Wednesday, March 18, 2009

Hard Disk မီးလင်းနေတာအကြာကြီးပဲဖြစ်နေရင်

(၁) - ဖိုင်တွေ ရေးလိုက်၊ ဖျက်လိုက် လုပ်တာများလာရင်ဖြစ်တတ်ပါတယ်။ သေချာအောင် Windows ရဲ့ Disk Defragmenter နဲ့အရင်စစ်ဆေးကြည့်ပါ။ XP သုံးထားပြီး memory က 256MB လောက်ပဲရှိတယ်ဆိုရင် Windows က hard disk ကို virtual memory အနေနဲ့သုံးနေရပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ memory ထပ်တိုးလိုက်ရုံနဲ့အဆင်ပြေသွားပါလိမ့်မယ်။
(၂) - Hard disk မီးလုံးတောက်လျှောက် အကြာကြီးလင်းနေတာဟာ spyware တစ်ခုခုဝင်မွှေနေ လို့လည်းဖြစ်နိုင်ပါတယ်။ Ad-ware၊ ဒါမှမဟုတ် Spybot Search Destoy ကိုသုံးပြီး အနှောင့်အယှက်ပေး နေတာကို ရှင်းထုတ်ပစ်နိုင်ပါတယ်။
(၃) - ဒီ tool တွေနဲ့ scan လုပ်ကြည့်လို့လည်းဘာမှမတွေ့ဘူး။ Hard disk ကလည်း အသံမြည် နေတယ်ဆိုရင်တော့ ပျက်ဖို့နေလာတဲ့သဘောပါ။ ဖိုင်တွေကိုသာ အမြန် backup လုပ်ပြီး hard disk အသစ်လဲလိုက်ပါတော့။



pc world မှ



Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO