Wednesday, April 22, 2009

အော်ကော်ပီတဲ့လား

မနေ့ တနေကပေါ့ ကွန်ပျူတာသမားတစ်ယောက်ပါဘဲသူရဲ့  ဘလော့ခ်ဖတ်ရင်း သူ့ရေးထားတဲ့
ပို့စ်တွေကို ကော်ပီကူးတာတွေတွေ့ရကြောင်း၊ တချို့ဆို သူ့ဘလော့ခ်ရဲ့ link တောင် မပါကြောင်း၊
အနည်းအကျဉ်းမှာ link ပါသော်လည်း သူ့ဆီက ခွင့်ပြုချက်တောင်းမထားကြောင်း
ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောထားပါတယ်။
အဲ့ဒီအကြောင်းလေးဖတ်ပြီးလို့ ဘဲမကြာသေးဘူးကျွန်တော်ရေးထားတာလေးတချို့ 
ကိုတခြားဘလော့မှာသွားတွေ့ ပြန်ရောကျွှန်တော့်ဆီကခွင့်ပြုချက်
လည်းမတောင်ဘူး.....ဟီး

ကဲဗျာကောင်းသေးလားအရပ်ကတို့ ရေ ....
ကောင်းပါတယ်သိပ်ကိုကောင်းပါတယ်ကျွှန်တော့်ဘလော့မှာဖော်ပြထားတာ
ကိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ကြပါတယ
်(ဟီး link လေးပါရင်တော့ပိုကောင်းတာပေါ့)ကျွှန်တော်တို့ 

မြန်မာပြည်ကလူတွေနည်းပညာအရတိုးတက်စေချင်လို့ 
သူများနိုင်ငံတွေကိုယှဉ်ပြိုင်စေချင်လို့ ကွန်ပျူတာအသိပညာတွေတိုးပွားစေချင်လို့ ရေးသားနေတာပါ။မဖေါ်ပြစေချင်ရင်မကူးယူစေချင်ရင်ဘလော့ခ်ပေါ်မတင်နဲ့ ပေါ့ဗျာကိုယ်ဟာကိုယ်အိမ်ကကွန်ပျူတာထဲမှာသိမ်းပြီးဖတ်ပေါ့
(ဟီးဟုတ်ဘူးလား)ကျွှန်တော်လည်းဟိုကရှာဖတ်ဒီကရှာဖတ်ပြီးအသုံးဝင်မှာတွေကိုတင်နေတာပါ
မူရင်းရေးသားသူဆိုတာတွေကလည်းဘာသာပြန်မယ်၊စာအုပ်တွေကတဆင့်ပြန်
ရေးဖေါ်ပြနေတာတွေများပါတယ်။
အဓိကကတော့အင်တာနက်ကိုကျွှန်တော်တို့ သုံးပြီးချက်နေကြတယ်
တစ်ရက် ....သူလေးလား
နှစ်ရက် ......နာမည်ဘယ်လိုခေါ်လည်း
သုံးရက် ....သူငယ်ချင်းနော်အရမ်းခင်တာဘဲဘာညာသာတကာ
လေးရက် ......ချစ်ချင်လိုက်တာဘာညာသာတကာပေါ့
ရက်ပေါင်းများစွာ ...ဒါဘဲဒါဘဲ
အဲဒီလိုကျူနေမယ့်အတူတူမြန်မာနိုင်ငံအနီးအဝေးကဘလော့ဆရာတို့ ရယ်
နည်းပညာတွေကိုကူးယူကြပါစေဖြန့် ဝေကြပါစေပညာရှိတွေတတ်စေချင်လို့ နားလည်စေကြချင်လို့ 
ဘလော့ဂ်ဂါတွေလုပ်နေတာဘဲမဟုတ်ကြဘူးလားဗျာ။နားလည်ပေးကြပါဗျာနောက်သူ့ ကျွှန်ဘ၀ကို
ရောက်ခဲ့ကြတာလည်းဘာညာတွေမပြောပါနဲ့ အဓိကကပညာမတတ်ခဲ့ကြလို့ ဆိုတာကိုနားလည်ပါ
ကျွှန်တောကျောင်းတုန်းကဆရာအောင်သင်းပြောခဲ့တာကိုသတိရပါသေးတယ်မင်းတို့ တွေထဲမှာ
စစ်သူကြီးမဟာဗန္ဒုလလောက်ဘယ်ကောင်သတ္တိရှိလည်းတဲ့ဒါပေမဲ့ဟိုကအုန်းဆိုဘာဖြစ်သွားလည်း
သေသွားတာပေါ့ငါတို့ မှာသူတို့ လိုလက်နက်ထုတ်တဲ့နည်းပညာမှမရှိတာတဲ့၊
အခုလည်းအင်တာနက်ခတ်မှာဂျီတော့မှာအချစ်နွံနစ်နေကြတာကျတောဘာမှမပြောကြဘူး
နည်းပညာအကြောင်းလေးများကူးယူကြရင်တော့ပြောချင်ကြတဲ့ဆရာဘလော့ဂ်ဂါတို့ ရေ
သဘောထားလေးတွေကြီးပေးကြပါဗျား။

နောက်လာလည်တဲ့မိတ်ဆွေတွေကျွှန်တော့်ဘလော့ဂ်မှာ ရေးထားတဲ့
အကြောင်းအရာတွေကို မည်သူမဆို လွတ်လပ်စွာ ကိုးကား၊ ကူးယူ၊ ဖြန့်ချိ နိုင်ပါတယ်။
လူတွေ အသိပညာရစေချင်လို့ ရေးနေတာပါ။ ပြန်ကူးတဲ့သူတွေအနေနဲ့ ကျွန်တော့်နာမည်
ထည့်ထည့် မထည့်ထည့် ခွင့်ပြုချက်တောင်းတောင်း မတောင်းတောင်း အရေးမကြီးပါဘူးခင်ဗျား...



တစ်ခုတော့သတိပြုပါဦး။ ကျွန်တော့်ရဲ့ ဒီဘလော့ခ်မှာ ရေးထားတဲ့ တချို့အကြောင်းအရာတွေက
တခြားblog တွေဆီကနေ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ Post From....
ဆိုပြီး link ထည့်ထားတဲ့ post တွေကို ပြောတာပါ။ အဲဒါတွေကို copy
လုပ်ရမရကတော့ ကျွန်တော်နဲ့မဆိုင်ပါဘူး။ မူရင်း blogger ကိုပဲ ဆက်သွယ်ပါ။
မူရင်း blogger တွေအနေနဲ့လည်း ခင်ဗျားတို့ရဲ့ တချို့ post တွေ ဒီ
blog ထဲ ရောက်နေတာကို မကြိုက်ရင် email ပို့ပြီး ပိတ်ပင်နိုင်ပါကြောင်း.....

ကျွှန်တော်ကတော့ကျွှန်တော်တို့ နိုင်ငံသားမိတ်ဆွေတွေအတွက်တတ်သလောက်၊သိသလောက်၊
အကျိုးရှိမယ်ထင်သလောက်ဆက်လက်ရေးသားမယ်၊ဗဟုသုတရှိတယ်ဆိုရင်ကိုးကားမယ်
ပြန်လည်ဖေါ်ပြပြီးဆက်လျှောက်နေပါဦးမယ်ခင်ဗျား


Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO