System Restore ရဲ့အကာအကွယ်ပေးမှုကို ပြည့်စုံအောင်
System Restore ကိုဘယ်လိုပြင်ဆင်ရမလဲ။ Restore point အဟောင်းတွေဟာ ရုတ်တရက်ပျောက်ဆုံး သွားပြီး Windows က restore point အသစ်တစ်ခုဖန်တီးမပေးနိုင်ဖြစ်နေတတ်ပါသည်။
Windows XP နဲ့ Vista တို့မှာ System Restore ဟာ Registry နဲ့ အရေးကြီး system ဖိုင်တွေကို မကြာခဏ အလိုအလျောက် backup လုပ်ပေးနေပါတယ်။ ဒါပေမဲ့ အမျိုးမျိုးသော အခြေအနေတွေကြောင့် System store ဟာ backup (restore point) တွေဖန်တီးပေးခြင်းကနေ တားဆီးနေခြင်းခံနေရတတ်ပါတယ်။
Drive နေရာနည်းခြင်း
Restore point တစ်ခုဖန်တီးဖို့အတွက် system drive၊ ဒါမှမဟုတ် partition (များသောအားဖြင့် C:drive)မှာ နေရာလွတ် အနည်းဆုံး 200MB လောက်ရှိနေရပါမယ်။ အဲဒီနေရာလွတ်မရနိုင်တဲ့အခါ ပီစီဟာ restore point တွေဖန်တီးခြင်းက ရပ်တန့်သွားပြီး ရှိပြီးသား point တွေကို delete
လုပ်သွားတတ်ပါတယ်။
Task Scheduler မရှိခြင်း
System Restore ဟာနေ့စဉ်နေ့တိုင်း restore point တွေအလိုအလျောက် ဖန်တီးပေးနိုင်ဖို့အတွက် Windows ရဲ့ Task Scheduler ကိုအသုံးပြုပါတယ်။ Task Scheduler active ဖြစ်နေရဲ့လားဆိုတာ သေချာအောင် Start > Run (Vista မှာ Start) ရွေးချယ်ပြီး services.msc လို့ရိုက်သွင်းကာ
OS အလုပ်များနေခြင်း
System Restore ဟာပီစီဖွင့်ထားပြီး အားလပ် (idle) နေမှသာ restore point တွေကို အလိုအလျောက်ဖန်တီးပေး ပါမယ်။ တကယ်လို့ ပီစီကိုအမြဲတမ်းပိတ်ထားမယ်၊ hibernate ဖြစ်နေမယ်၊ ဒါမှမဟုတ် run လုပ်နေမယ်ဆိုရင် အလိုအလျောက် restore point တွေတစ်ခုမှ ရရှိမှာမဟုတ်ပါဘူး။
System Restore ပုံမှန်အလုပ်လုပ်နေတဲ့အခါမျိုးမှာတောင် restore point တွေဟာ Complete backup တွေမဟုတ်ပါဘူး။ Restore point တစ်ခုချင်းစီဟာ သူရှေ့က restore point နောက်ပိုင်းအပြောင်းအလဲတွေကိုသာ သိမ်းထားပြီး System Restore ဟာ hard drive ပေါ်က restore point အားလုံးကို အသုံးပြုဖို့လိုအပ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် restore point တစ်ခုပျက်စီးသွားတယ်ဆိုရင် point အားလုံးအသုံးမ၀င်တော့ပါဘူး။
တကယ်လို့ Restore point တွေဟာ အလုပ်လုပ်မပေးနိုင်တော့ဘူးဆိုရင် အားလုံးကို remove လုပ်ပြီးအစကနေ ပြန်စရပါမယ်။ ဒီလိုလုပ်ဖို့အတွက် System restore ကို Off လုပ်လိုက်ပြီးပြန် on လုပ်ပေးရပါမယ်။ Windows XP မှာ Start. Run ရွေးချယ်ပြီး sysdm.cpl ရိုက်သွင်းကာ
အဆင်ပြေကြပါစေဗျာ
Post a Comment