Wi-Fi ဆိုတာ
ကြိုးမဲ့ အသုံးပြု ကိစ္စတွေ အတွဲလိုက်ကြီးရဲ့ အကွာအဝေးဆုံး အတိုင်းအတာ ရရှိဖို့အတွက် ဒီဇိုင်းပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်တွင်းက ကြိုးတန်ဆာ ဆင်မှုအတွက်ဖြစ်ဖြစ်၊ ရုံးခန်းငယ် လေးတွေမှာ ကွန်ရက်ဖန်တည်း ယူဖို့ဖြစ်ဖြစ် အကျုံးဝင် နေစေ ပါလိမ့်မယ်။ အခြေခံ အားဖြင့်တော့ ကြိုးမဲ့ Ethernet လို့ ဆိုရမှာ ဖြစ်ပါတယ်။ အကြာခဏ ဆိုသလို စီးပွားရေး လုပ်ငန်းတွေမှာ ဝယ်ယူသုံးစွဲ သူတွေက ကြိုးမဲ့ အင်တာနက် စနစ်နဲ့အတူ ဝင်ရောက်ကြည့်ရှုရာမှာ မြန်ဆန်မှု ရလို့ နှစ်ခြိုက်နိုင်ရေးအတွက် WiFi networks တွေ တည်ဆောက်ထားတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ WiFi hubs တော်တော်များများက သူတို့ရဲ့ singals overlap ထိစပ်မှု လုံလောက်တယ် ဆိုရင်ပဲ ကြီးကြီးမားမား network ကြီးတစ်ခုကို ဖန်တည်းသွား နိုင်တော့တယ်။ ဒီနိဿယက တစ်နိုင်ငံလုံးအနှံ့ ရလဒ်ပေါင်းစုံနဲ့ အတူ
အသုံးချ သွားနိုင်တဲ့အထိ အသုံးဝင်တယ်။
WiFi ဆိုတာ 802.11 ဆိုတဲ့ IEEE standard စီစဉ်မှု အပေါ်မှာ အခြေခံ ထားတဲ့ ကြိုးမဲ့ ရေဒီယို နည်းပညာ တစ်ခု ဖြစ်တယ်။ Wi-Fi ရဲ့ ထပ်ခါထပ်ခါ ညွှန်းဆိုမှုတွေ လုပ်ခဲ့စဉ်က 802.11 a ၊ 802.11 b standard တွေနဲ့ စခဲ့ကြတယ်။ 802.11 b အနေနဲ့က ကြိုးမဲ့စနစ် အမြန်နှုံးထား 11 Mbps ( megabits per second ) အထိ ခွင့်ပြုတယ်။ နေရာတိုင်းမှာ သုံးနိုင်ဖို့ ပထမဆုံး မိတ်ဆက်ခဲ့တုန်းက ဒီ standard ကလုံလောက်သလို ရှိနေစေခဲ့တယ်။ ကြိုးနဲ့ သုံးတဲ့ Internet Speed က 100 Mbps ရှိတာမို့ နှိုင်းယှဉ်လိုက်ရင် အင်အားနည်းနေပါသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် 802.11 a က 802.11 b ထက်ပိုပြီး မြန်တယ်လို့တော့ အတိအကျ ပြောနိုင်တယ်။
လောလောဆယ်ကာလမှာ အမြန်းဆုံး 802.11 standard ကတော့ 802.11 g ပဲဖြစ်တယ်။ ဒီ standard က ခရီးအကွာအဝေး ပေ ၃၀၀ နဲ့ ပေ ၁၀၀၀ အတွင်း 54 Mbps နှုန်းထားအထိ ရတယ်။ ယုံကြည် စိတ်ချမှု ရှိနေပေမယ့် ဒီအတွက် အသုံးပြုရတဲ့ routers တွေက ဈေးကြီးလှတယ်။ 802.11 b နဲ့ 802.11 g နှစ်ခုလုံးက 2.4 GHz spectrum အတွက်မှာလည်း လုပ်ကိုင်ဆောင်ရွက်တယ်။
မကြာခင် ကာလပိုင်းလေးမှာပဲ 802. g ကိုအစားထိုးမယ့် 802.11 n standard ရောက်လာပါတော့မယ်။ ပါဝါတွေအတွက် အသေးစိတ် အညွှန်းတွေတော့ အတိအကျ ထွက်မလာသေးပါ။ ဒါပေမယ့် ပိုပြီးကောင်းတဲ့ standard တစ်ခုအနေနဲ့ 802.11 n ထက်လာတော့မှာ မြေကြီးလက်ခတ် မလွဲ ရှိနေပါတယ်။ ‘pre-n’ ဆိုတဲ့ အနေအထားနဲ့ 802.11 n draft 2.0 products တွေတော့ တချို့  ဆိုင်တွေပေါ်မှာ ရောက်နေပြီ ဖြစ်ပါတယ်။ 802.11 n အတွက် final specification အနေနဲ့ ၂၀၀၉ ခုနှစ်မှာ အသေအချာ ထွက်ပေါ်လာရင်း draft 2.0 နဲ့ final 802.11 n တို့ကို ဆက်စပ်ပေးသွားမှာ ဖြစ်တယ်။ အကြမ်းဖျင်း ခန့်မှန်းခြေအရ 802.11 n က 802.11 g ထက် ၈ ဆလောက် ပိုမြန်နေမှာ ဖြစ်တယ်။
အသွင်ကူးပြောင်းတာနဲ့အညီ မိမိတို့အနေနဲ့ Wi-Fi ကို အသုံးချပြီး အိမ်တွင်း ကြိုးတန်ဆာတွေမှာ LAN (localarea network) တစ်ခုရဲ့ ပါဝါကလည်း ကောင်းလာနိုင်တယ်။ တကယ်လို့ မြန်ဆန် သွက်လက်တဲ့ Wireless internet မိမိတို့ အိမ်မှာ ရှိနေပြီဆိုရင် ကွန်ပျူတာတွေအကြား ဖိုင်တွေကို အလွယ်တကူ မျှဝေသုံးစွဲ နိုင်ပြီး ကြိုးမဲ့ စနစ်နဲ့ ပရင့်ထုတ် နိုင်တာတို့ ကွန်ပျူတာနဲ့ တယ်လီဗေးရှင်း အကြား မီဒီယာတွေကို ပို့လွှတ်နိုင်တာတို့လည်း ဖြစ်လာပါလိမ့်မယ်။
ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ ဇူလိုင်လ
Post a Comment