Gmail မှာvoice နဲ့  video plugin ထည့်ကြမယ်
ကျွန်တော်လည်းဘလော့ရေးမယ်ရေးမယ်နဲ့ဗျာ မရေးဖြစ်ဘူးဖြစ်နေတယ် ဒီအကြောင်းလေးကို
ဘာရယ်တော့ မဟုတ်ပါဘူး gmail ကနေ webcam ကြည့်နိုင်တဲ့ plugin လေးတစ်ခုအကြောင်းပါ
ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်က မေးလို့ ပြောဖြစ်ရင်းနဲ့ မနည်း အားတင်းပြီး ရေးလိုက်ဖြစ်လိုက်တာပါ။
အသုံးပြုရလွယ်သလို အသံရော ရုပ်ပါကြည်လင်တာကြောင့် မသိသေးသူတွေ၊ ကွန်နရှင်လေးလို့ vzochat နဲ့ gtalk ပြောမှ အဆင်ပြေမယ့်သူတွေ၊ ၂ ခုတွဲသုံးလို့ vistaမှာ error တတ်နေကြသူတွေအတွက် မျှပေးလိုက်ပါတယ်။
အသုံးပြုပုံကတော့
http://mail.google.com/videochat?hl=en
မှာ install voice & video chat ဆိုတာကိုကလစ်လုပ်ပါ။ ပြီးရင် Browser ကို restart တောင်းပါလိမ့်မယ်
ပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Gmail ID နဲ့ မေးလ်ဝင်လိုက်ပါ။ ဘယ်ဘက် မှာရှိတဲ့ chat ကိုပါ sign into chat လုပ်ပါ(မေးလ်မှာ sign out ထားသူများအတွက်သာ)
အဲဒီအခါမှာ ကျွန်တော်တို့ mail ကနေ chatting ရန် အသင့်ဖြစ်ပါပြီ
အဲဒီမှ တဆင့် မိမိပြောလိုသော webcam ပြလိုသော online user ကို ကလစ်ပေးလိုက်ပါ
ထို့နောက် video & more မှတဆင့် start voice/video chat ကို ကလစ်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်
အရင့်အရင်က မေးလ်ကနေချတ်တယ်ဆို အသံမရဘူး ဘာမရဘူးဆိုတာတွေကို ကျော်ပြီး
gtalk မှာ မရတဲ့ icon လေးတွေကိုပါ gmail chat box ရဲ့ ညာဘက်မှာ icon လေးကို ကလစ်လိုက်ရင်
တွေ့ရပါလိမ့်မယ်။ icon စတိုင် ၄ မျိုးပါဝင်ပြီး ရုပ်ရော အသံပါအဆင်ပြေတဲ့
gmail ကနေသုံးကြည့်ကြပါစို့လားဗျာ
exe ဖိုင်ကို ကိုယ်ပိုင်လက်ဝယ်ရယူပြီး အားရပါးရ run လိုက်ရမှ ကျေနပ်မယ်။ နောက် run တိုင်း ဒီဆိုဒ်နာမည်မှတ်နေရမယ်
မမှတ်ချင်ဘူး ယူထားလိုက်မယ်ဆိုသူတွေ အတွက်
shareby === moetought
Post a Comment