စီဒီ၊ ဒီဗီဒီ burn လုပ်နေတုန်းတစ်ဝက်မှာရပ် ရပ်သွားရင်
ပဿနာ - စီဒီ၊ ဒီဗီဒီ burn လုပ်နေတုန်းတစ်ဝက်မှာရပ် ရပ်သွားတတ်ပါတယ်။
အသေးစား - စက်ကနဂိုကတည်းကမှ ချည့်နဲ့နဲ့ဆိုရင် စီဒီ၊ ဒီဗီဒီburn လုပ်တဲ့အချိန်ကျရင် hand သွားတတ်ပါတယ်။ XP မှာပါတဲ့ CPU usage monitor ကိုဝင်ကြည့်ပါ။ Ctrl-Alt-Delete နှိပ်ပြီး Task Manager ရဲ့ Performance tab ကိုနှိပ်လိုက်ရင် ရပါပြီ။ အဲဒီမှာ စီဒီ၊ ဒီဗီဒီကူးနေတဲ့အချိန်မှာ CPU utilization ကိုစောင့်ကြည့်ပါ။ CPU load အရမ်းများနေရင် antivirus လို၊ chatting လိုမျိုး background process တွေကို ခဏကိုရပ်ထားပေးနိုင်ပါတယ်။
အလတ်စား - စီဒီ၊ ဒီဗီဒီ writer တွေနဲ့အမျိုးမျိုးအဖုံဖုံ စုံလင်လှတဲ့ disk တွေရဲ့ကြားမှာ အဆင်မပြေမှုက ရှိနေတတ်ပါတယ်။ TDK 4X ဒီဗီဒီနဲ့အဆင်ပြေနေတဲ့ writer က Fuji တို့၊ Philips တို့နဲ့အဆင်ပြေချင်မှ ပြေပါမယ်။ DVDRhelp.com မှာဘယ်သူတွေဘယ်လိုသုံးလို့ ဘာတွေဖြစ်နေကြတယ်ဆိုတာကို လေ့လာကြည့်မှအဆင်ပြေပါလိမ့်မယ်။
အပြင်းစား - ဒီလိုနဲ့မှ အဆင်မပြေသေးဘူးဆိုရင် IDE configuration မှန်-မမှန်စစ်ကြည့်ပါ။ IDE ကြိုးတစ်ချောင်းတည်းသုံးပြီး master၊ ဒါမှမဟုတ် slave ချိန်ထားရင် အများအားဖြင့် hard disk ကို master ပေးပြီး စီဒီ၊ ဒီဗီဒီ drive ကို slave ပေးလေ့ရှိတာမို့ ထုံးစံအတိုင်း slave က priority ပိုနိမ့်တဲ့အတွက် data တွေ ရေး-ဖတ်တဲ့အခါမှာ လုံလောက်တဲ့ bandwidth မရတာမျိုးဖြစ်တတ်ပါတယ်။ IDE slot အပိုရှိသေးရင် နောက်ထပ် IDE cable တစ်ခုနဲ့စီဒီ၊ ဒီဗီဒီ drive ကိုပြောင်းတပ်လိုက်ရင် အဆင်ပြေပါလိမ့်မယ်။
pc world မှ
Post a Comment