Wednesday, March 18, 2009

MEMORY တိုးပြီးဘာကြောင့် ....

အမေး
ကျွန်တော့် ကွန်ပျူတာမှာ ဝယ်တုန်းက memory 512MB ဖြစ်ပါတယ်။ အခု သူငယ်ချင်း
တစ်ယောက်ဆီကနေ 256MB RAM တစ်ချောင်း ရလာပါတယ်။ အမျိုးအစားလည်းတူ၊ အရွယ်လည်းတူပြီး ထည့်တာကိုလည်း ကွန်ပျူတာက လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်လို့လား မသိဘူး။ ကွန်ပျူတာက သိပ်ထူးခြားပြီး မြန်မလာပါ။ ဘာလိုနေတယ် ဆိုတာကို ရေးပြပေးပါခင်ဗျား။


အဖြေ
တစ်ခုခုတော့ လိုနေတာ အမှန်ပါ။ ကွန်ပျူတာ သမားများအနေနဲ့ RAM ကို စက်က လက်ခံရင် ပြီးပြည့်စုံတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်း တိုးလိုက်တာ မှန်ပေမယ့် စနစ်မကျလို့ တိုးလိုက်တဲ့ memory ကို ကွန်ပျူတာက အပြည့်အဝ မသုံးနိုင် ဖြစ်နေတာပါ။ သို့ဖြစ်၍ အောက်ပါအချက်များကို သတိပြု စစ်ဆေး ကြည့်စေ လိုပါတယ်။
• ပထမဆုံး ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Motherboard သည် RAM ဘယ်လောက်ထိ တိုးမြှင့်တာကို လက်ခံမယ် ဆိုတာ စစ်ဆေးပါ။ Motherboard ရဲ့ manual ကို ဖတ်ကြည့်ပါ။
• Motherboard ကို စစ်ရခက်ရင် 1.2 cache သည် memory ဘယ်လောက် ဆိုတာ ကြည့်ပါ။ ဥပမာ 1.2 Cache သည် 512MB ဖြစ်ရင် ၎င်း ကွန်ပျူတာမှာ ထည့်ရမယ့် RAM သည် 512 MB ဖြစ်ရပါမယ်။ လိုအပ်လို့ ထပ်တိုးချင်ရင် နှစ်ဆအထိ တိုးမြှင့်နိုင်ပါတယ်။
• တကယ်လို့ Motherboard မှာ socket ၄ခု ရှိရင် socket နှစ်ခု (တစ်စုံ) သည် channel A နဲ့ နောက်နှစ်စုံသည် channel B ဖြစ်ပါတယ်။ အဲဒီမှာ 256 MB နှစ်ချောင်းတပ်မယ် ဆိုရင် channel B မှာ တပ်ရပါမယ်။ ဆိုလိုတာက 256 MB နဲ့ 512 MB တစ်စုံကို တွဲပြီး မတပ်သင့်ပါ။
• အဲဒီလိုပဲ socket ၄ခုမှာ နှစ်ချောင်းကို တပ်ရင် ပထမဆုံး socket ကစပြီး အစဉ်လိုက် တပ်ရပါမယ်။
• Socket ၂ခုမှာ 256 MB နဲ့ 512 MB ကို တွဲပြီး မတပ်သင့်ပါ။ တူတဲ့ RAM ချင်းတပ်ရပါမယ်။ ဥပမာ 256 MB နဲ့ 256 MB ဖြစ်သင့်ပါတယ်။



Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO