လာရှုပ်နေသော UAC (User Account Control)
Windows 7 မှာProgramတွေဖွင့်တိုင်းလာရှုပ်နေတဲ့ UAC (User Account Control)
ဆိုတာခနခနတွေ့ ဖူးကြပါလိမ့်မယ်။အောက်ကလိုပေါ့
UAC (User Account Control)မပိတ်ထားရင် Programတွေဖွင့်တိုင်း အဲဒီဘောက်စ်က
ပေါ်လာမှာပါ။ နောက်သိပ်ပြီးထူးတာလဲမဟုတ်ပါဘူး။ Security အတွက် Window က
permission တောင်းတဲ့သဘောပါပဲ။ မကြိုက်လို့ နောက်မပေါ်စေချင်တော့ရင်
လုပ်နည်းက နှစ်မျိုးရှိပါတယ်။
လွယ်တဲ့နည်းကိုပဲကျနော်ပြောပါ့မယ်။ Registry Editor နဲ့ပိတ်တဲ့နည်းလဲရှိပါတယ်
ဒါပေမဲ့ Control Panel ၀င်ပိတ်တဲ့နည်းကပိုလွယ်ပါတယ်။ကဲစကြည့်ရအောင်
(၁)
Start Menu> Control Panel (ဒါမှမဟုတ်)Run ဘောက်စ်တွင် control panelဆိုပြီး
ရိုက်ထည့်ပါ။
(၂)
Control Panel ဘောက်စ်တွင် User Accounts ကိုဖွင့်ပါ။
(၃)
User Accounts ဘောက်စ်ပေါ်လာရင် အောက်ပါပုံအတိုင်း Change User Account
Control Setting ကိုနှိပ်။
(၄)
Change User Account Control Setting ဘောက်စ်ပေါ်လာရင် အောက်ကပုံအ
တိုင်း မောက်စ်နဲ့လေးထောင့်ကွက်လေးကို အောက်ဆုံးက Never Notify ထိရွေ့ချ
ပြီးတော့ OKလုပ်ကာကွန်ပျူတာကို Restart လုပ်လိုက်ပါ ။
အဆင်ပြေကြပါစေဗျာ။
.
1 Comentário:
တကယ်မှန်ပါတယ်ဗျာ ကျနော့်သူငယ်ချင်းစက်မှာ ပလေယာဆော့ဝဲတခု အင်စတောလုပ်တာ ကိုမြတ်ပြောသလို အက်မင်ပါတ်ဝဒ် တောင်းနေတာ ခုဒီစာထဲကအတိုင်းသွားပြောလိုက်တာအိုကေမှာ စိုပြေသွားတာပဲ အတိုင်းမသိကျေးဇူးပါေ၇ှ့ဆက်ပြီးလည်း နည်းပညာတွေဖြန့်ဝေပေးပါအုံးနော် ကျနော့်အတွက်တော့ နည်းပညာဘဏ်တိုက်ထဲကိုေ၇ာက်နေသလိုပါဘဲ လိုင်းကောင်း၇င် ကိုမြတ်ဆိုဒ်ကို အ၇င်ေ၇ာက်တာပဲ ဆော့ဝဲဒေါင်းဖို့လေ ဟဲဟဲ
Post a Comment