Windows Components များပြန်ဖေါ်ခြင်း
ကျွန်တော်ကြုံတွေ့ခဲ့ရတာလေးပါ။ကြာတော့ကြာပါပြီ..အခုမှစဉ်းစားမိလို့ဒီပို့စ်ကိုရေလိုက်တာပါ။
ကွန်ပြူတာနဲ့ပတ်သတ်လို့မသိသေးရင်
ဘာမဟုတ်တဲ့ကိစ္စလေးလည်း အရမ်းခက်ခဲပါတယ်..
အချိန်ကုန်ပါတယ် ….တော်တော်များများကတော့ ကွန်ပြူတာကို
တစ်ခုခုဖြစ်တာနဲ့
Window ပြန်တင်ဖိုပဲ့ စဉ်းစာကြပါတယ် ။ ကျွန်တော့်လို ကွန်ပြူတာနဲပတ်သတ်ပြီးအတွေ့အကြုံနုနယ်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး
ဒီပို့စ်ကိုရေးဖြစ်ခဲ့တာပါ။ဖြစ်ပုံက ဒီလိုပါ…. ကွန်ပြူတာကို ကျွန်တော်ဘာသွားကလိမိလိုက်တယ် မသိဘူး…taskbar မှာ sound icon
မရှိတော့ဘူး..အဲဒါက အစပိုင်းကျွန်တော်သတိပြုမိတာပဲရှိသေးတာ…အဲဒါလောက်နဲ့ ကျွန်တော်သိပ်ပြီးစိတ်မ၀င်စားသေးဘူး..နောက်နေ့
မှာ ကျွန်တော် calculater ကိုသုံးမလို့ကြည့်လိုက်တော့ မရှိတော့ဘူး …အဲဒါနဲ့အကုန်လိုက်ကြည့်လိုက်တယ်..windowကပါတဲ့game
တွေ ၊ internet explorer ၊ wordpad ၊ notepad ၊ paint စတာတွေအကုန်ပျောက်နေတယ်..အစတော့ဘာလုပ်ရမှန်းမသိဘူး….
နောက်ဆုံးမှာ system32 ထဲမှာလဲ အဲဒီ ကောင်တွေမရှိတော့တာကို သွားတွေ့တယ် ။ အဲဒီမှာအကြံတစ်ခုရသွားတယ် control panel>add or remove programs ထဲက Add/Remove Windows Components တွေကိုပြန် add ကြည့်ဖို့ပါ ။နောက်ဆုံး
တော့ အနာနဲဆေးသွားကိုက်တယ်…အားလုံးအဆင်ပြေသွားတယ်. ။ကျွန်တော့်လိုမျိုးဖြစ်ရင် ကျွန်တော့်လောက်အချိန်မကုန်အောင်
လို့ပါ ။ ဒီလိုပါ………………………..(Windows installation CD တစ်ချပ်တော့ရှိနေရပါမယ်)
• ပထမဦးဆုံး control panel>Add or Remove Programs ကိုသွားပါ ။
• ပေါ်လာတဲ့ Add or Remove Programs box ရဲ့ဘယ်ဘက်sidebar မှာ Add/Remove Windows Components ဆိုတာကိုရွေးပါ ။
• Windows Components Wizard ဆိုတဲ့ box တစ်ခုပေါ်လာပါလိမ့်မယ် ။ အဲဒီမှာ add or remove component check box တွေထဲက Accessories and Utilites ဆိုတာကို check ပေးလိုက်ပါ ။အဲဒီလိုပဲ မိမိ add ချင်တဲ့component တွေကို check လုပ်လိုက်ပါ ။
• ပြီးရင် next ကို click လိုက်ပါ ။ Windows installation CD တောင်းပါလိမ့်မယ်။
• Window CD ထည့်ပေးလိုက်ပါ ။ဆက်သွားလိုက်ပါ ။နောက်ဆုံးမှာ ပျောက်နေတဲ့ componet တွေကို add ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
အဆင်ပြေကြပါစေ
Post a Comment