သူခိုးများအဖွဲ့
အင်တာနက်ကို ပုံမှန်သုံးစွဲနေရသူတွေအတွက် ဟက်ကာ(Hackers)တွေရဲ့ တိုက်ခိုက်မှု အန္တရာယ်က တနေ့တခြား များလာနေပါတယ်။ ဝက်ဘ်ဆိုက်တွေကို Hackလုပ် တိုက်ခိုက်နိုင်တဲ့အပြင် ကိုယ်ပိုင် အီးမေးလ်အကောင့်တွေကိုပါ Hackလုပ် ချိုးဖောက်ဝင်ရောက်ကာ ကိုယ်ရေးကိုတာ လျို့ဝှက်ချက်တွေကို ရယူနှောင့်ယှက်နိုင်ပါတယ်။ အခုတလောမှာလည်း နည်းပညာနှင့် သတင်းဂျာနယ်အချို့မှာ လက်ရှိသုံးစွဲနေကြတဲ့ အင်တာနက်အီးမေးလ်တွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ ဖေါ်ပြလာကြပါတယ်။ အင်တာနက်ဆိုတာကြီးက မလုံခြုံတာမဟုတ်ပဲ
လက်ရှိသုံးစွဲနေရတဲ့ အခြေအနေက လုံခြုံမှုမပေးနိုင်တာလို့လည်း သုံးသပ်ချက်တွေ ဖတ်ရပါတယ်။ အီးမေးလ်စကားဝှက် (Password)တွေ မကြာခဏ ပြောင်းပြီးသုံးဖို့နှင့် အက္ခရာတွေ၊ ဂဏန်းတွေ၊ သင်္ကေတတွေပါတဲ့ passwordတွေကို အသုံးပြုဖို့ စသဖြင့် အကြံပြုချက်တွေကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူတွေ အသုံးအများဆုံး အီးမေးလ်ဝန်ဆောင်မှုကတော့ ဂျီမေးလ်(GMail) ဖြစ်ပါတယ်။ အဲဒီတော့ ကျနော့်မှာလည်း ဂျီမေးလ်အကောင့်တစ်ခုရှိပြီး မီဒီယာသတင်းဂျာနယ်တွေမှာ ဖတ်ရတာတွေနဲ့ ကိုယ်သိသလောက်အရ ဂျီမေးလ်သုံးရတာ မလုံခြုံတော့ဘူးလို့ ခံစားလာရပါတယ်။ ဒါနဲ့ပဲ အိုင်တီနယ်ပယ်က ကျွမ်းကျင်သူ သူငယ်ချင်းတစ်ယောက်ကို ဂျီမေးလ်မသုံးပဲ အခြားမေးလ်(ဥပမာ Yahoo Mail) ပြောင်းပြီးသုံးရင် ကောင်းမလားလို့ တိုင်ပင်ကြည့်ဖြစ်ခဲ့တယ်။ အဲဒီသူငယ်ချင်းက အင်တာနက်ထဲမှာ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့တစ်ဖွဲ့အကြောင်း ပြောပြပါတယ်။ သူငယ်ချင်းပြောပြတဲ့ ဒီအဖွဲ့ရဲ့ နာမည်ကိုတော့ ပြန်မပြောချင်တော့ပါဘူး။ Hackingလုပ်တာကို အားပေးရာကျမှာစိုးလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ရဲ့ အကြောင်းကိုတော့ လေ့လာမိသလောက် ပြောပြချင်ပါတယ်။ သူတို့အဖွဲ့ကို “အီး-သူခိုးများအဖွဲ့”လို့ နာမည်တပ် အသုံးပြုသွားပါမယ်။
အဖွဲ့အကြောင်း
အီး-သူခိုးများအဖွဲ့အနေနဲ့ အလုပ်အပ်နှံသူအတွက် သူ့ရဲ့ကလေးငယ်တွေ အင်တာနက်မှာ ဘာတွေသုံးနေသလဲ၊ သူ့ချစ်သူ၊ ဇနီး(သို့မဟုတ်)ခင်ပွန်းဟာ အင်တာနက်မှတဆင့် အခြားဘယ်သူနဲ့များ ဇာတ်လမ်းဖြစ်နေသလဲ၊ ကိုယ့်ရဲ့ပြိုင်ဘက်တွေ ကိုယ့်အပေါ် ဘာတွေကြံစည်နေမလဲ စသဖြင့် မှန်ကန်ပြီးတရားမျှတတဲ့ အကြောင်းအရာတွေကို သိနိုင်ဖို့ ဝန်ဆောင်မှုပေးခြင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ဟာ ဝန်ဆောင်မှုသက်တမ်း အတွေ့အကြုံအရ (၃)နှစ်ကျော်ပြီဖြစ်ပြီး ယနေ့အထိ အလုပ်အပ်နှံသူ(၈၈၆၄)ဦးကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ သူတို့အဖွဲ့နဲ့ ဆက်သွယ်ပြီး အလုပ်အပ်နှံဖို့ကိုလည်း လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။
အီး-သူခိုး ဝန်ဆောင်မှု
ဒီအဖွဲ့ရဲ့ ဝန်ဆောင်မှုက အလွန်ရှင်းပါတယ်။ အီးမေးလ်ဝန်ဆောင်မှုတွေဖြစ်တဲ့ Live.com, Hotmail, Yahoo!, AOL, GMailတို့ထဲမှ မိမိဝင်ရောက်လိုတဲ့ အီးမေးလ်အကောင့်တစ်ခု (Target Email)ကို သူတို့ဆီပို့ပေးပြီး အလုပ်အပ်ရပါတယ်။ သူတို့က အလုပ်အပ်သူ ဝင်ရောက်လိုတဲ့ အီးမေးလ်အကောင့်ကို Hackလုပ်ဝင်ရောက်ပြီး အချက်အလက်အချို့ (ဥပမာ Inbox, specific mail, mail sent by you, address book, account information) စတာတွေကို screenshootပြုလုပ်ကာ သက်သေအနေနဲ့ အလုပ်အပ်သူထံ အရင်ပို့ပေးပြီး ကြည့်ရှုစေပါတယ်။ ကျေနပ်မှုရှိပြီဆိုမှ အွန်လိုင်းဘဏ်စနစ် အသုံးပြု ငွေချေပြီးတဲ့အခါ မူရင်းpasswordကို အလုပ်အပ်သူထံ ပို့ပေးပါတယ်။ သူတို့ Hackလုပ်လိုက်တဲ့ မေးလ်အကောင့်ရဲ့ passwordကို ပြောင်းလဲပစ်တာမျိုး၊ အချက်အလက်တွေ ဖျက်ပစ်တာမျိုး လုံးဝပြုလုပ်မှာ မဟုတ်သလို Hackလုပ်ခံရတဲ့သူအနေနဲ့ ဘယ်လိုသဲလွန်စမျိုးမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အလုပ်အပ်သူနဲ့ Hackလုပ်ခံရတဲ့ အီးမေးလ် အကောင့်ပိုင်ရှင်တို့ဟာ passwordတစ်ခုကို နှစ်ယောက်သုံးနေသလိုမျိုး ဖြစ်စေမှာပါ။ အီး-သူခိုးများအဖွဲ့က လုံခြုံစိတ်ချရမှု၊ သေချာမှု၊ လွယ်ကူမှုနှင့် အင်တာနက်လုံခြုံမှုဆိုင်ရာ သတင်းအချက်အလက်တွေကို အလုပ်အပ်သူအတွက် ၁၀၀ရာခိုင်နှုန်း ထောက်ပံ့ဝန်ဆောင်မှု ပေးတယ်လို့ သိရပါတယ်။
အချိန်ကြာမြင့်မှု
အီ-သူခိုးများအဖွဲ့ကို အလုပ်အပ်မယ်ဆိုရင် ၁ ရက်မှ အများဆုံး ၇ ရက်အတွင်းသာ ကြာနိုင်ပါတယ်။ သူတို့အဖွဲ့အတွက် ပျမ်းမျှလိုအပ်တဲ့အချိန်က (၂၄)နာရီမှ (၃၆)နာရီသာ ဖြစ်ပါတယ်။
ကုန်ကျစရိတ်
Live.com, Hotmail, Yahoo!, AOL, GMail အကောင့်တွေထဲက password ရယူလိုတဲ့ အကောင့်တစ်ခုအတွက် အမေရိကန် ဒေါ်လာ(၁၀၀)မျှသာ ဖြစ်ပါတယ်။ credit car, paypalနှင့် westernunionတို့လို နေရာတွေမှတဆင့် ငွေချေလို့ရပါတယ်။
(ဆက်လက်ရေးသားပါမည်)
Post a Comment