတာနဲ့ Report ပေါ်လာပါမယ်။
၎င်း Report မှာ W32.Downadup ကိုအောင်မြင်စွာ
ဖယ်ထုတ်ပြီးကြောင်း ဖေါ်ပြပါလိမ့်မယ်။
ထို့အတူ ကွန်ပျူတာကို Restart ပြန်လုပ်ဖို့နဲ့
MS08-067 အတွက် Patch ကို တင်ပေးမယ်လို့ ပြပါမယ်။
ကွန်ပျူတာကို Restart ပြန်လုပ်ပါ။


USB Device မှ ဖယ်ထုတ်ခြင်း>>>

USB Drive ကနေ jwgkvsq.vmx ဗိုင်းရပ်စ်ကို ဖယ်ထုတ်ကြပါမယ်။
ကွန်ပျူတာကို Safe Mode နဲ့ဖွင့်ပါ။ ၎င်းအတွက် F8 ကိုနှိပ်ထားပါ။
ပေါ်လာတဲ့ Menu ကနေ Safe Mode ကိုရွေးချယ်ပါ။
USB Port မှာ USB Device ကိုတပ်ပါ။ Safe Mode မှာ autorun.inf ဖိုင်မပွင့်ပါ။
Tools/Folder Options/View(tab) ကနေ “Show Hidden Files and Folders” ကိုဖွင့်ပါ။
Autorun.inf ဖိုင် သို့မဟုတ် ဖိုလ်ဒါကို Delete လုပ်ဖျက်ပါ။
RECYCLER ဖိုလ်ဒါကိုလည်း ဖျက်ပါ။


RECYCLER ကိုဖျက်ခြင်း>>>

အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER
ဖိုလ်ဒါကို ဖျက်မရပါက
၎င်းကိုအရင် Disable လုပ်ကြည့်ပါမယ်။ Desktop ပေါ်က
Recycle Bin (icon) ကို Right Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ။
၎င်းတွင် “Configure Drives Independently” ကိုရွေးချယ်ပါ။
ထို့နောက် External Drive ရှိရာသို့ ပြောင်းပြီး
“Do not move files to the recycle bin” ကိုရွေးချယ်ပါ။
Apply. OK လုပ်ပါ။
အကယ်၍ Flash Drive ဖြစ်ပါက MoSo Force Delete
ဆော့ဖ်ဝဲကို အသုံးပြုပြီး Delete လုပ်ပါ။


Registry တွင်ပြင်ခြင်း>>>

၎င်းဗိုင်းရပ်စ်သည် Refistry မှာဝင်ပြီး ပြင်ကောင်းပြင်နိုင်ပါတယ်။
Run (box) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor သို့ဝင်ပါ။
Jwgkvsq.vmx ဖိုင်အမည်ကို ရှာပါ။
တွေ့ရင် Right Click လုပ်ပြီး Delete လုပ်ပါ။
တကယ်လို့ သင့်ကွန်ပျူတာမှာ Network ရှိတယ်ဆိုရင်
အခြားဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးကိုလည်း စစ်ဆေးသင့်ပါတယ်။
ဒါမှမဟုတ်ရင် သင့်ကွန်ပျူတာကို ဗိုင်းရပ်စ်ပြန်ကူးဖို့ လွယ်ကူနေပါလိမ့်မယ်။




share by = myanmarfamily.org

Generic Host Process for Win32 Servicesဆိုတဲ့ဗိုင်းရပ်စ်ပြသနာ

ကွန်ပျူတာကိုဖွင့်ပြီး WINDOW တက်တာနဲ့ Generic Host Process for Win32 Services ဆိုပြီး error boxတက်လာပါလိမ့်မယ်ပြီးတာနဲ့ 

၁။ network ပေါ်မှာရှိတဲ့ စက်တွေအားလုံးကို ဆက်သွယ်လို့မရတော့ဘူး

၂။စက်ကတစ်ခါတစ်ခါ ဟန်းမယ်

၃။task bar က အပြာရောင်အစား ဆင်စွယ်ရောင်တွေဖြစ်ကုန်တယ်

၎။network ကို လည်းလှမ်းခေါ်လို့ မရတော့ဘူး

၅။အင်တာနက်ကော်နက်ရှင်နှေးလာမယ်

၆။restart လုပ်ပြီးWINDOWပြန်Restartရင် network ကခဏဘဲ ရတယ်

ဒါဆိုရင်မိတ်ဆွေတို့ ရဲ့စက်ထဲကို

Net Worm Win 32 Kido.ih Win32/Conflicker/Downadup Worm

တွေဝင်နေပြီဖြစ်ပါတယ်သူကကျန်တဲ့အပိုင်းတွေကိုပြသနာသိပ်မရှာပေမဲ့

INTERNETနဲ NETWORKပိုင်းတွေကိုဒုက္ခပေးပါတယ်

processes မှာ ကြည့်ကြည့်ပါ svchost.exe တွေပါထပ်ပွားနေတက်ပါတယ်
XP sp2 တင်ထားတဲ့ စက်တွေမှာအဖြစ်များတတ်ပါတယ်
Networdလမ်းကြောင်းတွေကိုဒုက္ခပေးတက်သလို sound driver
တွေနဲ့လဲ ပြသနာတတ်တတ်ပါတယ်

ဒီပြသနာကို kaspersky 7 ကိုလည်း နေ့ တိုင်း Update လုပ်ပြီး စကန်စစ်တာ
သူက တွေ့ တော့တွေ့ တယ် သတ်လည်းသတ်တယ် ဒါပေမဲ့ ခဏနေရင်း
ပြန်ဝင်လာတာဘဲ ဖြစ်နေတယ်
အဲဒီဗိုက်ရက်စ် ၀င်လာပြီဆိုရင် လည်းစက်လေးလာပြီး network
ကို ဘာမှမသိတော့ဘူး
ping ခေါ်လို့ ရတယ် \\ip နဲ့ ခေါ်ရင် မတွေ့ တော့ဘူး
restart လုပ်ပြန်တက်ရင် network ကရတယ် ခဏဘဲ
ဒီပြသနာတွေကိုအောက်ကလင့်မှာMicrosoftကနေပေးထားတဲ့

Microsoft® Windows® Malicious Software Removal Tool

ကိုဒေါင်းပြီးဖြေရှင်းမှအဆင်ပြေပါလိမ့်မယ်ဗျာ။








share by = myanmarfamily.org






Tuesday, September 15, 2009

NOD32 အမြဲတမ်းစိမ်းနေ ပေမဲ့ update မဖြစ်ရင်

Nod ကို crack လုပ်ထားရင်လဲ သူ့ရဲ့ virus database ကို update
လုပ်ရဦးမှာပါ...crack လုပ်ထားလို့ အမြဲတမ်းစိမ်းနေ ပေမဲ့ update
မဖြစ်ရင် အလကားဖြစ်နေမှာပေါ့ .......အဲ့ဒါကြောင့် အမြဲတမ်း
user name နဲ့ password ကို update လုပ်ပြီါ်ပဲသုံးစေချင်ပါတယ်ခင်ဗျာ....
User name နဲ့ password အမြဲတမ်း update လုပ်ပေးနေတဲ့နေရာ
တော့ရှိတယ်...
www.for-ever.cn/nod32 မှာသွားယူပါခင်ဗျာ...အစိမ်းရောင်ဖြစ်နေတာတွေ
က active ဖြစ်နေပါတယ်......

အဆင်ပြေကြပါစေဗျာ



Wednesday, June 3, 2009

ကျွှန်တော်တွေ့ မိသောဗိုင်းရပ်စ်အကြောင်း

ဗိုင်းရပ်ကို ဆေးပညာလောကတွင် တော့အလွန် ကူးစပ်လွယ်သော ရောဂါပိုးမွားလို့ အဓိပ္ပါယ်ရပါတယ်။
ကွန်ပျူတာမှာတော့ ဗိုင်းရပ် ကဲ့သို့ ကူးစပ်ပြန့်ပွားလွယ်ကူပြီး ဖျက်ဆီးတတ်တဲ့ ကွန်ပျူတာ
ပရိုဂရမ်တစ်မျိုးကို ဗိုင်းရပ်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ဗိုင်းရပ်သည် ကွန်ပျူတာအသုံးပြုသူ၏
ခွင့်ပြုချက်မရှိပဲ သူအလိုအလျှောက် ကော်ပီပွား၍ လျှင်မြန်စွာ ပြန့်ပွားနိုင်တဲ့ အစွမ်းအစရှိပါသည်။
အဓိကအားဖြင့် ကွန်ပျူတာ တစ်လုံးမှ တစ်လုံးသို့ Data အပြန်အလှန်ရယူခြင်းဖြင့်လည်းကောင်း၊
(သို့မဟုတ်) အင်တာနက်ပေါ်မှ တဆင့် Data များရယူခြင်းဖြင့်လည်းကောင်း၊ Data များကို
အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော Floopy Disk, CD/DVD, USB drive စသည့်
Data များကို အထုတ်အသွင်း ပြုလုပ်သော ပစ္စည်းများမှ တဆင့် ကူးစပ်နိုင်ပါသည်။
၁၉၇၀ ခုနှစ်အစောပိုင်းတွင်

“I’M THE CREEPER : CATCH ME IF YOU CAN.” ဆိုပြီး ARPANET ကို detected
လုပ်တဲ့ Creeper virus တစ်ခု စတင်ပေါ်ထွက်ခဲ့ပါသည်။ ဒါပေမဲ့ စတင်ဖန်တီးသူက
နောင်တတရားရစွာဖြင့် အချိန်အနည်းငယ် အတွင်းမှာပင် Creeper virus ကို ပြန်လည်ဖျက်စီးခဲ့သည်ဟု
ခန့်မှန်းရပါသည်။
၁၉၈၂ ခုနှစ်တွင်လည်း Richard Skrenta ဆိုသူက သူ၏ Apple DOS 3.3 operating system
ကို floopy disk မှတဆင့် ဗိုင်းရက်စ် ကူးစပ်စေသောနည်းဖြင့် “Rother J” ဆိုသည့်
ဗိုင်းရက်စ်ကို ရေးသားခဲ့ပါသည်။ ပင်ကိုအားဖြင့် “Rother J” ဗိုင်းရပ်က စနောက်တဲ့ ဗိုင်းရက်စ်
တစ်ခုသာ ဖြစ်ခဲ့ပါသည်။ ပထမဆုံး first PC virus ဖြစ်တဲ့ (c)Brain ကိုတော့ ၁၉၈၆
ခုနှစ်တွင် Farooq Alvi ဆိုသည့် ညီအကိုနှစ်ယောက်မှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဒီလို
သမိုင်းကြောင်းတွေ အရ လေ့လာရမယ်ဆိုရင် ဗိုင်းရပ် ကို အပျော်ဖန်တီးခြင်းကနေ
ဖျက်ဆီးခြင်းဆိုတဲ့ ဘက်ကို ကူးပြောင်းလာတယ်လို့ တွေ့ရပါတယ်။

ဗိုင်းရက်စ် အခြေခံ သဘောတရား

ဗိုင်းရက်စ်တစ်ခု ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်မှသာ ဗိုင်းရပ်
သတ်တဲ့အခါမှာ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်။ ဗိုင်းရပ် ဆိုတာကလည်း
ကွန်ပျူတာ program လေးတစ်ခုဖြစ်တဲ့အတွက် ဗိုင်းရပ် တစ်ခု ဖန်တီးရေးသားတော့မယ်ဆိုရင်
programing အပိုင်းကိုတော့ အနည်းငယ် နားလည် တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။
ထိုပြင် တိုက်ခိုက်မဲ့ (၀ါ) နှောက်ယှက်ချင်တဲ့ OS(operation system)
ကိုလည်း ထည့်သွင်း စဉ်းစားရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် OS တစ်ခုအတွက်
ရေးသားထားသော ဗိုင်းရက်စ်သည် အခြား OS တွင် အလုပ်လုပ်နိုင်ခြင်း(၀ါ) တိုက်ခိုက်နိုင်ခြင်း
မရှိပါ။ ဥပမာ.. ၀င်းဒိုးအတွက် ရေးသားထားသော .vbs (သို့) .exe အမျိုးအစား
virus တစ်ခုကို အခြား OS များဖြစ်သော Linux, Mac အစရှိသည့် OS များပေါ်တွင်
အလုပ်လုပ်မည် မဟုတ်ပါ။ ထိုကြောင့် မိမိ ဗိုင်းရပ် ရေးသားချင်လိုသည့် OS တစ်ခုရဲ့
အခြေခံ တည်ဆောက်ပုံကိုလည်း နားလည်ဖို့ လိုအပ်ပါသည်။
အထူးသဖြင့် Window, Linux , Mac တွင် Window ကို တိုက်ခိုက်ခံရတာ အများဆုံး
ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် window သည် လူသုံးအများဆုံး OS တစ်ခ
ု ဖြစ်သောကြောင့် ဖြစ်ပါသည်။ programmer အများစုသည်လည်း လူသုံးအများဆုံးဖြစ်တဲ့
Window ကိုသာ ဦးတည်တိုက်ခိုက်ကြတာ များပါတယ်။ ၀င်းဒိုးအတွက် ဗိုင်းရပ်
ကို notepad မှသည် Java, C++ ထိ နှစ်သက်ရာ software နဲ့ ရေးသားနိုင်ပါသည်။

ဗိုင်းရပ်က ဘာတွေကို ဖျက်ဆီးတာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ။

အခြေခံအားဖြင့် ကွန်ပျူတာကို သာမန်ထက်ပိုပြီး အလုပ်လုပ်စေမယ်။ memory
ကိုအချိန်ပြည့်ယူထားမယ်။ ကြာလာရင် memory overload ဖြစ်လာမယ်။
စက်ကြီးနှေးလာမယ်။ memory ကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ တစ်ချို့ ဗိုင်းရပ်တွေကြတော့
တဖြည်းဖြည်း များလာပြီး သိမ်းဆည်းထားတဲ့ Data တွေကို ဖျက်ဆီးပစ်မယ်။
တစ်ချို့ဗိုင်းရပ် တွေက ချက်ချင်း မသိသာစေပဲ တဖြည်းဖြည်း တိုက်ခိုက်တတ်သလို၊
တစ်ချို့ဗိုင်းရက်စ်တွေက ကူးစပ်ပြီ ဆိုသည်နှင့် ချက်ချင်း သိသိသာသာ တိုက်ခိုက်တတ်ကြပါသည်။
အများအားဖြင့် ဗိုင်းရက်စ်တွေကို သူတို့ကို လွယ်လင့်တကူ ရှာဖွေ ဖျက်ဆီးနိုင်တဲ့
Task Manager , Folder Option နှင့် register တွေကို ဖျောက်ပစ်တတ်ကြပါတယ်။
တစ်ချို့ဆို commant prompt ကိုပါ ခေါ်မရအောင် ဖျောက်ထားတတ်ကြပါတယ်။
ထိုပြင် ထိုဗိုင်းရပ် အလုပ်လုပ်နေတာကိုလည်း ပိတ်မရအောင် ထည့်သွင်းစဉ်းစား ရေးသားထားတတ်ပါသည်။
ဗိုင်းရပ် တစ်ခုတွင် ပုံမှန်အားဖြင့် ပရိုဂရမ် ၂ ခု ပါရှိတတ်ပြီး တစ်ခုမှာ ဗိုင်းရပ် ပရိုဂရမ်ဖြစ်ပြီး
နောက်တစ်မျိုးမှာ ထို ဗိုင်းရပ်ကို အထောက်အပံ့ပေးသော ပရိုဂရမ် (support) တစ်ခုဖြစ်ပါသည်။
ထိုပရိုဂရမ်နှစ်ခုသည် တစ်ခုနှင့် တစ်ခုလည်း အပြန်အလှန် အထောက်အပံ့ ပေးနိုင်စေရန် စီစဉ်ထားပါသည်။
ထို ပရိုဂရမ်နှစ်ခုသည် အဆင့်ဆင့် ပွားနေပြီး backup လုပ်ထားမယ်။ ဗိုင်းရပ်ဖိုင်ကို ကျွန်တော်တို့
ပိတ်လိုက်တဲ့အချိန်မှာ support ဖိုင်က အခြား ဗိုင်းရပ်ဖိုင်ကို ရှာပြီး ထပ် run မယ်။ support
ဖိုင်ကို ဖျက်လိုက်ရင် ဗိုင်းရပ်ဖိုင်က အခြား support ဖိုင်တစ်ခုကို ပြန်ရှာပြီး ထပ် run ပေးမယ်။
တစ်ခုပိတ်ရင် တစ်ခုက ပြန်ဖွင့်ပေး စသည်ဖြင့် လှည့်ပတ် အလုပ်လုပ်နေ တတ်ပါတယ်။

ဒါလေးတွေကိုလည်း သိထားရန် လိုအပ်ပါသည်။

Windows စစခြင်းမှာ virus တက်လာဖို့အတွက်
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run
မှာ virus ရဲ့ ပတ်လမ်းကြောင်းကို သွားရောက် ထည့်သွင်းထားတတ်ပါသည်။


Folder Option

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\
Policies\ Explorer
မှာ ညာဘက်က DWord Value ဖြစ်တဲ့ NoFolderOptions ဆိုတာလေးထဲမှာ
0 ရှိနေရင်တော့ show ဖြစ်နေမှာဖြစ်ပြီး 1 ဖြစ်နေရင်တော့ Hide ဖြစ်နေမှာပါ။


Registery

HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\
Policies\System မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableRegistryTools
ဆိုတာလေးထဲမှာ 0 ဆိုရင် ဖွင့်ခွင့်ပေးထားပြီး 1 ဆိုရင်တော့ ဖွင့်ခွင့်မရှိတော့ပါဘူး။


Task Manager

HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\
Policies\System မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableTaskMgr မှာ
0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ဖွင့်လို့မရတော့ပါဘူး။

Command Prompt

HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableCMD မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1
ဆိုရင်တော့ ပိတ်လိုက်ပါတယ်။

ဗိုင်းရပ်အကြောင်း ဆွေးနွေးပြောဆိုမယ်ဆိုရင် အန်တီဗိုင်းရပ်ကိုလည်း ချန်လှပ်ထားရန်
မသင့်တော်ပါဘူး။ အန်တီဗိုင်းရပ်တွေကတော့ ဗိုင်းရပ်တွေ အလုပ်လုပ်တတ်တဲ့ပုံစံ
သဘောတရားကို နားလည်သိရှိကာ ပိတ်ဆို့ကာကွယ်တဲ့ program အမျိုးအစား တစ်ခုဖြစ်ပါတယ်။
သာမန် သမရိုးကျ ဗိုင်းရပ်များကို မည်သို့ပင် အမည်ပြောင်းလဲ အလုပ်လုပ်နေပါစေ အန်တီဗိုင်းရပ်က
သိရှိပိတ်ဆို့ သတ်ဖြတ်နိုင်မှာ ဖြစ်ပါသည်။ သို့သော် တမူကွဲပြားသော သမရိုးကျမဟုတ်သည့်
ဗိုင်းရပ်များကိုတော့ အန်တီဗိုင်းရပ်က ကာကွယ် ပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်
အန်တီဗိုင်းရပ် ကုမ္ပဏီ၏ ကျွမ်းကျင်မှု စကေးအပေါ်မူတည်၍ ကာကွယ်သတ်ဖြတ်နည်းကို
အချိန်တိုအတွင်း ဖြေရှင်းတတ်ကြသဖြင့် မိမိတို့ ကွန်ပျူတာတွင် အသုံးပြုထားသော
အန်တီဗိုင်းရပ်ကို အစဉ်အမြဲ Update ပေးခြင်းနည်းဖြင့် ဗိုင်းရပ်များ၏ အန္တရာယ်ကို
ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။




Wednesday, March 18, 2009

ကွန်ပျူတာမှာ Virus အကိုက်ခံထားရခြင်း ရှိမရှိ စစ်ဆေးခြင်း။

Antivirus Software တင်မထားမိလို့ မစိုးရိမ်ပါနဲ့။
Software မရှိဘဲ စစ်တဲ့ နည်းတွေ တော်တော်များများ ရှိပါတယ်။
အရင်ဆုံး စစ်သင့်တာက….
• Tools Menu က Folder Options ပျောက်နေ ပါသလား။
• Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျသွားပါသလား။
• Administrator Account ဖြစ်ရဲ့ သားနဲ့
Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
• Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေပါသလား။
• Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေပါသလား။
• Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။
• Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေပါသလား။
• Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့ ပေါ်နေပါသလား။
• My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ့  နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက် နေပါသလား။)
• Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, New Folder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory Stick မှ မတတ်ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို Format ချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါတယ်။ )
အထက်ပါ အချက်တွေထဲက တစ်ခုခု ခင်ဗျားစက်မှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။


ဆက်လက်ဖေါ်ပြပါမည်


Explorcr ဆိုတဲ့ Virus သတ်နည်း

ပထမဆုံး Autoruns.exe ဆိုတာလေးကို Download ဆွဲချပါ။ ပြီးရင် .zip File ကိုဖြေပြီး C:WINDOWS အောက်ကိုပို့လိုက်ပါ။ ပြီးရင် Window+R နှိပ်လိုက်ရင် Box ပေါ်လာမယ်။ အဲဒီ Box ထဲမှာ autoruns လို့ရိုက်ထည့်လိုက်ရင်

Boxတခုထပ်ပေါ်လာမယ်။အဲဒီ Box ထဲက HKLM/SOFTWARE/Microsoft/Windows/CurrentVersion/Run အောက်က explorcr ဆိုတာ ကို one click ပေးပြီး Delete နဲ့ ဖြတ်လိုက်ပါ။ ပြီးရင်ထွက်လို့ရပါပြီ။

Step 2
Ctr+Alt+Del ကိုနှိပ်ပါ။ ပေါ်လာတဲ့ Box က Processes ကို Click ပါ။ အဲဒီအောက်မှာ explorcr.exe ဆိုတာကို Click ပြီး ညာဘက်အောက်ဆုံးက End Process ကို Click ရင် Box ပေါ်လာမယ် Yes ကိုရွေးလိုက်ပါ။

Step 3
My Computer ထဲဝင်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးဘားတန်း Tools အောက်က Folder Options ကို Click ပါ။
Folder Options Box ပေါ်လာရင် View ကို Click ပါ။ View အောက်က Show hidden files and folders ကို Click ပေးပါ။ သူ့၂ခုကျော်က Hide protected operating system files (Recommened) ဆိုတဲ့ အမှန်ခြစ်ပေးထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်ပါ။

Step 4
သင့် mp3(သို့)mp4 ကိုတတ်ထားပါ။ mp3(သို့)mp4 ထဲဝင်မယ် ဆိုလျှင် Double Click နှိပ်ပြီးမ၀င်ပါနဲ့ Window+E နှိပ်လိုက်ပါ။ My Computer Box ပေါ်လာပါလိမ့်မယ်။ အဲလိုပေါ်လာရင်ဘယ်ဘက် Box က သင့် mp3(သို့)mp4 ကို Click ပေးပြီးဝင်ပါ။ ၀င်ပြီးရင် mp3(သို့)mp4 ထဲမှာ.exe ဆိုပြီ ၂ခုရယ် Autoruns ဆိုတာရယ်ရှိပါမယ်။အဲဒီ ၃ခုကမှိန်နေပါမယ်။ အဲဒီ ၃ခုကိုဖြတ်လိုက်ပါ။
သေချာကြည့်ဖြတ်ပါ သင့်မှုလ Folder ကလည်းမှိန်နေပါတယ်။ အဲဒီ Folder ကို right-click ပေးပြီး properties ထဲဝင်ပါ။ Box တခုတတ်လာပါမယ် Hidden ဆိုတာကို click ပေးထားတာကို ဖြုတ်လိုက်ပြီး OK နှိပ်လိုက်ရင် Box တခုထက်တတ်လာပါမယ်။ Apply changes to this folder only ကို click ပေးပြီး ok နှိပ်ပါ။ပြီးရင်စောစောက Box မှာ ok ထက်နှိပ်ပါ။
Step 5
Window+R နှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ပေါ်လာရင် Ctr+F နှိပ်လိုက်ရင် Box တခုတက်လာပါလိုက်မယ်။ Find What: ဆိုတဲ့နေရာမှာ explorcr လို့ရိုက်ပြီး Find Next ကို Click ပါ။အဲဒီမှာ explorcr virus နေရာယူထားတဲ့နေရာ တွေကိုပြပါလိုက်မယ်။delete လုပ်ပါ။ပြီးရင် F3 နှိပ်ပါ။ explorcr virus နေရာယူထားတဲ့နေရာထပ်ပေါ်လာပါမယ်။အဲလိုပဲ F3 နှိပ်ပြီးမကုန်မချင်း ဖြတ်ပါ။အဲဒါပြီးရင်တော့ပြီးပါပြီ။





ညမီးအိမ်မှ

Wednesday, March 11, 2009

Anti-Virus အလုပ်ကောင်းကောင်း လုပ်မလုပ်

ကိုယ့်ရဲ့ ကွန်ပျုတာမှာတင်ထားတဲ့  Anti-Virus အလုပ်ကောင်းကောင်း
လုပ်မလုပ်ကို စမ်းကြည့်လို့ ရပါတယ်ခင်ဗျာ။ကိုယ့်ကွန်
ပျုတာတင်ထားတဲ့
Anti-Virus မလုပ်ရင် နောက်ဆက်တွဲ ပြသနာတွေရဲ့ ရလာဒ်ကတော့သိပြီး
သားဖြစ်ကြမှာပါခင်ဗျာ။ ကိုယ့်ဆီကနေ ဘာမှမဆုံးရှုံးရအောင် ကိုယ်ကသာ
ကာကွယ်နိုင်မှာပါ။ ဒီလိုစမ်းကြည့်တာ ဘာမှပင်ပန်းတဲ့ အလုပ်မဟုတ်ပါဘူး
ခင်ဗျာ။အလုပ်မလုပ်ဘူးဆိုရင် တခြား Anti-Virus ပြောင်းတင်မယ်ပေါ့ခင်ဗျာ။
စမ်းကြည်ချင်ရင်တော့....

အရင်ဆုံး Notepad ကို ဖွင့်ပြီးတော့ အောက်မှာပေးထားတဲ့ Code လေးကို Copy
လုပ်လိုက်ပါ။

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST
-FILE!$H+H*

File name ကိုတော့ fakevirus.exe လို့ 
ပေးလိုက်ပါခင်ဗျာ။ ပြီးရင် Save လိုက်ပါ။
ကိုယ်တင်ထားတဲ့ Anti-Virus အလုပ်လုပ်တယ်ဆိုရင်တော့အဲဒီ Save လိုက်တဲ File
ချက်ခြင်း ပျက်သွားပါလိမ့်မယ်။
If this file got deleted immediately......
That means ur antivirus is working properly .....
ပျက်မသွားဘူးဆိုရင်တော့ စက်မှာတင်ထားတဲ့ Anti-Virus အလုပ်မလုပ်တာပါ ခင်ဗျာ။
ဒါဆိုရင်တော့ Anti-Virus အသစ်ပြောင်းတင်မလား၊Serial Key ဘဲပြောင်းမလား......
ဆုံးရှုံးမှုများ ကင်းဝေးကြပါစေ။ ။





ကိုမိုးပြေးမှ

Virus ရေးနည်း ဖြေရှင်းနည်း

Virus ကိုဘယ်လိုရေးလဲ မေးပြီးတော့ Virus ကိုဘာနဲ့ ရေးရင် အကောင်းဆုံးလဲတဲ့....
နောက်ပြီး ဘယ်လိုရေးသင့်လဲ....
ဘယ်လို အလုပ်လုပ်ရင် virus က ကြောက်ဖို့ကောင်းလာမလဲ....
အခု အဲဒီအကြောင်းလေး ပြောရတာပေါ့...

အများအားဖြင့်တော့....
Virus က တကယ်တန်းကြတော့ Computer ကို ဖျက်ဖို့....
ဒါပေမယ့် Antivirus တွေက သိကြတယ်...
Virus တွေကိုဘယ်လို သိကြတာလဲဆို...
သူတို့က Virus Sample File
တွေကနေသိကြတယ်...
သူတို့ Antivirus ထဲမှာရှိတဲ့ Sample File တွေထဲက မရှိရင်....
အဲဒီ Virus ကိုမသိတော့ဘူး....

နောက်တစ်ချက်ကျတော့ Antivirus တွေက စစ်ရင် File တစ်ခု ထုတ်လိုက်တယ်...
အဲဒီ File မှာ virus ကူးမကူးကနေ သိကြပါတယ်...

အဲဒါကတော့ antivirus တော်တော်များများ အလုပ်လုပ်ပုံပါ....

Virus က စမယ်ဆိုကတည်းက 1 file ထဲနဲ့ လုပ်လို့မဖြစ်ပါဘူး...
အနည်းဆုံး file 2 file မှ ဖြစ်မှာပါ...
ဘာဖြစ်လို့လည်းဆို...
file 1 file ကို ပိတ်လိုက်ရင် နောက် file တစ် file က အဲဒါက ပြန်ဖွင့်ပေးမလို့ပါ...

ကဲ...
A က တကယ့် virus
B ကတော့ A ကို အကူအညီပေးဖို့ပေါ့...

A ကို run တာနဲ့....
B လည်း run မယ်...
ဒါမှ မဟုတ် B ကို run တာနဲ့
A လည်း run မယ်..

အဲဒီပုံစံပေါ့...
A ကတော့ virus အလုပ်တွေလုပ်မယ်...
B ကတော့ A ရှိမရှိစစ်နေမယ်...
A ကလည်း B ရှိမရှိစစ်မှာပဲ...

user က virus ကိုတွေ့ပြီ Process တွေ ထဲမှာ...
A ကိုအရင် ပိတ်လိုက်မယ်...
ပြီးမှ B ကိုပိတ်မယ်...
အဲလို စဉ်းစားပြီး A ကို ပိတ်လိုက်တာပေါ့...

ဒါပေမယ့် A ကိုပိတ်လိုက်တာနဲ့ B က ချက်ချင်း A ကိုပြန်ခေါ်ဖွင့်တယ်....
အဲမှာ virus သတ်တဲ့ကောင်တွေ စားကုန်ကြရော...
B ကို ပိတ်တော့လည်း A က ပြန်ဖွင့်ပေး...
နှစ်ခုလည်း တပြိုင်တည်း ပိတ်ဖို့ကလည်း မဖြစ်နိုင်ဘူး..
ကဲဒါဆို ဘယ်လိုလုပ်မလဲ....
အခုတလော အဲလို virus တွေ တော်တော်များများ အရေးများလာပါတယ်...

အဲလို virus တွေကို ဖျက်ဖို့ဆိုရင်တော့ ကိုယ့်စက်က hard disk နဲ့မတက်နဲ့...
ဖြုတ်သွားလိုက်.. တခြားစက်မှာ secondary နဲ့ တက်...
A ကော B ပါရှာဖျက်လိုက်... ပြီးပြီ...

virus တွေ windows စစချင်းအလုပ်လုပ်အောင်...
Registery ထဲမှာ
"HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run"
အဲဒီအောက်မှာ File ပတ်လမ်းကြောင်းရေးထားခဲ့မယ်ဆိုရင်တော့
ရေးထားတဲ့ program ကို windows စစတက်ပြီးတာနဲ့ run ပေးမှာပါ...

A ဆိုတဲ့ virus က အဲဒီ registery ဆိုတဲ့နေရာမှာ အချိန်တိုင်း သွားသွားရေးခိုင်းထားပါမယ်...
ဒါဆိုရင် user က msconfig နဲ့ဝင် သွားပြီး windows တက်တက်ခြင်းမှာ မတက်အောင် လုပ်လည်း မထူးတော့ဘူးပေါ့....နောက်ထပ်နည်းကတော့ registery ကို ပိတ်တဲ့နည်း

User Key: [HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System]
Value Name: DisableRegistryTools
Data Type: REG_DWORD (DWORD Value)
Value Data: (0 = allow regedit, 1 = disable regedit)

အဲမှာ REG_DWORD ကို create လုပ်ပြီးတော့ value မှာ 1 ထည့်လိုက်ရင်တော့ user က registery သုံးလို့မရတော့ပါဘူး...

နောက်ပြီးတော့ Task Manager ( Ctrl+Alt+Del ) ကိုဖျောက်လိုက်ချင်ရင်တော့

User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
System]
System Key: [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
System]
Value Name: DisableTaskMgr
Data Type: REG_DWORD (DWORD Value)
Value Data: (0 = default, 1 = disable Task Manager)

အဲမှာ REG_DWORD ကို create လုပ်ပြီးတော့ value မှာ 1 ထည့်လိုက်ရင်တော့ user က registery သုံးလို့မရတော့ပါဘူး...

Folder Option ကို ထပ်ပြီးဖျောက်လိုက်ချင်ရင်တော့

User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
System Key: [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoFolderOptions
Data Type: REG_DWORD (DWORD Value)
Value Data: (0 = show options, 1 = hide options)

အဲမှာ REG_DWORD ကို create လုပ်ပြီးတော့ value မှာ 1 ထည့်လိုက်ရင်တော့ user က Folder Option ကို Tool -> Option

မှာမမြင်ရတော့ပါဘူး...

တနည်းပြောရရင် ကျွန်တော်တို့ registery ကို ကောင်းကောင်းလေး ကလိလို့ရတာနဲ့ Computer ကြီးကို လိုသိလို ထိန်းလို့ရပါတယ်... AVG ကတော့ Registery ကို မစစ်ဆေးပါဘူး... ဒါပေမယ့် BitDefender ကတော့ စစ်တယ်ဗျ... ပြောင်းတာနဲ့ ပြောင်းမပြောင်းမေးတယ်... အဲလိုမျိုး Antivirus တွေအတွက်တော့ မလွယ်ဘူးပေါ့....

Registry ပိုင်းကို http://www.pctools.com/guides/registry မှာလေ့လာလို့ရပါတယ်..

ဘာနဲ့ ရေးသင့်လဲလို့ ပြောရင် ကိုယ်သန်ရာနဲ့တော့ရေးလို့ရပေမယ့်...
ဘယ် OS ကို တိုက်ခိုက်မှာလဲ ဆိုတာ စဉ်းစားရမယ်...
Vbscript(.vbs) ကို linux မှာ သုံးလို့မရဘူး...
ဒါပေမယ့် Javascript(.js) နဲ့တော့ linux မှာ၇တယ်...
Windows မှာလည်းရတယ်...
Javascript(.js) ကတော့ ဘယ်လိုထိ လုပ်ပိုင်ခွင့်ပေးလဲဆိုတာ ကျွန်တော်သေသေချာချာမသိဘူး...
windows အတွက်ကတော့ .vbs ကတော်တော်လေး ထိရောက်တယ်...
ကစ်လို့ကောင်းတယ်...

.exe တွေနဲ့လည်း တိုက်ခိုက်လို့ရတယ်...
ဒါပေမယ့်...
ကိုယ်ထုတ်လိုက်တဲ့ .exe ဟာ runtime file မပါပဲနဲ့ run လို့ရရမယ်...
Windows နဲ့ Linux က file တည်ဆောက်ပုံတွေ မတူညီကြဘူး...
ဒါကြောင့် Linux အတွက် virus က Linux မှာပဲ ရမယ်...
Windows အတွက် virus ကတော့ windows မှာပဲထိရောက်မှာပေါ့...

ဥပမာ java နဲ့ရေးထားရင် java runtime မပါပဲနဲ့ java က run လို့မရဘူး...
ဒါဆိုရင်တော့ မရေးသင့်ဘူးပေါ့... java runtime ရှိတဲ့စက်ကိုပဲ ထိမှာလေ...
.NET နဲ့ ရေးပြန်တော့လည်း .NET Framework ရှိမှ အလုပ်လုပ်မှာ...
ဒါဆိုလည်း .NET အတွက်က သိပ်မဟုတ်သေးဘူး....
vb ကတော့ ရတယ်... ဘာ compoment မှ မသုံးပဲရေးရင် runtime မလိုလောက်ဘူး...
ဒါကြောင့် vb နဲ့ဆိုရင်တော့ ရလောက်တယ်...
script file တွေကတော့ OK တာပေါ့...
run time မပါဘူး...
windows က run ပေးတယ်....
အဲဒါကြောင့် အများအားဖြင့် .vbs နဲ့အရေးများတယ်...
နောက်ပြီး C ... အဲဒါ အရင်ကတည်းက programming...
သူ့ exe က စက်တိုင်းလိုလိုအသာလေး run လို့ရတယ်...
C နဲ့ virus ရေးလို့ရတယ်...
C က system အထဲထိ ကောင်းကောင်းရေးနိုင်တယ်...
hardware တွေကိုပါ ဒုက္ခပေးနိုင်တယ်...

တချို့ virus တွေက hardware တွေကို တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပြီးပေးတာ...
ဘယ်လိုလည်းဆိုရင်တော့
Memory မှာ အပြည့်တင်ထားတယ်.. File တွေကို...
ဒါဆို user က စက်ကြီးလေးသွားပြီ...
ဘာမှ မလုပ်နိုင်ဘူး....
memory ပေါ်မှာလည်း အချိန်ပြည့် wirte မယ်...
ဒါဆို ကြာရင် memory ကြွသွားမှာပေါ့...

အဲလိုမျိုး...
Process မှာ အပြည့်တင်ထားမယ်...
process တွေကို အသေအကြေ ခိုင်းထားမယ်..
ဒါဆို ကြာ၇င် Process ကျလာမယ်...
နောက်ဆုံး ပျက်သွားနိုင်တယ်...
virus ရှိတဲ့ စက်ထဲကို
flash disk ကိုထိုးထားလိုက်တယ်..
နောက်ပြီး...
ပြန်မဖြုတ်ပဲ...
ဒီအတိုင်း Computer ကို စက်သုံးနေတယ်..
အဲဒီ အချိန်မှာ virus က Flash Disk ပေါ်မှာ virus တွေ အချိန်တိုင်း write နေမယ်...
ကြာရင် flash disk မှာ write တာ များလွန်းတော့ bad sector တွေပေါ်လာမယ်...
အဲဒါကို မသိပဲ user က ဆက်သုံးတယ်... chkdsk နဲ့ commond prompt မှာ ၀င်မစစ်ဘူး...
badsector တွေကိုလည်း မပြင်ဘူးဆိုရင် ကြာရင် flash disk ပါကြွသွားနိုင်တယ်...

virus ပိုင်းဘယ်လိုရေးရလဲဆိုတာ ကို source code နဲ့ ရှေ့မှာ ပြထားဘူးပါတယ်...
ဘယ်လိုလုပ်ရင် ကောင်းမလဲ...
ဘယ်လိုတွေ လုပ်နိုင်လဲဆိုတာလေးကို အခုမှ ပြောပြဖြစ်တော့တယ်..
ဆက်လက်ဖေါ်ပြပါမည်.....







စေတန်ဂေါ့မှ



ကိုမြတ် © 2008. Template by Dicas Blogger.

TOPO