ယနေ့ လူငယ်နှင့် အင်တာနက်
ကျွှန်တော့်မေးလ်ထဲကိုပို့ လာလို့ ဖတ်ကြည့်လိုက်တာဗဟုသုတရမယ်ထင်
လို့ ပြန်လည်ဖေါ်ပြလိုက်ပါတယ်..အင်တာနက်နဲ့ ယနေ့လူငယ် ခွဲခြားလို့ မရတော့ပါ။ တစ်တွဲတည်း၊ တစ်ခုတည်း၊ တစ်သားတည်း ဖြစ်လာနေပါပြီ။ တစ်အိမ်ထောင်ကို ကွန်ပျူတာတစ်လုံး မရှိနိုင်တဲ့
ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့တော့ Cyber Café တွေက အသုံးဝင်နေဦးမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ အရင်က လူငယ်တွေသာ အင်တာနက်သုံး ကြပေမယ့်၊ အခုမှာတော့ လူကြီးတွေ လူရွယ်တွေပါ အင်တာနက်သုံးလာကြပါပြီ။ လူကြီးအများစု က ရပ်ဝေးမြေခြားရောက်နေတဲ့ သားသမီးတွေ မိသားစုတွေကို ဆက်သွယ်ဖို့သုံးကြတာများပါ တယ်အများစုက အီးမေးလ်သုံးမယ်၊ VZO Chat, QQ, Skype ဆော့ဝဲလ်တွေသုံးပြီး သားသမီးတွေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ စကားပြောမယ်၊ အဲဒီလောက်ပဲ သုံးကြပါတယ်။ Browser တွေသုံးပြီး ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်တဲ့ အလေ့အထတော့မရှိကြသေးပါဘူး။ ဒါပေမယ့်
အင်တာနက် အီးမေလ်သင်တန်းတွေကိုတော့ တက်ရောက်သူတော်တော်များပြားလာပါတယ်။ ၂၀၀၇ ဇွန်လအထိ အင်တာနက်သင်တန်း တက်ရောက်သူလေးဆခန့် ပိုမိုလာပါတယ်။ အခုဆိုရင် အင်တာနက် သင်တန်းကို အသက် ၁၆ နှစ်ကနေ ၅၀ နှစ်အထိ အရွယ်မရွေးတက်နေကြပါပြီ။ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံ နည်းပါးရင်တော့ သင်ကြားရတာ ခက်ခဲတတ်ပါတယ်။ လူကြီးအများစုက တော့ သင်တန်းတွေ သိပ်မတက်ချင်ဘဲ အသုံးပြုလိုမှသာ အင်တာနက်ကဖေးကိုလာပြီး ၀န်ထမ်းတွေကို အကူအညီတောင်းတတ်ကြပါတယ်။ သိပ်မခက်ခဲတဲ့ကိစ္စတွေကိုပါ သူများလုပ် ပေးမှ သုံးလို့ရတော့အချိန်နဲ့ ငွေကြေးက ပိုမိုဆုံးရှုံးနိုင်ပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံရှိရင် အင်တာနက်ကို မှန်မှန်ကန်ကန်သုံးစွဲဖို့၊ အင်တာနက်သုံးနည်းကို စနစ် တကျ သင်ကြားထားဖို့ လိုပါတယ်။
Cyber ကဖေးထဲမှာက လူမျိုးစုံ၊ အတွေးမျိုးစုံနဲ့ ဦးတည်ချက်အမျိုးမျိုးနဲ့ အသုံးပြုကြပါ တယ်။ ကျောင်းသားတွေက ပညာရေးဝက်ဘ်ဆိုက်တွေ၊ အလုပ်အကိုင်ရှာဖွေသူက အလုပ်အကိုင်ကြော်ငြာပေးတဲ့ ကဏ္ဍ တွေ၊ ကိုယ်လိုသလို အသုံးပြုနိုင်ဖို့အတွက် Network Cable တွေဟာ နည်းပညာမှော်ဝင်ကြိုးတွေနဲ့ နှိုင်းရမလားပဲ၊ ကွန်ပျူတာဖန်သားပြင် မော်နီတာရှေ့ထိုင်ပြီး ကမ္ဘာအရပ်ရပ်ကို ခရီး ထွက်နိုင်သလို စာအုပ်ပုံတွေ၊ စာကြည့်တိုက်ကြီးတွေကို မွှေနှောက်စရာမလိုဘဲ အသိပညာ များစွာ ရရှိနိုင်ပါတယ်။ အကျိုးရှိအောင်သုံးဖို့က ကိုယ်တိုင်ရွေးချယ်မှုပြုလုပ်မှရမှာပါ။ တစ်ချို့ အင်တာနက်ဆိုင်မှာဆို ကလေး လေးတွေ Chatting ထိုင်တာကို သူတို့ မိဘတွေဘေးကနေ ထိုင်ကြည့်နေ တယ်။ ဒါကို တားမြစ်သင့်တယ်လို့ မသိဘူး။ ကိုယ့်သားသမီး အင်တာနက်သုံးတတ်တယ်ဆိုပြီး အထင်ကြီးနေတာမျိုး တွေရှိနေပါတယ်။ အဲဒါက နည်းနည်း မှာယွင်းနေပါတယ်။ လူကြီးတွေကိုယ်တိုင် က အင်တာနက် ဗဟုသုတတွေကို သိဖို့လိုအပ်နေပါပြီ။ အဲဒါမှ လူငယ်တွေကို အင်တာနက်ကို ဘယ်လိုသုံးသင့်တယ်လို့ ပြောဆိုပြုပြင်နိုင်မှာပါ။
Cyber Café တွေမှာ မြန်နှုန်းမြင့်ရင်တော့ သုံးရတာအဆင်ပြေပါတယ်။ တချို့ဆိုင်တွေ ကျတော့ Local Network မှာတင် အလုံးရေ အများကြီးတပ်ထားတော့ မြန်နှုန်းကျသွားတတ် ပါတယ်။ အဲဒါကြောင့် တစ်ဆိုင်နဲ့ တစ်ဆိုင်ဈေးနှုန်း ကွာခြားတတ်ရင် မြန်နှုန်းမြင့်တဲ့ဆိုင်ကို ရွေးချယ် သုံးပါတယ်။ တစ်ခါတလေ ရုံးချိန်မှာမြန်နှုန်းကျတတ်လို့ အီးမေးလ်တွေ မထွက်ရင် သိုမှီးထားစရာ USB ထဲ Data တွေထည့်ထားပြီး အိမ်နားက အင်တာနက်ဆိုင်မှာ ညကျမှ သွားပြီးပို့ရပါတယ်။ အခု မြန်မာနိုင်ငံမှာက မြို့နယ်တိုင်းလိုလို အင်တာနက်ဆိုင်တွေ ရှိနေပြီဆိုတော့ အင်တာနက် အသုံပြုဖို့အတွက် ပိုမိုလွယ်ကူနေကြပြီဖြစ်ပါတယ်။
Post a Comment