notebookအသစ် တွေမှာ တွေ့ နေရတဲ့ ပြသနာ
နောက်ဆုံးပေါ် ကွန်ပျူတာများနှင့် ပက်သက်၍ အထူးသဖြင့် notebook တွေမှာ တွေ့ နေရတဲ့ ကိစ္စလေးတွေပါ။
တချို့ က vista ရဲ့ လေးလံမှုတွေကြောင့် xp ပြောင်းသုံးကြပါတယ်။
ဒါပေမယ့် တချို့ လက်တော့ တွေက hardware တချို့ က သူ့ မူရင်းမှာကိုက xp support driver ထည့်မပေးတော့ပါဘူး။
အဲဒီအခါမှာ xp ပြဿနာတွေရှိနိုင်ပါတယ်။
ဒါကြောင့် xp မပြောင်းခင်မှာ ကိုယ့်မှာပါတဲ့ driver အားလုံးက xp support ဖြစ်မဖြစ် (သို့ ) xp အတွက် driver software ပေးထားမထားဆိုတာကို သူ့ သက်ဆိုင်ရာသူ့  လက်တော့
ဝက်ဆိုဒ်မှာ သွားကြည့်ပါ။
အဓိက ကျတဲ့
1.song driver
2.webcam
3.Network
4.Graphic
စတာတွေအတွက် xp နဲ့ သုံးဖို့  driver မပါဘူးဆိုရင် xp install မလုပ်တာအကောင်းဆုံးပါပဲ။
မရရအောင် လုပ်မယ်ဆိုပြီး လုပ်လဲ ကောင်းမှာ မဟုတ်ပါဘူး။
ကိုနီထွေးအဆိုးဆုံး(ဟီး)
သူ hardware နဲ့ သက်ဆိုင်တဲ့ software ကိုပဲ သုံးတာကောင်းပါတယ်။
xp ပုံမှန်လည်ပတ်ဖို့ အတွက် မလိုအပ်တာ (သို့ )မဆိုင်တဲ့ driver ထည့်သုံးမယ်ဆိုရင် ရကောင်းရခဲ့မယ်ဆိုရင်တောင် ကွန်ပျူတာအတွက် မကောင်းပါဘူး။
ရိုးရိုး Destop ပိုင်းတွေတော့ သိပ်သတိမထားမိပါဘူး။ ကျနော်လဲ ခုနောက်ပိုင်း notebook လောက်ပဲ ပြင်ဖြစ်နေတယ်ဆိုတော့ notebook တွေမှာတော့ အဲဒီပြဿနာတွေ ဖြစ်နေတတ်ပါတယ်။
အဆင်ပြေကြပါစေဗျာ
Post a Comment