Showing posts with label gtalk. Show all posts
Showing posts with label gtalk. Show all posts

Sunday, April 24, 2011

ဂျီတော့ခ် (ဂျီမေးလ်) အဟက်မခံရအောင်(၁)

ဂျီတော့ခ် သုံးသူ အများစုဟာ အင်တာနက်ဆိုင်မှာ သုံးကြတာများပါတယ်။
ကိုယ်သုံးမလို့၊ ဝင်မလို့ လုပ်တဲ့အခါ ရှေ့ ကသုံးသွားတဲ့ သူတွေရဲ့ ဂျီမေးလ် လိပ်စာ တွေ ပေါ်နေတာမျိုးတွေလည်းတွေ့ ရတတ်ပါတယ်။
ကိုယ်သုံးပြီးတဲ့ အခါမှာ ဒီလိုကျန်ခဲ့မှာ စိုးလို့ သေချာ sign out လုပ်၊ နာမည်နေရာမှာ
a,b,c,d တွေရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲ ကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ ရနိုင်ပါတယ်။
ကိုယ့်ဂျီတော့ခ် ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် လိပ်စာကို သူများ မသိအောင်
ဘယ်လိုဖျက်မလဲ ဆိုတာ ကိုအွန်လိုင်းမှာမေးလာကြလို့ တွေ့ မိသလောက်ပြောပြလိုက်ပါတယ် ။
အလုံးဆုံတော့မဟုတ်ဘူးပေါ့ဗျာ။

1. အရင်ဆုံး Start ထဲက Run ကိုနှိပ်ပါ။ သို့မဟုတ် Windows+R ကိုတွဲဖိပါ။
2. Run box ကျလာရင် Regedit ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ Box ကျလာပါလိမ့်မယ်။
3. ထိုbox ထဲမှာ folder ငါးခု တွေ့ပါလိမ့်မယ်။ ထိုfolder ငါးခုထဲက ဒုတိယမြောက်
HKEY-CURRENT-USER ဘေးက + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မယ်။
4. Software ကိုရှာပါ။ တွေ့ရင် Software ဘေးက + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
5. Google ကိုရှာပါ။ တွေ့ပါက Google ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
6. Google talk ကိုရှာပါ။ တွေ့ပါက Google talk ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
7. Account ကိုနှိပ်ပါ။ Gmail address တွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မိမိ ဂျီမေးလ် ဝင်ခဲ့တယ် ဆိုရင်တော့ မိမိ gmail address နာမည် ပေါ်နေပါလိမ့်မယ်။
မိမိ နာမည်ပေါ်မှာ Rioght ကလစ်နှိပ်၊ delete ကို နှိပ်ပါ။ Name/Type/Date တို့ အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်မှာ Right ကလစ်နှိပ်ပြီး delete လုပ်လိုက်ပါ၊
ထိုနည်းနဲ့ဆိုရင်ကိုယ့်ရဲ့ ဂျီမေးလ် လိပ်စာ ကျန်ခဲ့စရာ မရှိတော့လို့ စိတ်ပူစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ account ထဲမှာလည်း မလိုအပ်ဘဲလူများလာတာမျိုးမဖြစ်စေတော့ပါဘူး။

အဆင်ပြေကြပါစေ။

Friday, June 18, 2010

Google Talk v1.0.0.104 Portable




Google Talk v1.0.0.104 Portable

ကဲဂျီတော့ခ်သမားတွေအတွက်အသုံးဝင်မယ်။
ထင်ပါတယ် GtalkPortable လေးပါ USB ထဲဆောင်ပြီးတော့သာ
လျှောက်ချက်ဗျာဆိုင်တွေမှာကို့ အကောင့်ခိုးခံထိတာတော့နဲနဲသက်သာမယ်
ထင်တာဘဲ။
အဆင်ပြေကြပါစေ။





Wednesday, May 26, 2010

gtalk ကိုဒီအတိုင်းသုံးမဲ့အစားလွယ်လွယ်ကူကူသုံးမယ်

ကျွှန်တော်တို့ အမ်စီအိုကကိုကျော်ဇင်ရေးသားတဲ့ပို့ စ်လေးပါလာလည်သူ။မိတ်ဆွေတွေ
ဗဟုသုတရအောင်ပြန်လည်ဖော်ပြလိုက်ပါတယ်။


၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။

၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။

၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။

၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။

၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။

၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။

၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။

၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။

၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။

၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။

၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )

၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။

၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။

၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။

၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။

၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window shiftကိုဖိပြီး m ကိုနိုပ်ပါ။




အဆင်ပြေကြပါစေဗျာ...

Tuesday, May 18, 2010

ဂျီတော့ Invisible ကို ဖော်ကြည့်ရအောင်

Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။

အကယ်၍ စာဖတ်သူဟာ ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါဗျာ။

(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။

(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။

(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။

(၄) blahblahblah@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။

(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အဆင်ပြေကြပါစေဗျာ။

Tuesday, February 2, 2010

Connection ကျနေစဉ် G talk, G mail ဖွင့်ရအောင်

Connection ကျနေစဉ် G talk, G mail ဖွင့်နိုင်စေရန်အတွက်

Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ/
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။ ပေါ်လာလျှင်
HTTP poxy box တွင်212.93.193.72 ကိုရိုက်လိုက်ပါ။ ဘေးက Port box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။
ပြီးရင် use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
port box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************
poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ port ကတော့ 443 ပဲဖြစ်ပါတယ်...




Saturday, August 22, 2009

Gtalk ကနေမသိတာမှန်သမျှ အလိုအလျောက် ဖြေကြားပေးမယ့် ဝန်ဆောင်မှုတစ်ခု

Gtalk အသုံးပြုတဲ့သူတွေအတွက်တော့ တော်တော်ကောင်းတယ်ဗျ။
မသိတာမှန်သမျှ အလိုအလျောက် ဖြေကြားပေးမယ့် ဝန်ဆောင်မှုတစ်ခုပါ။
webtoim လို့ခေါ်ပါတယ်။webtoim@gmail.com ကို add ပြီး
ကိုယ်မသိတာတွေအားလုံးကို မေးလို့ရပါတယ်။

နောက်ပြီး ဘယ်နှစ်နာရီရှိပြီလဲ ဆိုတာတွေကို မေးရင်လဲ အဖြေက မှန်ပါတယ်။ဥဗမာ-

What is the time in Myanmar now?
June 21st 2009, 21:09:50 MMT

What is the time in ENgland now?
June 21st 2009, 15:56:00 BST

နောက်ပြီး နာမည်မကြီးတဲ့ ဘောလုံးသမားကအစ အမှန်မတိုင်းဖြေပေးပါတယ်။

myatko: Who is Sidwell?

webtoim: Steve Sidwell (born 1982), the English football player


ဘယ်မေးခွန်းကို မဆို ဖြေကြားပေးနိုင်ပေမဲ့ နောက်ဆုံးအချက်အလတ်တွေကို
မဖြေကြားပေနိုင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအတွက် အသုံးဝင်နိုင်မယ်ထင်လို့ လို့ 
တင်ပေးလိုက်ပါတယ်။
အဆင်ပြေကြပါစေ



Saturday, July 4, 2009

G-Talk တွင် လှပဆန်းသစ်သော Smiley လေးများ ထည့်သွင်း ချက်ကြစို့ 

မသိသေးတဲ့သူတွေအတွက်ပါ ။

G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင်
"Shift" သုံးပြီး " : " အရင်နှိပ်ပါ။ ထို.နောက် အောက်ပါ အညွှန်းမှ Eng:
စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော
Smiley လေးများ ထည့်သွင်း ချက်နိုင်ကြပါသည်


အကြောင်းအရာဖေါ်ပြချက် ရိုက်ရန် မြန်မာလိုအဓိပ္ပါယ်သက်ရောက်မှူ
All the Best :atb (သိပ်ကောင်းတယ်)
Angel :angel (နတ်သမီးလေး)
Angry :angry (စိတ်ဆိုးတယ်)
Applause :clap (အားပေးပါတယ်)
Bath :bath (ရေချိုးနေတယ်)
Blushing :blush (မျက်နှာနီအောင်ရှက်တယ်)
Call me :callme (ဆက်သွယ်ပါ)
Cool :cool (အေးအေးဆေးဆေးပါ)
Crying :waa (ငိုနေတယ်)
Day Dreaming :dream (နေ.လည်ခင်းအိပ်မက်)
Dislike :naa (မကြိုက်ပါ)
Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်)
Game :game (ကစားမယ်)
Ghoting :ghoting (စဉ်းစားနေတယ်)
Good Morning :gm (ကောင်းသောနံနက်ခင်းပါ)
Good night :gn (ကောင်းသောညပါ)
Heart :heart (အချစ်)
Hi :hi (နှုတ်ဆက်တယ်)
Hai :hai (နှုတ်ဆက်တယ်)
Hug :hug (ပွေ.ဖက်မယ်)
I am Mad :mad (ငါရူးတော့မယ်)
I love you :ilu (မင်းကိုချစ်တယ်)
I miss you :imu (မင်းကိုသတိယနေတယ်)
Idea :idea (အကြံရပြီ)
Kissing :kiss (နမ်းမယ်)
Laughing :ha (ရီရတယ်)
Laughing :haha (ဟားတိုက်ရီရတယ်)
Love struck :love (ချစ်ကြောင်းပြောမယ်)
Mess :mess (စားမယ်)
Movie :movie (တီးထည့်လိုက်ရမလား)
News :news (သတင်း)
No :no (မ_ဘူး)
Not talking :calm (မပြောဘူး)
Now :now (ယခု)
On Phone :call (Ph နှင့်ပြောမယ်)
Pray :pray (ဆုတောင်းနေတယ်)
Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်)
Secret/Silent :shh (တိတ်တိတ်နေ)
Shut Up :shutup (ပါးစပ်ပိတ်ထားပါ)
Sleep :sleep (အိပ်နေတယ်)
Sleepy :zz (အိပ်ချင်ပြီ)
Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း)
Sorry :sry (၀မ်းနည်းပါတယ်)
Stop shouting :stop (နားပိတ်ထားတယ်)
Surprised :oh (အံသြတယ်)
Take care :tc (ဂရုစိုက်ပါ)
Thanks :thanx (ကျေးဇူးတင်ပါတယ်)
Wait :wait (ခဏစောင့်ပေးပါ)
Waving :bye (နှုတ်ဆက်ပါတယ်)
Worried :wor (စိတ်ပူနေတယ်)
Yahooooo :yahoo ( ရှာကြည့်ပါ)
Yes :yes (ကောင်းပါပြီ)

ထပ်ပြီးသိရှိခဲ့ရင်လည်း ထပ်တင်ပေးပါ့မယ်ဗျာ
အဆင်ပြေကြပါစေ

Saturday, June 20, 2009

gtalk မှာချက်ရင်းသီချင်းနားထောင်ချင်ရင်

gtalk မှာသီချင်းတောင်းချင်ရင်..နားထောင်ချင်ရင်..ရေဒီယိုလိုနားဆင်လို့ရပါတယ်...
ကျနော်တို့အရင်ကမြန်မာ့အသံမှာသီချင်းတောင်းသလိုမျိုးပါပဲ...
ဒါပေမယ့်ခုကတော့online ရေဒီယိုပါ...အဖြူရောင်သံစဉ်ရေဒီယိုလို့ခေါ်ပါတယ်..
ကိုယ်နားထောင်ချင်တဲ့သီချင်းကိုတောင်းဆို
လို့ရပါတယ်...တစ်ခြားသူကိုနားထောင်
စေချင်လို့ဘယ်သူကဘယ်သူ့အတွက်ပါလို့ပြောပြီးတောင်းပေးလဲရပါတယ်..ကြေငြာပေးပါတယ်.....
ချစ်သူတွေအတွက်ပိုအဆင်ပြေမယ်ထင်ပါတယ်..(ဟီး)
သီချင်းတောင်းဖို့အတွက်လိုအပ်တာကတော့....

၁။ကိုယ့်ရဲ့gtalk ကနေ..apytz.dj@apytz.net ကိုadd လိုက်ပါ..

၂။သူ့ဘက်ကaccept ပြန်လုပ်တာကိုစောင့်ပါ..တစ်ခါတစ်ခါသီချင်းတောင်းတဲ့သူများ
နေရင်နဲနဲကြာပါတယ်

၃။ accept ပြီးရင်အဲဒီapytz.dj@ရဲ့nick ကိုဖွင့်လိုက်ပါ...link ၂ခုတွေ့ပါလိမ့်မယ်...အပေါ်ကlink...http://89.238.146.148/APYTZ * ကိုclick လုပ်ပါ

၎။window media ဖြစ်ဖြစ်..တစ်ခြားmedia file ဖြစ်ဖြစ်ကျလာပြီးရေဒီယိုနားဆင်လို့ရပါပြီ...
သီချင်းတောင်းချင်ရင်တော့ကျနော်တို့gtalk ပြောသလိုပဲစာရိုက်ပြီးတောင်းလို့ရပါတယ်..
.

ကိုယ်နားဆင်ချင်တဲ့သီချင်းနာမည်ပြောပြီး
တောင်းလို့ရပါတယ်
ကျနော်သိသလောက်တော့၂၄နာရီလွှင့်ပါတယ်...အဲ..ကိုယ့်ရှေ့မှာတောင်းထားသူရှိရင်
တော့အလှည့်ကျအောင်စောင့်ရပါတယ်...

သီချင်းချစ်သူများဆန္ဒပြည့်ဝပါစေ။


Sunday, May 10, 2009

G talk ကို Run box ကနေဖွင့်ကြည့်ရအောင်

ဂျီတော့ ကို program ကနေမဖွင့်ပဲ Run box ကနေ
ဖွင့်ချင်တယ်ဆိုရင်...G talk shortcut ကို desktop ပေါ်ရောက်အောင်အရင်ပို့
ပါပြီးရင်rename လုပ်ပါ။ gt လို့ နာမည်ပေးလိုက်။ပြီးရင် အဲဒီ shortcut ကို cut လုပ်။
ပြီးရင် C:\window\system32 ထဲကို paste လုပ်လိုက်ပါ။
ဒါဆိုရင် run box ကနေ gt လို့ ရိုက်ထည့်ကြည့်ပါက Gtalk တက်လာပါလိမ့်မယ်။။
နာမည်က ကြိုက်တာပေးလို့ရပါတယ်။။
အော်နောက်ပြီး Gtalk မှမဟုတ်ပါဘူး။တစ်ခြားကိုယ်ခေါ်ခြင်တာတွေလဲ အဲဒီ system32ထဲမှာ
ထည့်ထားပြီး run box ကနေခေါ်လို့ရပါတယ်။system32 ထဲမှာရှိသမျှ အားလုံး ကို run box ကနေ အဲဒီနာမည်အတိုင်းရိုက်ခေါ်လို့ရပါတယ်။



Monday, May 4, 2009

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ

မင်္ဂလာပါဗျာ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါ

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို

ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..

(ဟီး Gtalk မှာညာတဲ့သူတွေတော့မုန်းတော့မှာဘဲ)

ကဲစပြီးစမ်းကြည့်ရအောင်

ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ..

ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ

ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ

show original ကိုဆက်လက် click ပါ

Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ



Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့

သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ


သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို

မိတ်ဆွေတို့ သိရပြီပေါ့ဗျာ

အဆင်ပြေကြပါစေ




Wednesday, March 11, 2009

Gtalk မှာဝင်ခဲ့တဲ့နာမည်တွေ မပေါ်အောင်

ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်
ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username
မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။
(ကျွန်တော်ဆိုရင် username မှာ as password မှာ as နှိပ်ပြီးနောက်
လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)ကျွန်တော်တစ်နေ့က registery ထဲဝင်
ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ
registery မှာ
Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့
gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့ ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလို
လုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး
ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ
regedit ရိုက်ထည့်ပါ။ အဲဒီကနေ
HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts
ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။
Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။
ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့

အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား
အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။
အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ်
click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။
ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ်)





mzမှ

Tuesday, March 3, 2009

Gtalk ကို တစ်ခုထက် ပိုသုံးကြမယ်

မိတ်ဆွေကြီး ကိုမောင် လာအော်သွားလို့ ပါ
ပြန်တင်ပေးလိုက်ပါပြီ
blog ပျက်သွားလို့ ပြန်ပြင်နေတာမို့ ခွင့်လွှတ်ကြပါ
ကဲကျေနပ်နိုင်ကြပါစေ။
gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။


ဂျီတောအိုင်ကွန်လေးကို Right Click လုပ်ပြီး Properties
ဝင်လိုက်ပါ..ပြီးရင်နောက်ဆုံးကstartmanu ဆိုတဲ့စာသားလေးကို
ဖျက်လိုက်ပြီးအဲဒီနေရာမှာ nomutex လို့ထည့်ပေးပြီးEnterခေါက်လိုက်
ယုံပါပဲခင်ဗျာ. ပြီးရင်တော့သင်ကျေနပ်နေပါလိမ့်မယ်ဗျာ
အဆင်ပြေကြပါစေ

Gtalk မှာ အရုပ်မျိုးစုံနဲ. ချက်ချင်ရင်တော့

My Theme.exe ပါ။ သူက ဂျီတော့ မှာ အရုပ်မျိုးစုံနဲ. ချက်လို.ရပါတယ်။
လုပ်ရမှာကတော့။ ဆော့ဝဲကို ဒေါင်းလော့လုပ်ပြီး ကလစ်နှစ်ချက်နှိပ်ပြီး Run ပေးပါ။ ပြီးရင် Gtalk Box ကိုဖွင့်ပြီး Settings ထဲကိုဝင်၊ ပြီးရင်
Appearance ထဲကို ထပ်ဝင်ပါ။ ညာဘက်ချမ်းမှာ Chat Theme ဘေးနားကမျှားလေးကို ဖွင့်ပြီး My Theme ဆိုတာကိုရွေးပေးပါ။ ပြီးရင်တော့ OK ပေါ့။ ပြီးရင် ဂျီတော့ Sign In ၀င်လို.ရသွားပါပြီ။ ပြီးရင် စမ်းသက်တဲ့ အနေနဲ.
သူငယ်ချင်းတစ်ယောက်ဆီကို :hi ဆိုပြီးစမ်းခေါ်ကြည့်ပါ။
ရေးရမယ့် Help ဖိုင်ကို လိုတာတို. Background ချိန်းချင်တာတို.ဆိုရင်တော့.၊
Start => Programs files => Dash => My Theme ရဲ့ အောက်မှာ ရှိပါတယ်။

လိုချင်ရင်တော့ ဒီမှာဒေါင်းလော့လုပ်ပါ။


galways idel

Gtalk မှာ တစ်ခါတစ်ရံ တစ်ဦးတည်းအပေါ် အာရုံစူးစိုက်ပြီး chat နေချိန်မျိုးမှာ တစ်ခြား online fri. ၀င်လာတတ်ပါတယ်။ ပြန်မဖြေရင်လည်း တစ်မျိုးတစ်မည် အထင်ခံရမယ်။ ပြန်ဖြေနေရရင်လည်း အာရုံလွင့်တော့မယ်။ ဒါဆို အနားမှာမရှိဘူးလို့ ပြောပေးမယ့် galways idel ကိုတင်ထားကြရအောင်။

galways idel ကို ဒီမှာ
download & install လုပ်ပေါ့။
ပြီးရင် taskbar မှ gtalk icon ပေါ် right click လုပ်ပြီး always idle ရွေးထားပေါ့။ မလိုအပ်တော့ရင် normal or never ပြန်ပြောင်းထားနိုင်ပါတယ်။
galways idel က သင့်ကိုယ်စား လှည့်စားပေးဘို့ plug in ထည့်ထားလိုက်ပါလား...



Gtalk နဲ့ ဟန်းဖုန်းကိုခေါ်ကြမယ်

Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။


ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို
အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ
အတွက်တော့ဝမ်းနည်းပါတယ်

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။

1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။





ညီနေမင်းမှ



Gtalk Shortcut များ

• CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
• ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
• Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
• ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
• ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
• ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။

Others
• Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ 32767 characters ထိ
ကန့်သတ်ထားပါတယ်။
• စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
• Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
• Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
• Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။




gtalk avatar လေးတွေပါ။

Gtalk သုံးတဲ့မြန်မာတွေအတွက်ခပ်မိုက်မိုက် gtalk avatar လေးတွေပါ
မိတ်ဆွေတို့ ကြိုက်ကြမှာပါနော်







ဘယ်သူတွေငါ့ကို Block ထားလည်း

ဒီတစ်ခါကျွန်တော်ဖော်ပြချင်တဲ့အကြောင်းလေး ကတော့ မိမိ ကို ဘယ် သူက Block ထားတာလည်းဆိုတာကို ကြည့်တဲ့နည်းလေး ပဲဖြစ်ပါတယ်..
အရင်ဆုံး Gtalk ကိုသွားပါ ...အဲဒီ့မှာ offline ဖြစ်နေသူတစ်ဥိးကို chat နေကျ အတိုင်း ကလစ်နှိပ်လိုက်ပါ၊ ပြီးရင်send voicemail ကို ကလစ်တချက်နှိပ်လိုက်ပါ. .... call သံကို ကြားပြီး မိန်ကလေးတစ်ဦးအသံနဲ့ The best .....ဆိုပြီးအသံနဲ့ ပေါ်လာရင် အဲဒီ့ လူဟာကိုယ့်ကို Block ထားတဲ့သူမဟူတ်ပါဘူး.... တစ်ကယ်လို့ အဲဒီ့လိုအသံမပေါ်ပဲ ခဏလေးနဲ့ ပြုတ်ကျသွားတယ်ဆိုရင်တော့ ဒီလူဟာ ကိုယ့်ကို Block ထားတဲ့သူပါ...ကဲစမ်းသပ် ကြည့်လိုက်ကြပါအုံး သူငယ်ချင်းတို့.....





















ကိုမြတ် © 2008. Template by Dicas Blogger.

TOPO