Wednesday, May 20, 2009

ကွန်ပျူတာအသုံးပြုသူတွေအတွက်

ကဲကျွှန်တော်လည်းနည်းပညာအကြောင်းတွေကြီးဘဲဖေါ်ပြနေတာများပြီနောက်
ကျွှန်တော်တို့ ကွန်ပျူတာအသုံးပြုတဲ့သူတွေကလည်းသိတဲ့အတိုင်းဘဲ
မနက်ညဂရုမစိုက်ကြတာများတယ်
ဒါကြောင့်သတိပေးတဲ့အနေနဲ့ ကောသတိထားစေချင်တဲ့အတွက်ပါ
သွားရင်းလာရင်းနဲ့ တော်တော်ကောင်းမွန်တဲ့ကျန်းမာရေးပို့ စ်လေးကိုဖတ်မိပါတယ်
ရေးသားတဲ့ဆိုဒ်ပိုင်ရှင်ကတော့ မရွှေပြည်သူပါ


ထမင်းစားပြီးရင်...

ဆေးလိပ်မသောက်ပါနဲ့ ~

ကျွမ်းကျင်သူတွေရဲ့ လေ့လာတွေ့ရှိချက်အရ စားပြီးတဲ့အချိန် ဆေးလိပ်သောက်ခြင်းဟာ
ဆေးလိပ်အလိပ်(၁၀)လောက် သောက်ခြင်းနဲ့ ညီမျှပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်ဖို့
ရာခိုင်နှုန်းလည်း အများကြီး ပိုများပါတယ်။ (ဆေးလိပ်ကို အလွန့်အလွန် ကြိုက်နှစ်သက်ကြသော
သူငယ်ချင်းများ အစ်ကိုများ မောင်လေးများကို စောင်းပြောခြင်း လုံးဝမဟုတ်ပါ။
တည့်တည့်ပြောတာ ဖြစ်ပါတယ်။



အသီးအနှံတွေကို ချက်ချင်းမစားပါနဲ့ 

စားပြီးပြီးချင်း အသီးအနှံတွေ စားသောက်ခြင်းက အစာအိမ်ကို လေပွစေပါတယ်။ ဒါကြောင့် အသီးအနှံတွေကို ထမင်းစားပြီး ၁နာရီ

၂နာရီကြာမှဖြစ်ဖြစ် ဒါမှမဟုတ် ထမင်းမစားခင် ၁နာရီလောက်ကပဲဖြစ်ဖြစ်သာ စားပါ။

လက်ဖက်ရည် မသောက်ပါနဲ့

ဘာကြောင့်လည်းဆိုတော့ လက်ဖက်ရွက်တွေမှာ အက်ဆစ်ပါဝင်မှု
ပမာဏ မြင့်မားလို့ပါ။ အဲဒါတွေက ကိုယ်စားလိုက်တဲ့ အစားအစာထဲက ပရိုတိန်းတွေကို
ပိုမာကျောလာစေပြီး အစာကို ခြေဖျက်ရခက်စေလို့ပါ။


ခါးပတ်ကြိုးကို မလျော့ပါနဲ့

စားပြီးတဲ့အချိန်မှာ ခါးပတ်ကြိုးလျော့လိုက်ခြင်းက အူတွေကို လိမ်ခေါက်ပြီး ပိတ်ဆို့စေပါတယ်။


ရေမချိုးပါနဲ့

စားပြီးချိန် ရေချိုးခြင်းက လက်တွေ ခြေထောက်တွေနဲ့ ကိုယ်ခန္ဓာဆီကို
သွေးပိုပြီးစီးဆင်းစေလို့ အစာအိမ်ဆီ စီးဆင်းတဲ့သွေးပမာဏ လျော့နည်းသွားတတ်ပါတယ်။
အဲဒါဟာ အစာအိမ်ထဲက အစာခြေစနစ်ကို အားလျော့စေပါတယ်။

လမ်းလျှောက်မထွက်ပါနဲ့

လူတွေပြောလေ့ရှိတာက အစာစားပြီးချိန် လမ်းလျှောက်ထွက်ရင် အသက် ၉၉ နှစ်အထိ
နေနိုင်လိမ့်မယ်တဲ့။ တကယ်က မမှန်ပါဘူး။ လမ်းလျှောက်ခြင်းကြောင့် အစာခြေစနစ်ဟာ
ကိုယ်စားထားတဲ့ အစားအစာတွေကနေ အာဟာရကို စုပ်ယူနိုင်စွမ်းမရှိတော့လို့ပါ။



မအိပ်ပါနဲ့

ကိုယ်စားထားတဲ့ အစားအစာတွေကို သေချာအစာခြေနိုင်တော့မှာ မဟုတ်လို့ပါ။
အဲဒီကနေ အစာအိမ်ရောဂါဖြစ်နိုင်သလို အူထဲကိုလည်း ရောဂါပိုးတွေ ၀င်နိုင်လို့ပါ။



ကဲလာလည်သူမိတ်ဆွေတို့ သတိပြုမိနိုင်ကြပါစေဗျာ။

Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO