Saturday, February 28, 2009

Ghost software ပြသနာ

ကွန်ပျုတာ ကာရာအိုကေ စနစ်အတွက် ဆိုင်ကနေစက်တွေရောင်းလိုက်တယ်။ အရေအတွက်များတော့ ၀င်းဒိုးကို တစ်လုံးချင်းစီတင်ဖို့မလွယ်ဘူးလေ အလွယ်လေးနည်းနဲ့ တစ်လုံးကိုသေချာတင်ပြီးတော့ Ghost ရိုက်လိုက်တယ်။ အိုကေတယ်။MSI Board 945GCM7-L , Memory kingstom DDRII 1GB, Segate 80GB 7200rpm, Build in VGA နဲ့ ဆင်ထားတယ်။ပြဿနာက ဆိုင်မှာသုံးထားတဲ့ တီဗွီက Tube TV လေး LCD မဟုတ်တော့ Video output မပါတာနဲ့ MSI RX 2700 Video out ပါတဲ့ ကတ်ကိုထပ်စိုက်တာ စတွေ့တော့တာပဲ။ကတ် drivers ထည့်လိုက်တာနဲ့ Autorun ပြီးတော့ internal Error, ATICMI.DLL Error ဆိုပြီးတော့ပြတယ်။ Drivers ကြောင့်လား ဆိုပြီတော့ စီဒီပြောင်းထည့်ပြန်တော့လဲ ဒီ Error ပဲ အိုကေ ဒါဆိုရင် Automatically Search လုပ်ကြည့်တော့ Drivers ကိုဆွဲသွားတယ် ကတ်ကိုသိသွားပြီ ဒါပေမဲ့ ATI control center ကိုမတွေ့သေးဘူး ကတ် ရဲ့ setting ကိုချိန်ညှိနိုင်ဖို့ Control Center Taskbar ရဲ့ ညာအစွန်လောက်မှာ အဖြူနောက်ခံမှာ MSI Logo နဲ့ ATI Control Center ပေါ်ရမယ် မတွေ့ဘူးဖြစ်နေတယ်။အချိန်လည်းမရှိဘူး မထူးတော့ဘူးဆိုပြီးဝင်းဒိုးကို အစအဆုံးဖောမက်ရိုက်ပြီး ကတ် drivers ကိုပြန်တင်လိုက်မှ ၀င်းဒိုး ghost ရိုက် ထားတဲ့အချိန်တုန်းကပြတဲ့ internal Error, ATICMI.DLL Error တွေမပြတော့ပဲနဲ့ ချောချောရှုရှု run သွား တယ်။ Taskbar ညာအစွန်မှာ ATI Control Center လေးလဲတွေ့နေရပြီဗျာ။ အဲဒီ ATI Control Center လေးကိုတွေ့ရမှ Video output အတွက် settings တွေကိုချိန်ညှိလို့ရမှာလေ။ အတွေ့အကြုံတစ်ခုပေါ့ ဖြစ်နိုင်ရင် ၀င်းဒိုးကို တစ်လုံးချင်းစီတင်တာပိုကောင်းပါတယ်။ အဓိက ကတော့ ၀င်းဒိုးကြောင့်လို့ပြောရမှာပဲ။



Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO