Showing posts with label gmail. Show all posts
Showing posts with label gmail. Show all posts

Saturday, June 4, 2011

မိမိပို့ လိုက်တဲ့ Email ကို လက်ခံတဲ့သူကဖတ်မဖတ်


Email တစ်စောင်ကို ပို့လိုက်လျှင် ၊ မိမိပို့လိုက်သော Email ကို အခြားသူမှဖတ်၊မဖတ်ကိုလွယ်ကူစွာမသိနိုင်ပါဘူး။ ယခုမှာကတော့ Email တစ်စောင်ကို အခြားသူတစ်ယောက်ထံ ပို့လိုက်ပါပြီးရင်၊၎င်း Email ကိုဖတ်၊မဖတ်၊ ဖတ်ရှုသည့်အချိန်၊ နေရာ
(IP Address + Geo Location)၊ ဖတ်ရှုသည့်အကြိမ် အရေအတွက်၊ မည်မျှကြာကြာဖတ်ရှုသည်၊
အသုံးပြုသည့် Browser Details စတဲ့ Statistics ကိုလွယ်ကူစွာ သိရှိနိုင်ပါတယ်။
ကဲစိတ်ဝင်စားရင်ဆက်ဖတ်ရအောင်။

ပထမဆုံး အသုံးပြုလိုသည့် (From Email Account) နှင့် Didtheyreadit.com မှာသွားပြီးတော့ Account တစ်ခုကို Register လုပ်ရပါမယ်။ (Name Display in Emailနေရာမှာ အသုံးပြုနေကျ နာမည်ကိုပဲရေးပါ။ နာမည်ပြောင်းရေလျှင် Email လက်ခံမည့်သူက ပို့နေကျလူဆိုရင်နာမည့်ပြောင်းလိုက်တဲ့ အတွက် သံသယဝင်သွားနိုင်ပါတယ်။) Register လုပ်ပြီးလျှင် မိမိအသုံးပြုသည့် Email ကိုဖွင့်ပါ။သင်၏ Gmail Account ကိုဖွင့်ပါ။ ပြီးလျှင် Compose Mail(သို့မဟုတ်)Forward Mail ကို ဖွင့်ပြီးလျှင် ပို့လိုသည့် Email ပိုင်ရှင် Account (To Address) ကို ရေးပါ။(Account လုပ်ထားသော Didtheyreadit.com မှာလည်း သွားရောက်ပြီးတော့ တိုက်ရိုက်ပို့နိုင်ပါတယ်။)

အဓိကကျတဲ့ အချက်ကိုပြောပါ့မယ်။ ရေးလိုက်တဲ့ Email Account ရဲ့ နောက်ကကပ်လျှက် .didtheyreadit.com ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။
ဥပမာ ပို့လိုသည့် Email Accountကyourfriend@gmail.com ဖြစ်လျှင် ၎င်း Account ၏ နောက်ကပ်လျှက်မှာ .didtheyreadit.com ကိုပေါင်း၍ yourfriend@gmail.com.didtheyreadit.com ဟူ၍ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ရေးရပါမယ်။ (Account ၏နောက်မှာ ကပ်လျှက်ရေးလိုက်သော .didtheyreadit.com ကို တစ်ဖက်လူအနေနဲ့ မြင်ရမှာ မဟုတ်ပါဘူး။) ပြီးလျှင် သင်ရေးလိုသည့် Text နှင့် Attachments များကို ရေး၍ ပုံမှန်အတိုင်း Send ကို Click နှိပ်၍ ပို့လိုက်ပါ။
တစ်ဖက်လူမှ သင်ပို့လိုက်သော Email ကိုဖတ်သည်နှင့် ဖတ်သည့်အချိန်၊ မည်မျှကြာကြာဖတ်သည်၊ဖတ်သည့်နေရာ၊IP Address, Geo Location (Approximately), အသုံးပြုတဲ့ Browser Details စတဲ့ Statistics ကို Didtheyreadit.com မှသင့်ထံသို့ Reportလုပ်ပါလိမ့်မယ်။ဖတ်သည့်အကြိမ်တိုင်း သင့်ထံသို့ Report လုပ်ပါလိမ့်မယ်။ Didtheyreadit.com မှာ Free Account အနေနဲ့ တစ်လကို 10 စောင် Free ပို့နိုင်ပါတယ်။ Report Statistics ကို Notification Option မှာ သွားရောက် ပြုပြင်နိုင်ပါတယ်။ Desktop Email Client များဖြစ်တဲ့ Microsoft Outlook , Thunder Bird စတဲ့ Client များနဲ့လည်း တွဲဖက်၍ ပို့လိုက်တဲ့ Email တိုင်းကို Report ပြုလုပ်ပေးရန် အသုံးပြုနိုင်ပါတယ်။

အဆင်ပြေကြပါစေဗျာ။

Sunday, April 24, 2011

ဂျီတော့ခ် (ဂျီမေးလ်) အဟက်မခံရအောင်(၁)

ဂျီတော့ခ် သုံးသူ အများစုဟာ အင်တာနက်ဆိုင်မှာ သုံးကြတာများပါတယ်။
ကိုယ်သုံးမလို့၊ ဝင်မလို့ လုပ်တဲ့အခါ ရှေ့ ကသုံးသွားတဲ့ သူတွေရဲ့ ဂျီမေးလ် လိပ်စာ တွေ ပေါ်နေတာမျိုးတွေလည်းတွေ့ ရတတ်ပါတယ်။
ကိုယ်သုံးပြီးတဲ့ အခါမှာ ဒီလိုကျန်ခဲ့မှာ စိုးလို့ သေချာ sign out လုပ်၊ နာမည်နေရာမှာ
a,b,c,d တွေရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲ ကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ ရနိုင်ပါတယ်။
ကိုယ့်ဂျီတော့ခ် ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် လိပ်စာကို သူများ မသိအောင်
ဘယ်လိုဖျက်မလဲ ဆိုတာ ကိုအွန်လိုင်းမှာမေးလာကြလို့ တွေ့ မိသလောက်ပြောပြလိုက်ပါတယ် ။
အလုံးဆုံတော့မဟုတ်ဘူးပေါ့ဗျာ။

1. အရင်ဆုံး Start ထဲက Run ကိုနှိပ်ပါ။ သို့မဟုတ် Windows+R ကိုတွဲဖိပါ။
2. Run box ကျလာရင် Regedit ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ Box ကျလာပါလိမ့်မယ်။
3. ထိုbox ထဲမှာ folder ငါးခု တွေ့ပါလိမ့်မယ်။ ထိုfolder ငါးခုထဲက ဒုတိယမြောက်
HKEY-CURRENT-USER ဘေးက + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မယ်။
4. Software ကိုရှာပါ။ တွေ့ရင် Software ဘေးက + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
5. Google ကိုရှာပါ။ တွေ့ပါက Google ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
6. Google talk ကိုရှာပါ။ တွေ့ပါက Google talk ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
7. Account ကိုနှိပ်ပါ။ Gmail address တွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မိမိ ဂျီမေးလ် ဝင်ခဲ့တယ် ဆိုရင်တော့ မိမိ gmail address နာမည် ပေါ်နေပါလိမ့်မယ်။
မိမိ နာမည်ပေါ်မှာ Rioght ကလစ်နှိပ်၊ delete ကို နှိပ်ပါ။ Name/Type/Date တို့ အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်မှာ Right ကလစ်နှိပ်ပြီး delete လုပ်လိုက်ပါ၊
ထိုနည်းနဲ့ဆိုရင်ကိုယ့်ရဲ့ ဂျီမေးလ် လိပ်စာ ကျန်ခဲ့စရာ မရှိတော့လို့ စိတ်ပူစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ account ထဲမှာလည်း မလိုအပ်ဘဲလူများလာတာမျိုးမဖြစ်စေတော့ပါဘူး။

အဆင်ပြေကြပါစေ။

Saturday, June 26, 2010

Gmail AIO 2009


Gmail AIO 2009 | 30,54 Mb

Include:
GMAIL DRIVE
GMAIL HACKING
GMAIL ICON CREATOR
GMAIL DESKTOP STUDIO
GMAIL *** CREATOR
GMAIL PASSWORD RECOVERY
FAKE GMAIL PAGE CREATOR
AND GMAIL ADDONS
GMAIL DRIVE
GMAIL 2
GMAIL LODER
GMAIL NOTIFIER
P2M

Gmail. အသုံးပြုဖို့  ဆော်လ်ဝဲလ်လေးပါ။ AIO အနေနဲ့ ပေါင်းထားပါတယ်။

အဆင်ပြေမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။




Thursday, June 17, 2010

Gmail Password Recovery


Gmail Password Recovery | 6MB





ဂျီတော့ခ်မှာမိတ်ဆွေတစ်ယောက်ကလိုချင်တယ်။
အရင်လင့်ဒေါင်းမရဘူးပြောလို့ ပြန်တင်ပေးလိုက်ပါတယ်။
လင့်ပါပြောင်းပေးထားပါတယ်။အကုန်အဆင်ပြေတယ်ပြောတဲ့
ziddu.com မှာပါ။
မိမိတို့ ကွန်ပျူတာတွေမှာ။အသုံးပြုခဲ့တဲ့ဂျီမေးလ်ပတ်စ်ဝပ်တွေကို
ပြန်ရှာပေးတဲ့ဆော့လ်ဝဲလ်လေးပါ။
အဆင်ပြေကြပါစေ။


Sunday, May 16, 2010

Gmail As A Drive In My Computer





I Think It Is Best Software For Keep Ur Files Safe Forever
Use Your Gmail *** As Files Storage Of 7gb Drive

Theory:
GMail Drive is a S**** Namespace Extension that creates a virtual filesystem around your Google Mail ***, allowing you to use Gmail as a storage medium.

GMail Drive creates a virtual filesystem on top of your Google Gmail *** and enables you to save and retrieve files stored on your Gmail *** directly from inside Windows Explorer. GMail Drive literally adds a new drive to your computer under the My Computer folder, where you can create new folders, copy and drag'n'drop files to.
Ever since Google started to offer users a Gmail e-mail ***, which includes storage space of 6000 megabytes, you have had plenty of storage space but not a lot to fill it up with. With GMail Drive you can easily copy files to your Google Mail*** and retrieve them again.
When you create a new file using GMail Drive, it generates an e-mail and posts it to your ***. The e-mail appears in your normal Inbox folder, and the file is attached as an e-mail attachment. GMail Drive periodically checks your mail*** (using the Gmail search function) to see if new files have arrived and to rebuild the directory structures. But basically GMail Drive acts as any other hard-drive installed on your computer.
You can copy files to and from the GMail Drive folder simply by using drag'n'drop like you're used to with the normal Explorer folders.

Because the Gmail files will clutter up your Inbox folder, you may wish to create a filter in Gmail to automatically move the files (prefixed with the GMAILFS letters in the subject) to your archived mail folder.


Size>>>>6.2 MB



Thursday, February 25, 2010

Google Buzz ကို Turn Off လုပ်ရန်အတွက်

ပထမဆုံး gmail ကို ဖွင့်လိုက်ပါ ..အောက်ဆုံးမှာ
Send photos easily from Gmail with Google's free photo organizer. Learn more
You are currently using 8 MB (0%) of your 7424 MB.
Last account activity: 19 minutes ago at this IP (203.81.167.220). Details
Gmail view: standard | turn off chat | turn off buzz | older version | basic HTML Learn more
©2010 Google - Terms - Privacy Policy - Buzz Privacy Policy - Google Home ဆိုပြီးတွေ့ရပါလိမ့်မယ်
တွေ့ရသော turn off buzz ကို နှိပ်လိုက်မယ်ဆိုရင် google buzz ကို turn off လုပ်လိုက်မှာဖြစ်ပါတယ် ..တကယ်လို့ google buzz ကိုပြန်
သုံးချင်တယ်ဆိုရင်တော့ turn on buzz ပြန်လုပ်ရမှာဖြစ်ပါတယ်...
အဆင်ပြေကြပါစေဗျာ။

Tuesday, February 23, 2010

Google Image Downloader




Google Image Downloader is an easy to use application designed
to help you search an image with a search criteria offered by Google,
display results and download.

Tuesday, February 2, 2010

Connection ကျနေစဉ် G talk, G mail ဖွင့်ရအောင်

Connection ကျနေစဉ် G talk, G mail ဖွင့်နိုင်စေရန်အတွက်

Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ/
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။ ပေါ်လာလျှင်
HTTP poxy box တွင်212.93.193.72 ကိုရိုက်လိုက်ပါ။ ဘေးက Port box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။
ပြီးရင် use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
port box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************
poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ port ကတော့ 443 ပဲဖြစ်ပါတယ်...




Thursday, October 8, 2009

လူတွေအီးမေးလ်ကို ဘာကြောင့် သုံးကြလဲ

E-mail ဆိုတာက electronic mail ကို ချုံ့ထားတဲ့ စကားလုံးပါ။
ကျွန်တော်တို့နိုင်ငံမှာ က Google ကုမ္ပဏီကပေးတဲ့ Gmail ကို အသုံးများပါတယ်။
အဲဒီ Gmail နဲ့ e-mailကို တချို့ က မကွဲပြားဘူး ဖြစ်နေတယ်။
e-mail ဆိုတဲ့ လျှပ်စစ် စာပို့စနစ်က Fax ကနေ မိုဘိုင်း အချင်းချင်း
SMS ပို့တာထိ ပါဝင်ပါတယ်။ တချို့က ISP
ကုမ္ပဏီတွေကရောင်းတဲ့ မေးဆားဗစ် ကိုမှ အီးမေးလ် လို့ထင်တတ်ကြပါတယ်။
အခမဲ့ ၀န်ဆောင်မှုပေးနေတဲ့ အီးမေးလ်တွေက အများကြီး ရှိပါတယ်။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြိုက်ချင်း မတူကြပါဘူး။
မြန်မာတွေက Gmail အသုံးများသလို စင်ကာပူနိုင်ငံသားတွေက MSN ကို
လူတိုင်းနီးပါး သုံးကြပါတယ်။ တချို့နိုင်ငံတွေက Yahoo mail အသုံးများပါတယ်။
အီးမေးလ် ၀န်ဆောင်မှုတွေ အမျိုးမျိုး ကွဲပြားပေမယ့် အပြန်အလှန်
ပေးပို့ဆက်သွယ်လို့ ရပါတယ်။ ဒါပေမယ့် စကားပြောမယ်၊ Typing ရိုက်ပြီး
ချက်တင်ထိုင်မယ်ဆိုရင်တော့ တူညီတဲ့ဆော့ဝဲလ်ကို အသုံး ပြုကြရမှာပါ။
Gmail ရှိတဲ့လူတွေက G-talk အချင်းချင်းဆက်သွယ်ပြောဆိုပြီး Yahoo mail
ရှိတဲ့လူတွေက Yahoo messenger ကို အသုံးပြုရမှာပါ။ အခု Gmail က
မြန်မာဘာသာကို ဇော်ဂျီဖောင့် အသုံးပြုပြီး ဆက်သွယ်လို့ရတယ်၊
ချက်တင်ထိုင်ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံ မှာက Gmail ကို
အသုံးများပါတယ်။

အီးမေးလ်က အပြန်အလှန်ဆက်သွယ်ထားတဲ့စာတွေ Chatting
မှတ်တမ်းတွေကို အလို အလျောက်သိမ်းထားပေးပါတယ်။ မိမိစာတွေ
ပျောက်ပျက်မှာ တခြားသူတွေခိုးဖတ်မှာ စိုးရိမ် စရာမရှိတဲ့အတွက်
အီးမေးလ် အသုံးပြုရတာက စိတ်ကျေနပ်မှုရစေပါတယ်။





share by = mysteryzillion.org

Saturday, July 11, 2009

Gtalk ကို google site မသုံးပဲ တခြား siteတွေ က check ချင်ရင်


http://www.meebo.com/


http://www.koolim.com/

http://www.ebuddy.com/


https://imo.im/



http://aidebate.com/tada/



တွေကနေအသစ်လေးတွေစမ်းကြည့်ပြီးကျေနပ်ကြပါစေ






Gmail ကို google site ကိုမသုံးပဲ တခြား site က mail check ချင်ရင်

Gmail ကို google site ကိုမသုံးပဲ တခြား site က mail check ချင်ရင်တော့


http://www.mail2web.com/

ကနေအဆင်ပြေပါလိမ့်မယ်ဗျာ

Friday, June 26, 2009

Gmail မှာ Shortcut တွေအသုံးပြုနိုင်ဖို့

မင်္ဂလာပါ…
Gmail ဆိုတာက Google.com ဆိုတဲ့ အဖွဲ့အစည်းကနေပြီးတော့ Emailလို့ခေါ်တဲ့ အင်တာနက်
အခြေပြုစာပို့စာယူစနစ် (electronic mail) ကိုဖန်တီးပြီး အလကားပေးနေတဲ့ ဆားဗစ်စ်တစ်ခုပါ။အင်တာနက်ကော်နက်ရှင်ပမာဏနည်းတဲ့ နိုင်ငံတွေအတွက် အတော်ကြီးကို
အသုံးဝင်တဲ့ဆားဗစ်စ်လည်းဖြစ်ပြန်၊ သူငယ်ချင်းတွေအများကြီးရှိနိုင်တဲ့နေရာလည်းဖြစ်ပြန်ဆိုတော့
မြန်မာနိုင်ငံမှာ အရမ်းရေပန်းစားနေတဲ့ EmailProvider ကြီးပေါ့။ ပမာဏကလည်း
အားရပါရရှိလှတာကတစ်ကြောင်း၊ စာတင်မကပဲဓာတ်ပုံ သီချင်း ဗီဒီယို စတဲ့ စတဲ့ ဟာတွေကိုလည်း
တစ်ခါပို့ရင် ၂၀ မက်ဂါဗိုက်နီးပါးပို့နိုင်တာကတစ်ကြောင်းကြောင့်လူအတော်သုံးကြတာကိုတွေ့မိပါတယ်။
အဲ့ဒီတော့ ကီးဘုတ်ကိုင်ကွန်ပြူတာသမားတွေအတွက် မောက်စ်ကိုတစ်ခါတစ်ရံမေ့နိုင်စေဖို့၊မြန်ဆန်သွားစေဖို့

ကျွန်တော် ဖော်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်….


Gmail မှာ Shortcut တွေအသုံးပြုနိုင်ဖို့ ပထမဦးဆုံး ကိုယ့်ရဲ့ဂျီမေးလ်ထဲကို
အကောင့်အရင်ဝင်လိုက်ပါ။

ပြီးရင် ဂျီမေးလ်ရဲ့ညာဘက်အပေါ်ဆုံးထောင့်ကလေးမှာရှိတဲ့ Settings ဆိုတာကလေးကို
နှိပ်လိုက်ပါ။
အောက်မှာဖော်ပြထားတဲ့အတိုင်း General Tab အောက်က Keyboard Shortcuts on
ဆိုတာကလေးကို အမှန်ခြစ်ထားပြီး “Save” button ကလေးကို နှိပ်ပေးပါမှဂျီမေးလ်မှာ ရှော့ကပ်တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
p.s : Gmail standard view မှာပဲရမယ်လို့ထင်ပါတယ်၊ basic html view မှာ
မရလောက်ဘူးလို့ထင်ပါတယ်။
Gmail shortcut တွေအများကြီးရှိတဲ့အထဲက အသုံးဝင်မယ်ထင်လို့ ထင်ရမယ့် short cut တွေကို စုစည်းပေးလိုက်ပါတယ်။

c - စာအသစ်တစ်စောင် ရေးတော့မယ်ဆိုရင် c ကို နှိပ်လိုက်ပါ။

/ - သင်အသုံးပြုတဲ့ browser ရဲ့ status bar အထက်နားကပ်လျက်မှာ
Search box ပေါ်လာပါလိမ့်မယ်

k - သင်ဟာ inbox ထဲမှာရှိနေရင် k ကိုနှိပ်လိုက်တာနဲ့ စာတွေရဲ့အပေါ်ဘက်ဆီက
စာကို မျှားခေါင်းတိုလေးနဲ့ ရွေးချယ်ပေးသွားပါလိမ့်မယ်

j - သင်ဟာ inbox ထဲမှာရှိနေရင် j ကိုနှိပ်လိုက်တာနဲ့ စာတွေရဲ့အောက်ဘက်ဆီက
စာကို မျှားခေါင်းတိုလေးနဲ့ ရွေးချယ်ပေးသွားပါလိမ့်မယ်

o (or) Enter - အို (ဒါမှမဟုတ်) အန်းတာကိုခေါက်ခြင်းဖြင့် သင်ရွေးချယ်ထားတဲ့စာကို
ဖွင့်လိုက်တာပါ

u - u ကတော့ သင်ဝင်ဖတ်နေတဲ့စာကနေ အရင် Inbox ထဲကို ပြန်သွားချင်လျင်
သုံးပါတယ်

x - x ကိုတော့ သင်ရွေးချယ်လိုက်တဲ့စာကို အမှန်ခြစ် ခြစ်လိုက်တာပါ

s -ကတော့ စာကို Star ပေးတာပါ

r -ကတော့ ဖတ်နေတဲ့စာကိုပြန်ချင်လျှင် (Replyလုပ်ချင်ရင်) အသုံးပြုပါ

f -ကတော့ စာကို Forward ပို့ချင်လျှင် အသုံးပြုပါတယ်

- Esc key ကိုတော့ ရေးနေတဲ့စာတွေကို ဖျက်ပစ်လိုက်တာပါ
(စာလုံးတွေကို ဖျက်တာပါ)

# - ကတော့Deleting ပါ
z -ကတော့ Undo မလုပ်တော့တဲ့အခါမျိုးမှာသုံးရမှာပါ

[ - ကတော့စာပေါင်း50လောက်ပါတဲ့ စာမျက်နှာ (စာမျက်နှာတစ်ကနေ နှစ်ကိုသွားစေချင်လျှင်)
] - ကတော့စာမျက်နှာအား ပြောင်းပြန်သွားစေလိုလျှင် (စာမျက်နှာနှစ်မှ တစ်သို့)

အဆင်ပြေကြပါစေဗျာ

Thursday, May 21, 2009

ကိုယ့် Gmail ကိုသူများသုံးတယ်ထင်ရင်

ကိုယ့်ရဲ့ Gmail ကိုတခြားသူခိုးပြီးသုံးနေတယ်ထင်ရင်စစ်လို့ ရပါတယ်ဒီနည်းလေးကိုစမ်း
ကြည့်ပြီးစစ်ဆေးကြည့်ပါမူလရေးသားသူကတော့ ကိုThurein ပါ

Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။
အောက်ကပုံကို ကြည့်ပါ။




ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက
ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်
ဖော်ပြထားပေးပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား
ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက
ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က
ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း
ပြောင်းပစ်လိုက်တော့ပေါ့။


ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့်
Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button
ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့
Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ
Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

ကဲဗျာ အခုပဲ စာဖတ်သူရဲ့ Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့
Last Account Activity ကို ကြည့်လိုက်ပါဦး။

အဆင်ပြေကြပါစေ





Wednesday, April 22, 2009

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာသိဖို့ 

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/


ကိုသွားလိုက်ပါ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။




share by = IT men;s

Saturday, April 18, 2009

အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question
ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။
ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့
အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ
သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ

နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ
ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ
မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့
သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။
ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့
အချက်အလက်တွေကို လုံခြုံတဲ့တနေရာ
မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး
ပြန်ရအောင်ယူပေါ့။


Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့


http://www.google.com/support/accounts/bin/request.py?contact_type=ara&ctx=accounts&hl=en






shareby == MZ

Saturday, April 11, 2009

Gmail မှာvoice နဲ့  video plugin ထည့်ကြမယ်

ကျွန်တော်လည်းဘလော့ရေးမယ်ရေးမယ်နဲ့ဗျာ မရေးဖြစ်ဘူးဖြစ်နေတယ် ဒီအကြောင်းလေးကို
ဘာရယ်တော့ မဟုတ်ပါဘူး gmail ကနေ webcam ကြည့်နိုင်တဲ့ plugin လေးတစ်ခုအကြောင်းပါ
ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်က မေးလို့ ပြောဖြစ်ရင်းနဲ့ မနည်း အားတင်းပြီး ရေးလိုက်ဖြစ်လိုက်တာပါ။
အသုံးပြုရလွယ်သလို အသံရော ရုပ်ပါကြည်လင်တာကြောင့် မသိသေးသူတွေ၊ ကွန်နရှင်လေးလို့ vzochat နဲ့ gtalk ပြောမှ အဆင်ပြေမယ့်သူတွေ၊ ၂ ခုတွဲသုံးလို့ vistaမှာ error တတ်နေကြသူတွေအတွက် မျှပေးလိုက်ပါတယ်။
အသုံးပြုပုံကတော့

http://mail.google.com/videochat?hl=en




မှာ install voice & video chat ဆိုတာကိုကလစ်လုပ်ပါ။ ပြီးရင် Browser ကို restart တောင်းပါလိမ့်မယ်
ပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Gmail ID နဲ့ မေးလ်ဝင်လိုက်ပါ။ ဘယ်ဘက် မှာရှိတဲ့ chat ကိုပါ sign into chat လုပ်ပါ(မေးလ်မှာ sign out ထားသူများအတွက်သာ)
အဲဒီအခါမှာ ကျွန်တော်တို့ mail ကနေ chatting ရန် အသင့်ဖြစ်ပါပြီ
အဲဒီမှ တဆင့် မိမိပြောလိုသော webcam ပြလိုသော online user ကို ကလစ်ပေးလိုက်ပါ
ထို့နောက် video & more မှတဆင့် start voice/video chat ကို ကလစ်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်
အရင့်အရင်က မေးလ်ကနေချတ်တယ်ဆို အသံမရဘူး ဘာမရဘူးဆိုတာတွေကို ကျော်ပြီး
gtalk မှာ မရတဲ့ icon လေးတွေကိုပါ gmail chat box ရဲ့ ညာဘက်မှာ icon လေးကို ကလစ်လိုက်ရင်
တွေ့ရပါလိမ့်မယ်။ icon စတိုင် ၄ မျိုးပါဝင်ပြီး ရုပ်ရော အသံပါအဆင်ပြေတဲ့
gmail ကနေသုံးကြည့်ကြပါစို့လားဗျာ

exe ဖိုင်ကို ကိုယ်ပိုင်လက်ဝယ်ရယူပြီး အားရပါးရ run လိုက်ရမှ ကျေနပ်မယ်။ နောက် run တိုင်း ဒီဆိုဒ်နာမည်မှတ်နေရမယ်
မမှတ်ချင်ဘူး ယူထားလိုက်မယ်ဆိုသူတွေ အတွက်






shareby === moetought

Friday, March 27, 2009

Gmail မှာ Exe ဖိုင် တွဲပို့နည်း

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။ဟီးဟီး
ပထမဆုံး
ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။


အဆင်ပြေကြပါစေ

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO