Thursday, March 12, 2009

Microsoft word မှာ font မရှိလို့ ဆိုတဲ့ပြဿနာ မဖြစ်ရအောင်...

ကျွန်တော်တို့တတွေ စာတွေရိုက်ပြီး စက်တစ်လုံးကနေ တစ်ခြားစက်တစ်လုံးကို ကူးပြောင်းတဲ့အခါမှာ font မရှိတဲ့ ပြဿနာက အမြဲကြုံရပါတယ်..
အဲဒီလိုမဖြစ်ရအောင်....ဒီလိုလုပ်ကြည့်ပါ။
Microsoft word (2003) ဖိုင်ကိုဖွင့် Save as လုပ်။ Save as Box ကျလာရင် အဲဒီ box လေးရဲ့ ညာဘက် Title ဘားအောက်မှာ Tools ဘေးကမျှားလေးကိုဖွင့် Save Option ကို click လုပ် ။Box တစ်ခုထပ်ကျလာရင် Embed True Type Fonts ဆိုတဲ့နေရာမှာကော၊ Embed characters in use only ဆိုတဲ့နေရာမှာကော check box လေးတွေကို အမှန်ခြစ်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ပြီးရင်တော့ ကြိုက်တဲ့နေရာမှာသိမ်း။ ဒါဆိုရင်တော့ ဒီမိုက်ကရိုဆော့ဝတ် ဖိုင်လေးကို ဖောင့်မရှိလည်း ဖွင့်ဖတ်လို့ ရသွားပါပြီ။
အဆင်ပြေကြပါစေ....



Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO