window XP ststem Restore လုပ်ဆောင်ချက်
window XP ststem Restore လုပ်ဆောင်ချက်သည် သင့် computer တွင် software
များပြသနာတစ်ခုခုဖြစ်ပေါ်ပါက အလွန်အသုံးဝင်ပါသည်။
မိမိကွန်ပျူတာမှာပြသနာမပေါ်မီ တစ်ရက်အလိုခန့်က အနေအထားမျိုးသို့  file များပြန်ရွှေပေးခြင်းဖြစ်သည်။
၎င်းသည် စနစ် file များကိုသာ ပြန်တင်ပေးခြင်းဖြစ်ပြီး လက်ရှိအလုပ်လုပ်နေသော file များကို မဖယ်ထုတ်ပေးပါ။ မည်သို့ပင်ဖြစ်စေ
သင့် computer အား အမှား မပေါ်ခင်ကအနေအထားအတိုင်း ပုံမှန် အလုပ်လုပ်စေသည်။ ၄င်းအတွက် start–>All Programs–>Accessories –>System Tools –>System Restore ကိုဖွင့်ပါ
System Restore box ပွင့်လာပါလိမ့်မည် ။ ၄င်းတွင် ” Restore my computer to an earlier time” ကို နှိပ်ပါ ။ Next ကို နိုပ်ပါ ။ calender တစ်ခုပေါ်လာပါမည်။၎င်းတွင် သင်၏
computer ကောင်းမွန်စွာ အလုပ်လုပ်ခဲ့သော မကြာသေးသည့်နေ့ကို ရွေးချယ်လိုက်ပါ။ Next ကို ဆက်နိုပ်သွားပါ။ system restore လုပ်ငန်းစဉ်စတင်ပါ မည်။ computer restart ပြန်ဖြစ်သွားပါမည် ။ computer ပြန်ပွင့်စဉ် screen ပေါ်မှ ညွန်းကြားချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားပါ ။ computer ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။
Post a Comment