Friday, June 26, 2009

Gmail မှာ Shortcut တွေအသုံးပြုနိုင်ဖို့

မင်္ဂလာပါ…
Gmail ဆိုတာက Google.com ဆိုတဲ့ အဖွဲ့အစည်းကနေပြီးတော့ Emailလို့ခေါ်တဲ့ အင်တာနက်
အခြေပြုစာပို့စာယူစနစ် (electronic mail) ကိုဖန်တီးပြီး အလကားပေးနေတဲ့ ဆားဗစ်စ်တစ်ခုပါ။အင်တာနက်ကော်နက်ရှင်ပမာဏနည်းတဲ့ နိုင်ငံတွေအတွက် အတော်ကြီးကို
အသုံးဝင်တဲ့ဆားဗစ်စ်လည်းဖြစ်ပြန်၊ သူငယ်ချင်းတွေအများကြီးရှိနိုင်တဲ့နေရာလည်းဖြစ်ပြန်ဆိုတော့
မြန်မာနိုင်ငံမှာ အရမ်းရေပန်းစားနေတဲ့ EmailProvider ကြီးပေါ့။ ပမာဏကလည်း
အားရပါရရှိလှတာကတစ်ကြောင်း၊ စာတင်မကပဲဓာတ်ပုံ သီချင်း ဗီဒီယို စတဲ့ စတဲ့ ဟာတွေကိုလည်း
တစ်ခါပို့ရင် ၂၀ မက်ဂါဗိုက်နီးပါးပို့နိုင်တာကတစ်ကြောင်းကြောင့်လူအတော်သုံးကြတာကိုတွေ့မိပါတယ်။
အဲ့ဒီတော့ ကီးဘုတ်ကိုင်ကွန်ပြူတာသမားတွေအတွက် မောက်စ်ကိုတစ်ခါတစ်ရံမေ့နိုင်စေဖို့၊မြန်ဆန်သွားစေဖို့

ကျွန်တော် ဖော်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်….


Gmail မှာ Shortcut တွေအသုံးပြုနိုင်ဖို့ ပထမဦးဆုံး ကိုယ့်ရဲ့ဂျီမေးလ်ထဲကို
အကောင့်အရင်ဝင်လိုက်ပါ။

ပြီးရင် ဂျီမေးလ်ရဲ့ညာဘက်အပေါ်ဆုံးထောင့်ကလေးမှာရှိတဲ့ Settings ဆိုတာကလေးကို
နှိပ်လိုက်ပါ။
အောက်မှာဖော်ပြထားတဲ့အတိုင်း General Tab အောက်က Keyboard Shortcuts on
ဆိုတာကလေးကို အမှန်ခြစ်ထားပြီး “Save” button ကလေးကို နှိပ်ပေးပါမှဂျီမေးလ်မှာ ရှော့ကပ်တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
p.s : Gmail standard view မှာပဲရမယ်လို့ထင်ပါတယ်၊ basic html view မှာ
မရလောက်ဘူးလို့ထင်ပါတယ်။
Gmail shortcut တွေအများကြီးရှိတဲ့အထဲက အသုံးဝင်မယ်ထင်လို့ ထင်ရမယ့် short cut တွေကို စုစည်းပေးလိုက်ပါတယ်။

c - စာအသစ်တစ်စောင် ရေးတော့မယ်ဆိုရင် c ကို နှိပ်လိုက်ပါ။

/ - သင်အသုံးပြုတဲ့ browser ရဲ့ status bar အထက်နားကပ်လျက်မှာ
Search box ပေါ်လာပါလိမ့်မယ်

k - သင်ဟာ inbox ထဲမှာရှိနေရင် k ကိုနှိပ်လိုက်တာနဲ့ စာတွေရဲ့အပေါ်ဘက်ဆီက
စာကို မျှားခေါင်းတိုလေးနဲ့ ရွေးချယ်ပေးသွားပါလိမ့်မယ်

j - သင်ဟာ inbox ထဲမှာရှိနေရင် j ကိုနှိပ်လိုက်တာနဲ့ စာတွေရဲ့အောက်ဘက်ဆီက
စာကို မျှားခေါင်းတိုလေးနဲ့ ရွေးချယ်ပေးသွားပါလိမ့်မယ်

o (or) Enter - အို (ဒါမှမဟုတ်) အန်းတာကိုခေါက်ခြင်းဖြင့် သင်ရွေးချယ်ထားတဲ့စာကို
ဖွင့်လိုက်တာပါ

u - u ကတော့ သင်ဝင်ဖတ်နေတဲ့စာကနေ အရင် Inbox ထဲကို ပြန်သွားချင်လျင်
သုံးပါတယ်

x - x ကိုတော့ သင်ရွေးချယ်လိုက်တဲ့စာကို အမှန်ခြစ် ခြစ်လိုက်တာပါ

s -ကတော့ စာကို Star ပေးတာပါ

r -ကတော့ ဖတ်နေတဲ့စာကိုပြန်ချင်လျှင် (Replyလုပ်ချင်ရင်) အသုံးပြုပါ

f -ကတော့ စာကို Forward ပို့ချင်လျှင် အသုံးပြုပါတယ်

- Esc key ကိုတော့ ရေးနေတဲ့စာတွေကို ဖျက်ပစ်လိုက်တာပါ
(စာလုံးတွေကို ဖျက်တာပါ)

# - ကတော့Deleting ပါ
z -ကတော့ Undo မလုပ်တော့တဲ့အခါမျိုးမှာသုံးရမှာပါ

[ - ကတော့စာပေါင်း50လောက်ပါတဲ့ စာမျက်နှာ (စာမျက်နှာတစ်ကနေ နှစ်ကိုသွားစေချင်လျှင်)
] - ကတော့စာမျက်နှာအား ပြောင်းပြန်သွားစေလိုလျှင် (စာမျက်နှာနှစ်မှ တစ်သို့)

အဆင်ပြေကြပါစေဗျာ

Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO