ကြုံခဲ့ရဘ၀မှတ်တမ်း(၂)
တစ်နေ့ သတွင်ကျွှန်ုပ်မြတ်ကိုနှင့်တပည့်ကျော်ငလတ်တို့ သည်
အလုပ်ကိုခိုကပ်စွာမလုပ်ဘဲအားနေကြ သဖြင့်အထူးပျော်ရွှင်လျှက်ရှိကြပေသည်။
ထိုအချိုန်တွင်အီကြာကွေးဟုခေါ်သောနိုင်ငံကျော်ကွန်ပျူတာဆရာကြီးသည်သူ၏
SYSTEM ပုံးကြီးကိုမကာကျွှန်ုပ်တို့ အလုပ်ထဲသို့ ရောက်ရှိလာလေတော့သည်။
ကျွှနုပ်လည်းဆရာအီကြာကွေးဘာဖြစ်လာပြန်ပြီလည်းဟုမေးလေရာ
မပြောချင်တော့ပါဘူးဆရာမြတ်ရယ်ဒီကွန်ပျူတာကိုဝင်းဒိုးအသစ်တင်တာ
CD ROM မကောင်းဘူးစစ်ပါကြီးဘဲပြောနေတယ်ကျွှန်တော်ဝယ်လဲ
တာအခုCD ROMအသစ်နဲ့ တင်တာလည်းမကောင်းဘူးလုပ်နေတယ်
ကြည့်စမ်းပါဦးဟုဆိုလေသည်။ထိုအခါကျွှန်ုပ်လည်းဝင်းဒိုးခွေထည့်ကာ
ဝင်းဒိုးအသစ်တင်ကြည့်လေရာဖော်မက်ချတဲ့အပိုင်းထိအကောင်း
အတိုင်းအလုပ်လုပ်လျှက်ဖော်မက်ချပြီးဝင်းဒိုးခွေကိုကော်ပီ ကူးသည့်
အပိုင်းကျမှCD ROMမကောင်းပါပြန်စစ်ပါဟုစာတန်းပေါ်လာလေသည်
ထိုအခါကျွှန်ုပ်လည်းCD ROM ကိုကျွှန်ုပ်တို့ အလုပ်မှဝင်းဒိုးတင်နေကြ
CD ROM နှင့်တင်လည်းထိုအပိုင်းတွင်CD ROM မကောင်းပါဟုသာ
ပြောနေလေသည်။ထိုအခါကျွှန်ုပ်တတ်သမျှပညာထဲမှအကုန်ဖြုတ်လဲခြင်း
ပညာကိုအသုံးပြုကာတစ်ခုခြင်းလဲထည့်ကာစမ်းသပ်ပြီးဝင်းဒိုးတင်ကြည့်လေရာ
အီကြာကွေးကိုပြသနာပေးသောသကောင့်သားSYSTEM ပုံးမှာMEMORY
လဲကာဝင်းဒိုးတင်တော့မှကောင်းမွန်စွာအလုပ်လုပ်လျှက်ဝင်းဒိုးအသစ်
တင်ခြင်းကိုပြီးဆုံးခြင်းသို့ ရောက်ရှိလေသည်ထိုအခါဆရာအီကြာကွေးသည်
ပျော်ရွှင်လျှက်ကျွှန်ုပ်တို့ ဆရာတပည့်များအားကော်ဖီများတိုက်။မုန့် များကျွှေးကာ
ပျော်ရွှင်စွာပြန်သွားလေတာ့သည်။
အဆင်ပြေကြပါစေဗျာ။
Post a Comment