Wednesday, March 18, 2009

Windows Registry manual backup

Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့်
လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။
Backup လုပ်ဖို့ အတွက် Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။

Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။

Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။

အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

registry ထဲ ၀င်မွှေရင်း အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။



အဆင်ပြေကြပါစေ


Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO