Showing posts with label ဟာ့ဒ်ဝဲလ်. Show all posts
Showing posts with label ဟာ့ဒ်ဝဲလ်. Show all posts

Saturday, August 13, 2011

ကွန်ပျူတာအစုတ်တစ်လုံးနှင့်စိတ်မညစ်စေဖို့ ရာ



အခုတလောလူတိုင်းစိတ်ဝင်စားလာ အလွယ်တကူကိုင်ဆောင်လို့ ရပြီးစတိုင်ထုတ်လို့ ကောင်းတဲ့
NOTE BOOK လို့ ခေါ်တဲ့လပ်တော့ပ်ကွန်ပျူတာလေးတွေဟာ။ဈေးနှုန်းတွေလည်းအတော်ချိုသာ
လာတာတွေ့ ရပါတယ်။သွားလေရာမှာယူဆောင်ရလွယ်ပြီးအလုပ်လည်းအတော်ဖြစ်ကြတော့
လူတိုင်းကိုင်ဆောင်ချင်လာကြပါတယ်။
အဲ့နေရာမှာ အသစ်အသစ်ဆိုပြီး ပိုက်ဆံတတ်နိုင်သူတွေရှိသလို။လုပ်ငန်းအတွက်တကယ်လိုအပ်ပြီး
ပိုက်ဆံရောစီးပွားရေးအတွက်ပါသုံးမဲ့သူတွေအတွက်လည်း။တပတ်ရစ်လပ်တော့ပ်ဈေးကွက်က
ကျယ်ပြန့် လာပါတယ်။တစ်ချို့ ကလည်း အသစ်ဘယ်လောက်ကောင်းကောင်းဘရန်းတက်လို့ 
ခေါ်တဲ့နာမည်ကြီးတပတ်ရစ်လပ်တော့ပ်တွေရဲ့ခိုင်မာမှု့ အကြမ်းခံမှု့ တွေကိုနှစ်သက်ပြီး
ဘရန်းတက်တပတ်ရစ်လပ်တော့ပ်တွေကိုကိုင်ဆောင်ကြပါတယ်။
တပတ်ရစ်လပ်တော့ပ်ကိုဝယ်ယူရာမှာ အာမခံနည်းပါးမှု့ ။ပြန်လည်ပြုပြင်ထားမှု့ ။
တချို့ စက်တွေမှာမမြင်ရတဲ့ပြစ်ချက်ပေါင်းများစွာရှိမှု့ တွေနဲ့ အတူ စိတ်ညစ်စရာတွေ
ဖြစ်ပေါ်လာပြီး တပတ်ရစ်ကွန်ပျူတာလပ်တော့ပ့်ကိုမသုံးစွဲချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။

ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်။တပတ်ရစ်လပ်တော့ပ်ကိုကိုင်ဆောင်တော့မယ်ဆိုရင်တော့ဖြင့်
အောက်ကအချက်များကိုမှတ်သားပြီးဝယ်ယူပါကအတော်အတန်စိတ်ညစ်မှု့ ပြေပျောက်ပါလိမ့်မယ်။
တပတ်ရစ်လပ်တော့ကိုဝယ်ယူတော့မယ်ဆိုရင်ဖြင့်.....

ပထမဦးစွာ လပ်တော့ပ်ဘော်ဒီကိုသေချာကြည့်ရှု့ ပါပြုတ်ကျလို့ ကွဲပြီးပြန်ဖာထေးထားတာ
တွေရှိလားဆိုတာ။

CPU ရဲ့တန်ဖိုးကို ကြည့်ပါ။အိမ်သုံးကွန်ပျူတာတွေမှာ CPU ကိုအဆင့်မြှင့်တာလွယ်ပေမဲ့
လပ်တော့ပ်မှာတော့။CPU လဲလှယ်ဖို့ အဆင်မပြေဘူးဆိုတာသတိရပါ။

လပ်တော့ကိုပါဝါဖွင့်ပြီး စမ်းပါက ဟာ့ဒ်ဒစ်ကနေအသံတွေအတော်ထွက်နေပြီလားဆိုတာ
နားထောင်ပါ။အသံထွက်နေပါကမကြာခင်မိတ်ဆွေဆီကနေပိုက်ဆံထပ်ထွက်တော့မှာပါ။


လပ်တော့မှာ WIFI တံဆိပ်ပါရှိတယ်ဆိုပြီး ရမ်းသမ်းမယူပါနဲ့  တချို့ လပ်တော့တွေကအင်တာနယ်
ဆားကဒ်ပျက်နေတတ်သလို။ဝိုင်ဖိုင်ကဒ်မပါလာတာတွေရှိပါတယ်။


USB function အပေါက်တွေအလုပ်လုပ်မလုပ်စမ်းကြည့်ပါ။တစ်ပတ်ရစ်လပ်တော့ပ်တွေမှာ
USB functionတွေပျက်စီးတတ်တာတွေရှိတတ်ပါတယ်။

Optical Drive လို့ ခေါ်တဲ့ CD,DVD ,ကိုအခွေထည့်ပြီးဖတ်မဖတ်သေချာစမ်းကြည့်ပါ။
သူလည်းအပျက်များတဲ့စာရင်းမှာပါပါတယ်။

ကီးဘုတ်ကစာတွေအကုန်ရိုက်ရမရnotepad or wordနဲ့ 
သေချာစွာစစ်ဆေးပါ။အိမ်ကျမှဟိုဟာနှိပ်မရဒီဟာနှိပ်မရနဲ့ ဖြစ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့မောက်စ်အလုပ်လုပ်မလုပ်စစ်ဆေးပါ။လပ်တော့မော့က်စ်တွေလည်း
ကပ်ပြီးကြောင်တောင်တောင်လုပ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့ NETWORK အပေါက်ကောင်းမကောင်း တပ်ဆင်စစ်ဆေးပါ။

လပ်တော့ပ်ပုံဖော်မျက်နှာပြင်မှာတုန်နေတာကြာမှမှိန်သွားတာ။တဖြတ်ဖြတ်ခပ်နေတာတွေ
ရှိမရှိ။ပုံဖော်မျက်နှာပြင်မှာပစ်ဇယ်လို့ ခေါ်တဲ့အစက်အပြောက်ရှိမရှိကိုတည်ငြိမ်တဲ့နောက်ခံ
ပုံဖော်ပြီးစစ်ဆေးပါ။

ဒါတွေအားလုံးကောင်းမွန်ပါကစတင်ဈေးဆစ်ကာဝယ်ယူပါလို့ အကြံပေးပါတယ်။

တပတ်ရစ်ကွန်ပျူတာစိတ်ညစ်မှု့ ကင်းဝေးကြပါစေ။


အဆင်ပြေကြပါစေဗျာ။









Saturday, April 16, 2011

Harddisk ကိုလေ့လာကြည့်ခြင်း



Hard Drive ဆိုသည်မှာ

Hard Disk Drive သည် Non Volatile Disk Drive တစ်ခုဖြစ်သည်။ ၄င်းထဲရှိ အကြောင်းအရာများကို အသုံး ပြုသူ User က မဖျက်သရွေ့တည်ရှိနေတတ်သည်။ Hard Disk ကို Non Volatile Storage Device အုပ်စုထံမှ Primary Storage Device ဟုလည်းခေါ်သည်။ HardDisk သည် ၄င်းထံရောက်ရှိလာသော Data များကို Digitally Encoted လုပ်ပြီး Magnetic Coded လုပ်ထားသော သံ လိုက်ရည် Platters များပေါ်၌ သိမ်းဆည်းထားခြင်း ဖြစ်သည်။

Hard Disk ကို အဓိကအားဖြင့် အပိုင်း ၉ ပိုင်း ခွဲခြား ကြည့်နိုင်သည်။

(၁) Disk Platters

(၂) Head Arm

(၃) Chassis

(၄) Head Aetuator တို့ ဖြစ်ကြသည်။



Platter Technology ကိုလေ့လာခြင်း
Hard Drive များ၏ Platter များသည် Magnetic Code ဖြင့် ပြုလုပ်ထားသည်ဆိုသော်လည်း Maganetic အစစ်မဟုတ်ပဲ Non Magnetic Material များဖြစ်သော Glass (သို့) Aluminium တို့ဖြင့် ပြုလုပ်ကာ မျက်နှာပြင် များကို Maganetic Material (သံလိုက်ရည်) များကို ပါးလွာ စွာ လိမ်းသုတ်ထားခြင်းဖြစ်သည်။ ယခင် Hard Drive များသည် Irons Oxide ကို ၄င်း Magnetic Meterial အဖြစ်သုံးကာ၊ ယခု Hard Disk များတွင်မူ Alloy ကို အခြေခံထားသော Eo balt ဟုခေါ်တွင်သော Material ကို အသုံးပြုကြသည်။






Hard Crashes ဘာကြောင့်ဖြစ်ရသလဲ

Hard Crashes ဖြစ်ရခြင်း၏ အဓိကအကြောင်းမှာ Disk Platter များပေါ်မှ Thin Magnetci Film ကို ပွတ်တိုက် မိရမှ Head Crashes ဖြစ်သွားတတ်သည်။ Head Crashes ဖြစ်ခြင်းမှ Head သည် Platter မျက်နှာပြင်ပေါ်မှ တရွတ် တိုက်ပွတ်ဆွဲခြင်းကြောင့် Hard Disk Filure များ ဖြစ်သွား တတ်သည်။

Heard Crashes ဖြစ်ရသော အကြောင်းများကို ဆန်းစစ်ကြည့်ပါက -

(၁) Electronic ပိုင်းတွင် Failure ဖြစ်ခြင်း
(၂) လျှပ်စစ်ဓာတ်အား မတည်ငြိမ်ခြင်းနှင့် ရုတ် တရက် ပြတ်တောက်ခြင်း
(၃) ရုပ်ပိုင်းဆိုင်ရာအရ Shock ဖြစ်သွားခြင်း
(၄) သက်တမ်းကြာလာသည်နှင့်အမျှ တိုက်စား လာခြင်း
(၅) ထုတ်လုပ်သူ အရည်အသွေး ကျဆင်းခြင်းတို့ ကြောင့် ဖြစ်သည်။



Hard Disk အမျိုးအစားများ
Hard Disk များတွင် ၄င်းတို့၏ brand အလိုက် ထုတ်လုပ်သော ကုမ္ပဏီများရှိသည်။ ၄င်းတို့ထဲ မှ ထင်ရှား သော နာမည်ကြီး Brand Hard Disk များမှာ
Segate Hard Disk
Quanturn Hard Disk,
IBM Hard Disk,
Fujitsu Harddisk နှင့်
Hitachi Hard Disk
တို့များ ဖြစ်ကြသည်။ ယင်း Hard Disk များတွင် ပုံစံအမျိုးမျိုးအလိုက် အားသာချက်၊ အားနည်းချက်များ ကိုယ်စီရှိကြပြီး အသုံးပြုရလွယ် ကူချောမွေ့လေ့ရှိကြပေသည်။





Hard Disk ပျက်ရခြင်းကိုသရုပ်ခွဲလေ့လာခြင်း

Hard Disk တစ်ခု ပျက်စီးသွားခဲ့ပါက ယင်း Hard Disk ၏ ပိုင်ရှင်အနေဖြင့် သူ၏ အရေးကြီးပါသော Data များကို တစ်ပါတည်း ဆုံးရှုံးသွားနိုင်သည်။ ဤကဲ့သို့ Hard Disk ပျက်စီးခြင်း၏ အကြောင်းတရားကို လေ့လာကြည့်ပါ က အောက်ပါအချက်(၄)ချက်ထဲတွင် ပါဝင်နေသည်ကို တွေ့ရသည်။

(၁) Firmware ပျက်စီးခြင်း
(၂) Electronic ပိုင်း ပျက်ခြင်း
(၃) Mechnical ပိုင်း ပျက်ခြင်း
(၄) loginal ပိုင်း ပျက်ခြင်း
စသည်တို့ဖြစ်သည်။




Firmware ပျက်စီးခြင်း

Firmware သည် ကွန်ပျူတာမှ HardDisk သို့ ဆက် သွယ်သောနေရာတွင် မှန်ကန်သော ဆက်သွယ်မှုများ ပြုလုပ်ရန်လိုအပ်သော Information များကို ထိန်းသိမ်း ထားသောနေရာဖြစ်သည်။ ထို့ကြောင့် မည်သည့်အကြောင်းနှင့် Firmware ပျက်ပျက်၊ ကွန်ပျူတာမှ Hard Disk သို့ ဆက်သွယ်ရာတွင် မှန်ကန်စွာ ဆက်သွယ်နိုင် တော့မည်မဟုတ်ချေ။



Electronic ပျက်စီးခြင်း
Hard Disk ၏ Electronic ပိုင်းသည် ၄င်း၏ အောက်ဘက်၌ရှိသော Circuit Board ဖြစ်သည်။ Hard Disk အတွင်း၌ Electronic ပိုင်း ပျက်သည်ဆိုသည်မှာ ယင်း Circuit Board ကို ထိခိုက်သွားသောကြောင့် ဖြစ် သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ Power ကြောင့်ဖြစ်ပြီး Voltage မတည်ငြိမ်သောအခါမျိုးများတွင် Electrical နှင့် ပတ်သက်ပြီး ဖြစ်တတ်ပေသည်။





Mechnical ပိုင်း ပျက်ခြင်း

Hard Disk တစ်ခုတွင် Mechnical ပိုင်းပျက်ပါက ၄င်းအတွင်းရှိ Data များကို ပြန်ရရှိရန် မလွယ်ကူနိုင်ပေ။ Mechnical ပိုင်းပျက်ခြင်းသည် ပုံစံ အမျိုးမျိုး ဖြစ်နိုင်ပေ သည်။ မော်တာပျက်ခြင်းလည်း ဖြစ် နိုင်သလို၊ Read/Write Head များ ပျက်ခြင်းနှင့် Head Crash ဖြစ်ခြင်းများ လည်း ဖြစ်နိုင်ပေသေးသည်။

Mechnical ပိုင်း ပျက်ခြင်းရဲ့ အဓိကအကြောင်း တွေကတော့ -

(၁) Shock ဖြစ်၍သော်လည်းကောင်း

(၂) ကွန်ပျူတာအရွှေ့အပြောင်း အခန့်မသင့်၍ သော်လည်းကောင်း

(၃) Read/Write Head များ ပျက်၍သော် လည်းကောင်း

(၄) Power မတည်ငြိမ်သော်ကြောင့်လည်းကောင်း

(၅) Static Charge ကြောင့်သော်လည်းကောင်း ဖြစ်တတ်ကြသည်။



Logical ပိုင်း ပျက်စီးရခြင်း

Hard Disk တစ်ခုတွင် Logical ပိုင်း ပျက်ရခြင်းမှာ ၄င်းအထဲမှာ Data fite များကို ပြန်ခေါ်လို့ မရတော့ဘဲ ပျက်စီးခြင်းကို ခေါ်သည်။ Data အရေးမကြီးသူများ အတွက်တော့ Had Disk ကို Partation အပိုင်း Format ချပြီး ပြန်သုံးနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် Physically HardDisk ပျက်စီးခြင်း မဟုတ်သောကြောင့်ဖြစ်ကာ၊ ယင်းအခြေအနေတွင် Data များကို Recovery Software များဖြင့် ပြန်လည်ကယ်ဆယ်နိုင်သည်။




Hard Disk အသံမြည်ခြင်း

Hard Disk အတွင်းမှ ``ကကောင်´´ ``ကကောင်´´ ဟူ၍ စက္ကန့်အလိုက် အသံထွက်နေခြင်း ကွန်ပျူတာမှ နေ၍ Hard Disk ကို မတွေ့ခြင်း Hard Disk Not Found, Primary Hard Disk Failure ဟူသော Error များ ပေးနေပါ က Mechnical ပိုင်း ပျက်ခြင်းဟု ယူဆကာ Hard Disk အသစ်လဲလှယ်သင့်ပေသည်။







Bad Sector ဆိုတာဘာလဲ
Hard Disk ၏ မျက်နှာပြင်ပေါ်၌ ဖတ်မရသော ဧရိယာများကို Bad Sector ဟုခေါ်သည်။ ဘာကြောင့် Bed Sector ဖြစ်ရသလဲဟု လေ့လာလျှင် -

(၁) Hard Disk ၏ သက်တမ်းကြာလာခြင်း

(၂) Hard Disk တွင် အပူချိန်မမှန်ခြင်း

(၃) Head Carsh ဖြစ်ခြင်း

(၄) Voltage မမှန်ခြင်းတို့ကြောင့်ဖြစ်သည်။

အကယ်၍ အရေးကြီးသော Data များသည် Bad Sector ပေါ်ရောက်နေပါက Data များ ပြန်ရရန် အင်မတန်ခဲ ယဉ်းလှပေသည်။ Bad Sector ရှိသော Hard Disk တစ်ခုတွင် အောက်ပါလက္ခဏာများကို တွေ့ရ တတ်သည်။

(၁) Hard Disk အလုပ်လုပ်ခြင်း နှေးကွေးလာ သည်။

(၂) Windows အတက်နှေးလာသည်။

(၃) Data များခေါ်မရသည်အထိ ဖြစ်လာတတ် သေးသည်။

အထက်တွင်ဖော်ပြခဲ့သော အကြောင်းအချက်တို့ မှာ ပင်မ Storage Device, Hard Disk ၏ အရေးပါပုံ၊ အလုပ်လုပ်ပုံ ၄င်းတို့တွင် မည်ကဲ့သို့သော အားသာချက်၊ အားနည်းချက်များရှိတတ်သည်တို့ကို ကွန်ပျူတာအသုံးပြု သူ လူငယ်များ သတိထားမိစေရန် ရည်သန်ပါသည်။







refferr to >>> http://www.knowledgebridge.net

Sunday, March 27, 2011

ကျွှနုပ်နှင့်လပ်တော့ကီးဘုတ်ပြသနာ

ကျွန်ုပ်သည်ဝါသနာထက်သန်ခဲ့သာကွန်ပျူတာစက်ပြင်ခြင်းလုပ်ငန်းများကိုစွန့် လွှတ်ကာ
ကုမ္မဏီဟုခေါ်သောစာရေးစာချီအလုပ်တွင်လုပ်ကိုင်နေစဉ်။
ကိုယု(ကိုဆန်းဝင်း)ခေါ်ကျွနုပ်နှင့်ကုမ္မဏီတစ်ခုထဲနေမုံရွှာရွှေညာသားသည်
ကျွန်ုပ်ဘလော့ဂ်နှင့်နည်းပညာဘလော့ဂ်များကိုလိုက်လံလေ့လာပြီးသကာလ
ကွန်ပျူတာပညာများကိုအတတ်ကြီးတတ်ကာသူ့ ကွန်ပျူတာကိုတစ်စဆီဖြုတ်ကာ
သန့် ရှင်းရေးလုပ်လေတော့သည်ထိုအခါတွင်သူအားပါသွားသည့်အတွက်ကြောင့်
သူ့ ကွန်ပျူတာကီးဘုတ်ကော်နက်တာသည်ကျိုးထွက်သွားလေတော့သတည်း။
ကီးဘုတ်ကော်နက်တာကျိုးသွားပုံ။


ထိုအခါကွန်ပျူတာကိုပြန်လည်တပ်ဆင်သောအခါ Aနှိပ်မရ။Bနှိပ်မရနှင့်ပသနာကြုံပါလေတော့သတည်း
ထိုအခါမှကွန်ပျူတာဆရာပေါက်စကိုယုသည်လုပ်ပါဦးဗျကီးတွေနှိပ်မရဖြစ်ကုန်ပြီကြံပါဦးဟု
အကူအညီတောင်းလေတော့သည်။ထိုအခါကျွနုပ်လည်းတွေ့ ကြုံခဲ့သည့်နည်းပညာ
များကိုတွေးတောကာအကြံထုတ်ပြီးပြုပြင်လေတော့သည်။

ပထမဦးစွာကျိုးသွားသည့်ကော်နက်တာclipကိုအကျိုးအတိုင်းပြန်လည်တပ်ဆင်ပါသည်။



ကီးဘုတ်ကော်နက်တာcableကိုဂရုတစိုက်ဖြေးညှင်းစွာတပ်ဆင်ပါသည်။



ထို့ နောက်ကော်နက်တာClipကိုပြန်ဖိပါသည်



ပြီးလျှင်ကြိုးမလွတ်ရလေအောင်တိပ်နှင့်ကပ်ကာတပ်ဆင်ပါသည်။


ထို့ နောက်လပ်တော့ကိုသုံးကြည့်သောအခါကောင်းမွန်သွားသည်ကိုတွေ့ ရလေတော့သတည်း။



ထိုအခါကွန်ပျူတာဆရာကိုယုသည်လည်းထိုကဲ့သို့ ပြုံးနိုင်လေသတည်း။

Friday, June 11, 2010

ကျွှန်ုပ်နှင့် LAPTOP MEMORY ပြသနာ

တစ်နေ့ သောအခါ ကျွှနုပ်မြတ်ကိုနှင့် တပည့်ကျော် ငလတ်တို့ နှစ်ဦး
အလုပ်များကိုမရှိချင်ယောင်ဆောင်ကာအလုပ်အားလျှက်ရှိကြလေသည်။
ထိုအခါကွန်ပျူတာဆရာကြီးနေမင်းထွန်း laptop ကွန်ပျူတာကိုအိတ်ထဲထည့်ကာ
ရောက်လာပြီးလျှင် ကိုမြတ်ကို လုပ်ပါဦးဗျ ကျွှန်တော်ဒီ Laptop မှာ memory 256Mb နှစ်ချောင်းထည့်
ထားတာ 512Mb ဖြစ်ရမှာ အခုသူမှာ 256Mb ဘဲပြနေတယ်ဟု ခေါင်းကုတ်ကာညီးတွားလေ၏
ကျွှန်ုပ်တို့ နှစ်ဦးလည်း ကလိချင်သောစိတ်ကရှိနေသောကြောင့် သူ၏ laptop အစုတ်ကို
စစ်ဆေးလေတော့သည်

သူ၏ laptop တွင် memory ထည့်ထားသည်မှာတကယ်ပင် 256Mb နှစ်ချောင်းဖြစ်သည်ကို
တွေ့ ရလေ၏



ထိုအခါစက်ကိုဖွင့်လျှက် BIOS တွင်သူပြောသလိုဟုတ်မဟုတ်စစ်လေရာ
သူပြောသည့်အတိုင်း256 Mb သာ စက်ကသိရှိသည်ကိုတွေ့ ရလေ၏



ထိုအခါ ကျွှနုပ်လည်း ထို laptop ထဲမှ memory နှစ်ချောင်းစလုံးမှတစ်ချောင်းချောင်းမကောင်း
ဟုထင်ကာဆိုင်မှတခြား laptop ထဲတွင်ထို memory 256Mb နှစ်ချောင်းစလုံးကိုတပ်ဆင်ပြီးစမ်းကြည့်ရာ
ထို memory နှစ်ချောင်းစလုံးအတူတွဲလျှက်ကောင်းမွန်စွာ အလုပ်လုပ်ကြသည်ကိုစိတ်ညစ်စွာ
တွေ့ ရလေ၏..


ကျွှနုပ်လည်းထိုlaptop တွင် ဘာကြောင့် memory တစ်ချောင်းဘဲတက်သည်ကိုစစ်ဆေးကြည့်ရာ
ထို laptop ရှိ memory slot တစ်ခုသည်အလုပ်မလုပ်သည်ကိုတွေ့ ရှိရလေသည်။


ထိုအခါကျွှနုပ်သည်ကိုနေမင်းထွန်းကို ကိုနေမင်းထွန်းနင့် laptop တော့ memory slot
တစ်ခုတော့လစ်သွားပြီ
အသစ်တစ်လုံးသာဝယ်ပေတော့ဟုအားပေးစကားပြောလေ၏

ထိုအခါကိုနေမင်းထွန်းသည်သည် ကိုမြတ်ကိုရယ်ကျွှန်တော့်ဆီလာတုန်းက
သူ့ laptop က memory 512Mb ပြတယ်ဗျ
အခုကျွှန်တော်ဝင်းဒိုးတင်ရင်းနဲ့  ဖြစ်သွားတာဗျဟုစိတ်ညစ်စွာပြောလေ၏
ထိုအခါကျွှနုပ်လည်း ဒါဆိုကိုနေမင်းထွန်းရေရေ ငါအင်တာနက်ကနေရှာတွေ့ 
ထားတဲ့နည်းတော့သုံးကြည့်မယ်
ရမရတော့မသိဘူးလုပ်ကြည့်ရမလားပြောရာ စမ်းကြည့်ဗျာဟုဆိုသဖြင့်
ကဲအားပုနင်ညတုန်းကတီးတဲ့ဂစ်တာပတ်ထရန်လေးငါ့ကိုပေးဟုတောင်းကာ
ပေါက်ကရ laptop ပြင်နည်းကိုစတင်လေ၏
ဒါကတော့ဂစ်တာပတ်ထရန်ပါ



ဒီလိုလေးကလိလိုက်တယ်



ပြီးတော့ဒီလိုလေးအုပ်လိုကတော့


ဒီလိုလေးကိုနေမင်းထွန်းဆီလာသလိုမျိုးဖြစ်သွားပါလေရော




ထိုအခါကွန်ပျူတာဆရာကြီးကိုနေမင်းထွန်းသည်များစွာဝမ်းသာကာ
ပျော်ရွှင်စာဖြင့်
ပြန်သွားလေတော့သည် ။

အဆင်ပြေကြပါစေဗျာ။


မှတ်ချက်အိန္ဒိယမှဟက်ကာ(laptoprepair101)ဆီမှအကြံညဏ်ရယူပါသည်

Thursday, June 10, 2010

Quick Format နှင့် Regular Formatအကြောင်း

ဟ့ဒ်ဒစ်စ်ကိုအကြောင်းအမျိုးမျိုးကြောင့်ဖော်မက်တွေချကြပါတယ်။အဲ့ဒီမှာ
Quick Format နှင့် Regular Formatဆိုတဲ့အပိုင်းလေးတွေကိုသတိမထားမိဘဲ
အလွယ်တကုချကြတာကိုတွေ့ ရပါတယ်။
အဲ့ဒီအကြောင်းကိုသိပြီးလုပ်ဆောင်ရင်ပိုကောင်းမယ်ထင်လို့ ဒီပို့ စ်လေးကိုတင်
ပေးလိုက်ပါတယ်။

ကျွန်တော်တို့ Windows တင်တဲ့အခါမှာ Hard disk formatting နဲ့
ပက်သက်လို့ အောက်ပါအတိုင်းတွေ့ရပါတယ်။
တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး
NTFS File System ဘဲ ပါပါတော့တယ်။နောက်ပြီး no Changes
လဲ ပါမလာတာတွေ ရှိပါတယ်။
Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။

ဒီနေရာလေးထဲမှာ

Format the partition by using the NTFS file system (Quick)
Format the partition by using the FAT file system (Quick)
Format the partition by using the NTFS file system
Format the partition by using the FAT file system
Leave the current file system intact (no changes)


Quick Format


ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက
File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို
Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သားနဲ့
bad Sectors ကို Scan မလုပ်ဘဲ badsector ကိုကျော်ပြီး ကောင်းတဲ့
နေရာမှာဘဲ တင်သွားတာပါ။
ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေမဲ့ bad Sectors တွေကို
Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ Bad Sectors ရှိရဲ့သားနဲ့
မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင်
Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။
Disk Error ရှောင်ရှား နိုင်သလား ကိုယ်တိုင် စဉ်းစားကြည့်ပါ။

Regular Format

Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။
Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ
Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင်
Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။
ဒါကြောင့် Regular နဲ့ Quick ဘယ်သူ ပိုကောင်းသလဲ

ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ကျပါတော့။

ဒာချိန်လေးနဲနဲပေးရတာ ဘာမှ မကြာပါဝူးရယ်...ပြီးတော့ ဟက်ဒစ်တွေကလည်း
ပမာဏများတာရှိရင်လည်း သီးခံပြီးပေးကြပါ..ကျွန်တော်ဆို
ဟက်ဒစ် ဂစ် ၁၀၀၀ ကို ၂၀၀ဂစ်ဆီ (၅) ခုခွဲပြီး regular format နဲ့ ပေးတာ
၃ နာရီခွဲကြာခဲ့တယ်...


အဆင်ပြေကြပါစေဗျာ။






Sunday, March 28, 2010

ကြုံခဲ့ရဘ၀မှတ်တမ်း(၂)

ကျွှန်ုပ်နှင့် ၀င်းဒိုးအသစ်တင်မရခြင်းပြသနာ

တစ်နေ့ သတွင်ကျွှန်ုပ်မြတ်ကိုနှင့်တပည့်ကျော်ငလတ်တို့ သည်
အလုပ်ကိုခိုကပ်စွာမလုပ်ဘဲအားနေကြ သဖြင့်အထူးပျော်ရွှင်လျှက်ရှိကြပေသည်။
ထိုအချိုန်တွင်အီကြာကွေးဟုခေါ်သောနိုင်ငံကျော်ကွန်ပျူတာဆရာကြီးသည်သူ၏
SYSTEM ပုံးကြီးကိုမကာကျွှန်ုပ်တို့ အလုပ်ထဲသို့ ရောက်ရှိလာလေတော့သည်။
ကျွှနုပ်လည်းဆရာအီကြာကွေးဘာဖြစ်လာပြန်ပြီလည်းဟုမေးလေရာ
မပြောချင်တော့ပါဘူးဆရာမြတ်ရယ်ဒီကွန်ပျူတာကိုဝင်းဒိုးအသစ်တင်တာ
CD ROM မကောင်းဘူးစစ်ပါကြီးဘဲပြောနေတယ်ကျွှန်တော်ဝယ်လဲ
တာအခုCD ROMအသစ်နဲ့ တင်တာလည်းမကောင်းဘူးလုပ်နေတယ်
ကြည့်စမ်းပါဦးဟုဆိုလေသည်။ထိုအခါကျွှန်ုပ်လည်းဝင်းဒိုးခွေထည့်ကာ
ဝင်းဒိုးအသစ်တင်ကြည့်လေရာဖော်မက်ချတဲ့အပိုင်းထိအကောင်း
အတိုင်းအလုပ်လုပ်လျှက်ဖော်မက်ချပြီးဝင်းဒိုးခွေကိုကော်ပီ ကူးသည့်
အပိုင်းကျမှCD ROMမကောင်းပါပြန်စစ်ပါဟုစာတန်းပေါ်လာလေသည်
ထိုအခါကျွှန်ုပ်လည်းCD ROM ကိုကျွှန်ုပ်တို့ အလုပ်မှဝင်းဒိုးတင်နေကြ
CD ROM နှင့်တင်လည်းထိုအပိုင်းတွင်CD ROM မကောင်းပါဟုသာ
ပြောနေလေသည်။ထိုအခါကျွှန်ုပ်တတ်သမျှပညာထဲမှအကုန်ဖြုတ်လဲခြင်း
ပညာကိုအသုံးပြုကာတစ်ခုခြင်းလဲထည့်ကာစမ်းသပ်ပြီးဝင်းဒိုးတင်ကြည့်လေရာ
အီကြာကွေးကိုပြသနာပေးသောသကောင့်သားSYSTEM ပုံးမှာMEMORY
လဲကာဝင်းဒိုးတင်တော့မှကောင်းမွန်စွာအလုပ်လုပ်လျှက်ဝင်းဒိုးအသစ်
တင်ခြင်းကိုပြီးဆုံးခြင်းသို့ ရောက်ရှိလေသည်ထိုအခါဆရာအီကြာကွေးသည်
ပျော်ရွှင်လျှက်ကျွှန်ုပ်တို့ ဆရာတပည့်များအားကော်ဖီများတိုက်။မုန့် များကျွှေးကာ
ပျော်ရွှင်စွာပြန်သွားလေတာ့သည်။

အဆင်ပြေကြပါစေဗျာ။

Tuesday, March 16, 2010

ကြုံခဲ့ရဘ၀မှတ်တမ်း(၁)

ကျွှန်တော်ကွန်ပျူတာပြင်ခဲ့တဲ့ အတွေ့ အကြုံတွေကိုဖေါ်ပြသွားပါ့မယ်

ဒီနေရာမှာသီအိုရီဆခွဲကိန်းတွေနဲ့ ကိုက်ညီမှူရှိနိုင်သလို ။

မကိုက်ညီမှူတွေရှိနေတာတွေလည်းတွေ့ ရမှာပါဒါပေမဲ့ 
တကယ့်အပြင်ဘ၀ကအဖြစ်အပျက်တွေနောက်
ပညာရပ်ကိုလိုက်စားနေတဲ့ဘ၀တူညီအကိုတွေအတွက်ရေးသားတင်ပြလိုက်ပါတယ်။

အဓိကသူကတော့ဂျီတော့ခ်မှာမေးလည်းမေးဆူလည်းဆူတတ်တဲ့တူဂျီးပေါ့



ကျွှန်နုပ်နှင့် IDE ပြသနာ

တစ်နေ့ သတွင်ကျွှန်နုပ်ဆီသို့ ဝင်းဒိုးမတက်သော SYSTEMပုံးတစ်ပုံးကိုအီကြာကွေးဟုခေါ်သောငနဲသားမိတ်ဆွေ
တစ်ဦးထမ်းလာကာမျက်နှာစပ်ဖြဲဖြဲနှင့် ဆရာမြတ် ၀င်းဒိုးတွေကျွှန်တော်တင်နေတာမတက်ဘူးဖြစ်နေတယ်ကူညီပါဟုပြောလေသည်။
သူ သည်ကျွှနုပ်သိသလောက်ကွန်ပျူတာဝါသနာပါသလို ကလိတတ်သူတစ်ဦးဖြစ်ချေကားသူဝင်းဒိုးတင်မရသော SYSTEM ပုံးကို
သေချာစွာစစ်လေ၏ အတန်ငယ်သေချာစစ်ပြီးသောအခါ ဘာမှမမှားယွင်းဟုယူဆလျှက် ၀င်းဒိုးတင်လေရာ
copying file သို့ အရောက်တွင်ဆက်လက်မသွားဘဲရပ်တန့် နေလေသည် ကျွှန်ုပ်လည်း
ခါတိုင်းကဲ့သို့ ပင်စောင့်စားနေရာဝင်းဒိုးမှာထိုအတိုင်းကဲ့သိုပင်ရှိမြဲရှိနေလေသည် ထို့ ကြောင့်ကျွှန်ုပ်လည်းစက်ကိုရီစတက်ချပြီးထပ်တင်လေရာ
ထိုနေရာတွင်ပင်ရပ်နေလေသည်။
ကျွှန်ုပ်လည်းဟိုပြောင်းဒီပြောင်းနှင့်ချွှေးဒီးဒီထွက်ကာအထပ်ထပ်အခါခါပစ္စည်းတစ်ခုပြီးတစ်ခုလည်းကာ
ဝင်းဒိုးဟုခေါ်သော O.Sကိုတင်လေရာနောက်ဆုံး IDE ကြိုး 80PIN တွငအနီဘက်မှကြိုးမှာနှစ်ပင်ပျက်လျှက်ရှိနေသည်ကိုကြွက်သော်
၎င်းအီကြာကွေးသော်၎င်းကိုက်ထားသကဲ့သို့ နှစ်ပင်တိတိပြတ်နေသည်ကိုတွေ့ ရ၏
ထို့ ကြောင့်ကျွှန်ုပ်လည်း ဟာ့ဒ်ဒစ်ကိုဆက်သွယ်ထားသောကြိုးအားအသစ်လဲကာဝင်းဒိုးကို
တင်လေရာအကုန်အဆင်ပြေစွာကောင်းမွန်သွားသည်ဖြစ်သဖြင်အီကြာကွေးဟုခေါ်သောဆရာကလိသည်
လ္ဘက်ရည်တိုက်ကာကျေးဇူးတင်ခြင်းကိုခံခဲ့ရလေသတည်း။


ဆက်လက်ဖေါ်ပြပါမည်

Wednesday, May 27, 2009

မိမိရဲ့ hard disk ကိုဝန်မပိစေဘဲပေါ့ပေါ့ပါးပါးလေးသုံးမယ်

ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို
Waste capacity ကို များစွာပေးထား တာပါ
ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)
အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ…….


Hard disk ကို Defragment ဘာကြောင့်လုပ်သင့်သလဲ

ကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့
ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။
Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။ Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါ
သို့သွားပါ ဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ပြီးရင်တော့Defragment
ခလုပ်လေးကိုနှိပ်ပြီးလုပ်လိုက်ရုံပါဘဲဒါပေမဲ့
ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။
Hard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။ Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့် Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်Start>Programs>Accessories>System Tools>Scan Disk သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။



Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။



System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့်မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး

အဆင်ပြေကြပါစေဗျာ

Friday, May 15, 2009

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Overheating

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။
တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး
Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို

ချက်ခြင်းစစ်ဆေးသင့်ပါတယ်။

Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့
အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကို
BIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်း
ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်
တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။





shareby ===mmcyber

Monday, May 11, 2009

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Hard disk drives

ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk
ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
Start>Programs>Accessories>System Tools>Disk Defragmenter
ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့်
ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်
များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…
software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ
အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။

ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊
bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။

Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး
လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။

သတိပြုနိုင်ကြပါစေနောက်အကြောင်းတွေကိုလည်းဆက်ဖေါ်ပြပါ့မယ်



shareby ===mmcyber


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ memory

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်နောက်ပြသနာတစ်ခုက

memory ပါ သူ့  ပြဿနာကလည်း Blue death screen တက်လာပြီး
Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။

fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory
ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။

memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……
..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။

သတိပြုနိုင်ကြပါစေနောက်အကြောင်းတွေကိုလည်းဆက်ဖေါ်ပြပါ့မယ်



shareby ===mmcyber

Sunday, May 10, 2009

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Software

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်ပြသနာတစ်ခုက
ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း
ကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှ
စနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကို
ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ်
Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ
သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall
လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။Registry ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။
Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင်
အသစ်တင်လိုက်တဲ့အခါမှာထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး
ဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။
Registry Mechanics, System Mechanics, One click ,maintenance
, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

သတိပြုနိုင်ကြပါစေနောက်အကြောင်းတွေကိုလည်းဆက်ဖေါ်ပြပါ့မယ်



shareby ===mmcyber



Wednesday, April 22, 2009

USB က This Device Cannot Start ဆိုတဲ့ Error

This Device Cannot Start ဆိုတဲ့ Error ကတော့ Windows XP မှာ USB Device ကိုထိုးလိုက် တိုင်းပေါ်နေတယ်ကဲဘယ်လိုလုပ်ရမလဲစမ်းကြည့်မယ်ဗျာ
ကဲစကြရအောင်Windows Key+R ကိုတွဲနှိပ် (open run box) ကိုဖွင့် တာ ဘောက်ထဲမှာ Devmgmt.msc ရိုက် enter ခေါက်ပါ။ အောက်ဆုံးနားကUniversal Serial Bus Controller Section ကို Expand လုပ်ပါ။ Universal Serial Bus Controller Node အောက်က Device တိုင်းမှာ Right Click နှိပ် Uninstall ကို တစ်ကြိမ်စီရွေးချယ်ပါ။ ဆယ်ခုတွေ့လျှင် ဆယ်ခါလုပ်ရန်လိုပါသည်။Usb Controller များကို စက်မှ ပြန်လည် အသိပြုရန် စက်ကို Restart လုပ်ပေးပါ။ စက်ပြန်တက်လာပြီး Ready အခြေအနေတွင် usb device ကိုပြန်လည် စမ်းထိုးကြည့်ရာတွင် usb device သည် နဂိုအခြေအနေအတိုင်း ပြန်လည် Read/Write လုပ်လို့ရ သွားပါသည်။


မှတ်ချက် ။ တခါတလေတွင် စက်နှင့် usb device ကိုချိတ်သော cable ကြောင့်လည်းဖြစ်နိုင်ပါသည်။ usb 2.0 cable သည် usb device 2.0 နှင့်သာ အဆင်ပြေပါသည်။ Usb 1.1 cable သည် usb device 1.1 နှင့်သာအဆင် ပြေသည်ကိုသတိပြုပါ။

နောက်တစ်ခုမှာ Device Manager ရှိ usb device ကို control လုပ်သော node ကို double click နှိပ်ပြီး Device Status တွင် ချိတ်ဆက်ထားသော device Working Properly or cannot start အခြေအနေကို ကြည့် ခြင်းဖြင့် Device ကောင်းမွန်စွာအလုပ်မလုပ်သိနိုင်ပါသည်။

ထို့အပြင် Usb Controller node ရှေ့တွင် အ၀ါရောင် Exclamation mark ပြပါကလည်း Device တွင် ပြဿနာ ရှိနိုင်သည်ကိုသိရှိနိုင်ပါသည်။


အဆင်ပြေကြပါစေ






share by = IT MEN



Wednesday, March 18, 2009

32 bit / 64bit CPU ဆိုတာဟာ

CPU ဆိုတာနဲ့ အကြမ်းအားဖြင့်databus(dataတွေကိုသယ်နိုင်တဲ့လမ်းကြောင်း)နဲ့ width(ဒေတာကိုသယ်နိုင်တဲ့ လမ်းကြောင်းရဲ့ ပမာဏ) တို့နဲ့တိုင်းတာပါတယ်။ ထို data bus မှာလဲ Intertnal data bus နဲ့ external data bus ဆိုပြီးနှစ်မျိုးရှိပါတယ်..internal data bus ရဲ့ တစ်ကြိမ်မှာ သယ်နိုင်တဲ့နှုန်းကို bit နဲ့တိုင်းတာပါတယ်။ 32 bit ထက်စာရင် 64bit က ပိုမြန်မှာပါ။တစ်ခါ external data bus ကိုတော့ အများသိတဲ့အတိုင်း front sidebusလို့ခေါ်ပါတယ်။ယနေ့အသုံးပြုနေတဲ့ကွန်ပျူတာတိုင်းက
external databus ကို 64 bit နဲ့အလုပ်လုပ်ပါတယ်။တစ်နည်းအားဖြင့် prosser နဲ့ memory chpiset ( north gate) တွေဟာ data တွေကို အပြန်အလှန် 64 bit စီ One cycle per clock ကိုသယ်ဆောင်နိုင်ကျပါတယ် အဲဒီလို64bitနဲ့အလုပ်အလုပ်သော်လည်း တစ်ကယ် 64 bit processor မဟုတ်ပါ ဘူး။external databus (cpuနဲ့ memorychipset ကြား) 64 bit နဲ့ အလုပ်မလုပ်ပေမယ့်သူက Internal data bus (cpu ထဲမှာ အလုပ်လုပ်) တာကျတော့32 bit ပဲအလုပ်လုပ်ပါတယ်။ ဟိုအရင် 386 မှ Pentium4 ထိprocessor တွေက 64 bit processor မဟုတ်ပါဘူး။ အပြင်ပန်းက 64 bit အလုပ်လုပ်ပေမယ်.့အထဲမှာတော့ 32 bit ပဲအလုပ်လုပ်ပါတယ်..intel itenium/EM64T/AMD (Opteron)နဲ့ Athelon 64 စတဲ့နောက်ပိုင်း processor တွေသာလျင် 64 bit processo r ဖြစ်ကြပါတယ် ။..64bit propessor ကို 64bit operating system နဲ့သုံးမှ သာစွမ်းဆောင်ရည်အပြည့်ရမှမို့လို့ 64 bit OS တွေပါထုတ်လုပ်လာကြပါတယ်..64 bit processor မှာ 64 bit Architecture နှစ်မျိုးရှိပါတယ်.. ………ပထမတစ်မျိုးကတော့ 64 bit processor ရယ်လို့ ပထမဆုံးတွက်ပေါ်လာတဲ့ intel ရဲ့ Itanium processor architecture ပါ…… (IA64) Itanium 64 လို့ လဲခေါ်ပါတယ်…..အဲဒီIAT64 မှာလက်ရှိ 32 bit processor များအသုံးပြုနေသော x86 instruction set နဲ့ compatible မဖြစ်တဲ့ EPIC ဆိုတဲ့ instruction set ကိုသုံးထားပါတယ်……ဒါကြောင့်မို့လို့ 32 bit processor များ အတွက်ရေးထားတဲ့ WINDOW XP , 2003 အစရှိတဲ့ 32 bit operating system တွေအသုံးပြုလို့မရဘဲ သူ့ အတွက် သီးခြား ထုတ်လုပ်ထားတဲ့ windows itanium 64 bit version ကို အသုံးပြုရပါတယ်.။ဒုတိယတစ်မျိုးကတော့ intel မှ EM64T နဲ့ AMD ရဲ့ opteron & atholon 64 တို့ပါ။ အဲဒီprocessor တွေကဘာထူးခြားလဲဆိုတော့အပေါ်က IA64 Processor တွေလို x64instruction set သာမက x86 32 bit instruction set ထည့်သွင်းထားတဲ့အတွက် 32 bit ရော 64 bit operating system ပါအဆင်ပြေအောင်ထုတ်လုပ်ထား ပါ တယ်။ Microsoft က၎င်း processor နဲ့ ကိုက်ညီတဲ့ x86-64 OS တွေကို ၂၀၀၅ ဧပြီ လ ထဲက ဖြန့် ချီ ခဲ့ ပါတယ်…အဲဒီ x86-64 OS တွေကို အပေါ်က EM64T , opteron & atholon 64 တို့ နဲ့ တွဲပြီးအသုံးပြုမယ်ဆိုရင် 3Dgame,animationတွေနဲ့ အခြား 64bit application တွေမှာပိုမိုမြန်ဆန်အောင်လုပ်ဆောင်နိုင်ကြမှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ 64 bit ကိုတွင်ကျယ်စွာ အသုံးပြုလာကြ တော့မှာပါ။

SATA HardDisk သုံးနေသူတွေ disk performance တိုးလာအောင်

Disk မှာ IDE ထက် SATA က ပိုမြန်ပါတယ်။ ဒါကြောင့် SATA Disk Drive ကိုဘဲ နောက်ပိုင်းမှာ တပ်ဆင်မှု များလာပါတယ်။ SATA သုံးနေသူတွေ disk performance တိုးလာအောင် လုပ်နိုင်မယ့် နည်းလေးပါ။

Start menu က search box မှာ Device manager ကို ခေါ်ပါမယ်။ Start \control panel \system \Hardware \Device manager ကလည်း ဖြစ်ပါတယ်။

Disk drive ကို double click ဖြင့် ဖွင့်လိုက်ပါမယ်။

ပေါ်လာတဲ့ hard drive မှာ right click ဖြင့် properties ကိုရွေးပါမယ်။

Device properties ရဲ့ policies tab မှာ Enable advanced performance ကို check လုပ်ပေးရင်ရပါပြီ။

သတိပြုစေလိုတာက ဒီ ဆက်တင် ချိန်ထားပြီးမှ battery (UPS မဟုတ်ပါ) လဲရတာမျိုးကြုံရင် data lost ဖြစ်တတ်ပါတယ်။


Windows XP မှာ USB Device ကိုထိုးလိုက် တိုင်းပေါ်နေတာ

This Device Cannot Start ဆိုတဲ့ Error ကတော့ Windows XP မှာ USB Device ကိုထိုးလိုက် တိုင်းပေါ်နေတာ။ပိုင်ရှင်ကတော့ကြည့်ပေးပါ ပြင်လို့မရရင်တော့ အသစ်ပဲဝယ်လိုက်ပါ့ မယ်လို့ပြော တော့ကျွန် တော်ကလည်းရောင်း ချင်နေတာနဲ့အတော်ပဲ အင်းဒါပေမဲ့
ကြည့်လိုက်ပါအုံးမယ်။ခက်တာက နောက်စက် တစ်လုံးမှာထိုးကြည့်ရအောင်လည်း outdoor ဖြစ်နေတော့ ဒီစက်ကလွဲလို့တစ်ခြား စက်မရှိတော့ ဘူး။အကြမ်း ဖျင်းကတော့ Device Error ပဲဖြစ် လိမ့်မယ်လို့ စဉ်းစားပြီးသား ကဲစာဖတ်သူ ဘယ်ကိုပြေးမလဲ Windows Key+R ကိုတွဲနှိပ် (open run box) ကိုဖွင့် တာ ဘောက်ထဲမှာ Devmgmt.msc ရိုက် enter ခေါက်ပါ။ အောက်ဆုံးနားကUniversal Serial Bus Controller Section ကို Expand လုပ်ပါ။ Universal Serial Bus Controller Node အောက်က Device တိုင်းမှာ Right Click နှိပ် Uninstall ကို တစ်ကြိမ်စီရွေးချယ်ပါ။ ဆယ်ခုတွေ့လျှင် ဆယ်ခါလုပ်ရန်လိုပါသည်။Usb Controller များကို စက်မှ ပြန်လည် အသိပြုရန် စက်ကို Restart လုပ်ပေးပါ။ စက်ပြန်တက်လာပြီး Ready အခြေအနေတွင် usb device ကိုပြန်လည် စမ်းထိုးကြည့်ရာတွင် usb device သည် နဂိုအခြေအနေအတိုင်း ပြန်လည် Read/Write လုပ်လို့ရ သွားပါသည်။

မှတ်ချက် ။ တခါတလေတွင် စက်နှင့် usb device ကိုချိတ်သော cable ကြောင့်လည်းဖြစ်နိုင်ပါသည်။ usb 2.0 cable သည် usb device 2.0 နှင့်သာ အဆင်ပြေပါသည်။ Usb 1.1 cable သည် usb device 1.1 နှင့်သာအဆင် ပြေသည်ကိုသတိပြုပါ။

နောက်တစ်ခုမှာ Device Manager ရှိ usb device ကို control လုပ်သော node ကို double click နှိပ်ပြီး Device Status တွင် ချိတ်ဆက်ထားသော device Working Properly or cannot start အခြေအနေကို ကြည့် ခြင်းဖြင့် Device ကောင်းမွန်စွာအလုပ်မလုပ်သိနိုင်ပါသည်။

ထို့အပြင် Usb Controller node ရှေ့တွင် အ၀ါရောင် Exclamation mark ပြပါကလည်း Device တွင် ပြဿနာ ရှိနိုင်သည်ကိုသိရှိနိုင်ပါသည်။

Power Supply

အခုအချိန်မှာ ကွန်ပျူတာဝယ်ရင် ထည့်စဉ်းစားစရာတစ်ခုက Power Supply ကို Watt ဘယ်လောက်ထုတ်ပေးတာ ၀ယ်မလဲဆိုတာကိုပါ
စဉ်းစားရမှာပါ။ ကိုယ်ဆင်ထားတဲ့ပစ္စည်းတွေပေါ် မူတည်ပြီး လိုအပ်တဲ့ Watt ကွာခြားနိုင်ပါတယ်။ ပိုပိုလိုလို များများထုတ်ပေးတာဝယ်ရင်တော့
အဆင်ပြေပေမဲ့မလိုအပ်ဘဲ ငွေဖြုန်းတီးသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဆင်ထားတဲ့ပစ္စည်းတွေကို ရွေးချယ်ပေးရုံနဲ့ Watt ဘယ်လောက်
လိုမယ်ဆိုတာ တွက်ပေးတဲ့ Asus ရဲ့ Power Supply Wattage Calculator ဆိုတဲ့ Web Application ကို လိုတဲ့အခါသုံးနိုင်ကြဖို့ Link လေး
ရှယ်ယာပေးလိုက်ပါတယ်။


http://support.asus.com/PowerSupplyCalculator/PSCalculator.aspx?SLanguage=en-us




စက်ကို အသစ်ဝယ်လာတဲ့ Core2Duo ပြောင်းတပ်လိုက်တာ ဖွင့်မရတော့လို့

တစ်နေ့က သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပါတယ်။ သူ့စက်ကို အသစ်ဝယ်လာတဲ့ Core2Duo ပြောင်းတပ်လိုက်တာ ဖွင့်မရတော့လို့
ဘယ်လိုလုပ်ရမလဲလို့ မေးပါတယ်။ Monitor ပေါ်မှာတောင် ဘာမှမပေါ်ဘူးဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း ငါလာခဲ့ပါမယ်ကွာဆိုပြီး
သွားကြည့်လိုက်ပါတယ်။

ရောက်တဲ့အခါမှာ စက်ကိုဖွင့်ကြည့်တယ်။
စက်ကဖွင့်တဲ့အချိန်မှာ ခဏလေးတက်လာလိုက်၊ ပြီးတော့ ကျသွားလိုက်နဲ့
ဖြစ်နေပါတယ်။ စက်တက်လာတယ်ဆိုတာကတောင် မော်နီတာမှာ ဘာမှမပေါ်ပါဘူး။ CPU Fan နဲ့ Power Supply Fan တွေ လည်လာလိုက်
ရပ်သွားလိုက် အဲဒီလိုဖြစ်တာပါ။ ကျွန်တော်လည်း စဉ်းစားတာပေါ့။ Power Supply ကများ Watt နည်းတာလားပေါ့။ Core2 Duo က Power
Usage များတာကိုး။ အဲဒါနဲ့ Power Supply ကို ဖြုတ်ပြီး Watt ကြည့်လိုက်ပါတယ်။ Watt က 350 W တဲ့။ အဲဒါနဲ့ နည်းလို့လားမသိဘူးဆိုပြီး
တခြားစက်မှာတပ်ထားတဲ့ 550 W Power Supply နဲ့ ပြောင်းတပ်ကြည့်ပါတယ်။ အဲဒါလည်း မရဘူး။ အင်း 550 W ကြီးတပ်ထားတာတောင်
ဖြစ်တာဆိုတော့ Power Supply ကတော့ မဖြစ်နိုင်တော့ဘူးဆိုပြီး တွက်လိုက်ပါတယ်။ Motherboard ကလားမသိဘူးဆိုပြီး တွက်ကြည့်မိတယ်။
အဲဒါနဲ့ အရင်က သုံးနေတဲ့ Pentium D Processor ကို ပြန်တပ်ကြည့်တယ်။ အဲဒီလိုကျတော့ အကောင်း။ ဖျတ်ခနဲ တက်လာတယ်။

ဒါဆိုသေချာပြီပေါ့။ Motherboard က Core2Duo Processor ကို မသိတာပဲ။ Motherboard က Asus P5B Deluxe ပါ။ Chipset က 965 လေ။
အဲဒါနဲ့ Manual ကြည့်ဦးမှပဲဆိုပြီး သူငယ်ချင်းကို Manual ရှိလားလို့ မေးလိုက်တယ်။ သူက မရှိတော့ဘူးဆိုတာနဲ့ အွန်လိုင်းပေါ်တက်ပြီး
P5B Deluxe ရဲ့ Manual ကို Download လုပ်ပြီး ဖတ်ကြည့်ပါတယ်။ Manual ထဲ ရေးထားတာကတော့ Core2 Quad ထိတောင် ရတယ်လို့
ရေးထားတာ။ ဟ အဲဒါဆိုဘာကြောင့် အခုလိုမသိသလဲဆိုပြီး စဉ်းစားကြည့်မိတယ်။

နောက်ဆုံးတော့ BIOS တစ်ခုပဲ ဖြစ်နိုင်စရာရှိတာပဲ ဆိုပြီးတွက်လိုက်တယ်။ BIOS ကို Upgrade လုပ်ကြည့်ရမှာပဲဆိုပြီး Asus Website ထဲဝင်ပြီး
P5B Deluxe ရဲ့ BIOS Update ကို ရှာကြည့်ပါတယ်။ အားပါး P5B Deluxe အတွက် release လုပ်ထားတဲ့ BIOS Update တွေက မနည်းဘူးဘဲ။
အဲဒါနဲ့ နောက်ဆုံး BIOS Update ကို down လိုက်တယ်။ ပြီးတော့ Motherboard ၀ယ်တုန်းကပါတဲ့ CD ခွေကိုဖွင့်ပြီး Asus Update Program
ကို စက်မှာ Install လုပ်လိုက်ပါတယ်။ အရင် Pentium D လေးကို သုံးရတာပေါ့နော်။ ပြီးတော့ အဲဒီ Program နဲ့ BIOS ကို Upgrade လုပ်လိုက်
ပါတယ်။ ပြီးတော့ shutdown လုပ်၊ Core2Duo လေး ပြန်တပ်။ ပြန်ဖွင့်လိုက်တဲ့အခါ ဖျတ်ခနဲ ပွင့်လာကြောင်းပါဗျာ။

မှတ်ချက်။ ။ BIOS ကို Upgrade ပြုလုပ်ခြင်းဟာ အခန့်မသင့်ရင် Motherboard ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခဏခဏ မလုပ်သင့်ပါ။
အခုလို မဖြစ်မနေအချိန်မှသာ လုပ်သင့်ပါတယ်။ ပြီးတော့ Upgrade လုပ်နေတဲ့အချိန်မှာ မီးမပျက်ဖို့ အရေးကြီးပါတယ်။



ကိုမြတ် © 2008. Template by Dicas Blogger.

TOPO