Thursday, October 1, 2009

Software Engineering ဆိုတဲ့အကြောင်း

Software Engineering ဆိုတဲ့အကြောင်းကိုကျွှန်တော်တွေ့ မိသလောက်ပြောပြပါ
ရစေ
Software Engineeringဆိုတဲ့
Role and responsibility ကိုပြောရင် အခြေခံအားဖြင့် ဒီသုံးခုရှိမယ်
(@) Programmer
(@) Software Engineer
(@) Analyst ( or) Architect


Programmer

လွယ်လွယ်ပြောရင် သူက Coder ပါ။ Language တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်ဖို့လိုပါတယ်။ သူအတွက် Business Logic ကောင်းဖို့မလိုပါဘူး။ ပေးလာတဲ့ module ကို ပြောတဲ့အတိုင်းလုပ်နိုင်ရပါမယ်။ Architect တို့ Senior တို့ကပေးတဲ့ Functional spec , Design spec တွေကြည့်ပြီး သူတို့ပြောတာလုပ်ပေးရုံပါပဲ။ ဒီ button ကိုနှိပ်ရင် Database မှာ ဒါတွေ update လုပ်မယ်ဆိုရင် အဲဒီအတိုင်းဖြစ်ရင် သူတာဝန်ကျေပါပြီ။ တစ်ခြား Form တွေမှာဘာဖြစ်မလည်းတို့ နောက်ဆက်တွဲတွေက သူ့ဂရုမစိုက်လို့ရပါတယ်။

Language တစ်ခုခု ကျွမ်းကျင်ရပါမယ်။ Communication ကောင်းဖို့လိုအပ်ပါတယ်။ ပြောတာနားမလည်လို့ တလွဲတွေလုပ်တာမျိုးဖြစ်ရင် မကောင်းပါဘူး။ Diploma holder တွေရဲ့ starting point ဖြစ်လေ့ရှိပါတယ်။ Average diploma holder ပေါ့။ အချို့ degree holder တွေလဲ ဒီအဆင့်က စကျတာပါပဲ။

Software Engineer

သူလည်း language တစ်ခုပဲကျွမ်းကျင်ရင်လည်းရပါတယ်။ Structure ပိုင်းနဲ့ Business Logic လိုပါတယ်။ Framework တွေရဲ့အကြောင်း အားသာချက် အားနည်းချက်တွေလည်း သိသင့်ပါတယ်။ Junior အတွက်ဆိုရင် Architech / Senior တွေပေးတာလိုက်လုပ်ရတယ်ဆိုပေမယ့် Business logic နားလည်ရပါတယ်။ ဒီလိုလုပ်ရင် နောက်ကျ ဘယ်လိုပြသနာလေးတွေရှိလာနိုင်တယ်၊ တခြား module မှာဘယ်လိုပြသနာရှိနိုင်တယ်၊ Future extension မှာ ဘယ်လိုဖြစ်နိုင်တယ် ဆိုတာတွေ
ထဲ့တွက်တတ်ရပါတယ်။ Programming ပိုင်း ပိုင်နိုင်ရသလို Logical thinking ကောင်းဖို့လိုအပ်ပါတယ်။ Database structure တွေ logic တွေနားလည်ရပါမယ် ကျွမ်းကျင်ရပါမယ်။ တခြား development team တွေ engineer တွေနဲ့ closely အလုပ်လုပ်ရပါတယ်။

Software engineering ပိုင်းကိုသွားတဲ့ Academic course တွေမှာ Business logic / Business administration / Business system အကြောင်း subject တွေ module တွေထဲ့သင်လေ့ရှိပါတယ်။ အဲလို graduated တွေ grading ကောင်းတဲ့ diploma holder တွေ၊ experience ရှိခဲ့ပြီးသား Programmer တွေရဲ့ Position လို့ပြောလို့ရပါတယ်။

Architect

ဒီနေရာကတော့ Architect လို့တတ်ထားပေမယ့် Project Manager / System Analyze / Technical team lead position တွေ သိပ်မကွာပါဘူး။
Programming language တော်တော်များများသိရပါမယ်။ Language တစ်ခုချင်း Framework တစ်ခုချင်းရဲ့ အားသာချက် အားနည်းချက်တွေ သိရပါမယ်။ ဘယ်လို Project ဘာနဲ့ ဘယ်လိုရေးမလည်း ဆုံးဖြတ်ဖို့ အတွေ့အကြုံကောင်းတွေ အများကြီးလိုပါတယ်။ Database ဆိုလည်း MySQL, MS SQL, Oracle, IBM DB2 အစရှိတဖြင့် နားလည်တတ်ကျွမ်းရပါတယ်။

Technical team lead လိုနေရာ Senior software engineer တွေက technical ပိုင်းပိုကျွမ်းကျင်ကြပြီး တစ်ခုချင်း အသေးစိပ်နားလည်ကြပါတယ်။ Logical thinking ကောင်းကျပေမယ့် Technical ပိုင်း coding ပိုင်း ပိုအားသန်ကျသူတွေများပါတယ်။ Architect တွေ Project Manager တွေရဲ့ အားကိုးရာ အတိုင်ပင်ခံတွေပါ။

Architech တွေ Project Manager တွေက Logical thinking အားသန်ကျပါတယ်။ Technical ပိုင်းကိုလည်း ကျွမ်းကျင်ကျပေမယ့် Tech lead တွေလိုမဟုတ်ပါဘူး။ နည်းနည်း အလှမ်းဝေးနေတယ်။ မသိဘူးမဟုတ်ဖူး ချက်ချင်းထရေးဖို့တော့ သိပ်မလွယ်ဘူး။ ဒါပေမယ့် သူရဲ့ Knowledge ပိုင် logic ပိုင်းတွေကြောင့် Tech Lead တွေကလည်း လေးစားရတဲ့လူတွေပါ။ မသေချာရင် Tech Lead နဲ့ ပြန် confirm လုပ်မယ်။ Customer တွေရဲ့ တောင်ပြောမြောက်ပြောတွေကို Business system ဖြစ်အောင် ပုံဖော်သူတွေပါ။

။။။။။။။။။။။.။
ဒီနေရာမှာ ခဏနားရအောင် ဗျာ။
ကိုယ်က ဘယ်နားရောက်နေပြီလည်း ဘာတွေပြင်ဆင်နေလည်း။ ဘာ အဆင့်မျိုး ဖြစ်ချင်လည်း နည်းနည်းသုံးသပ်ကြည့်ရအောင်းP



share by = mysteryzillion.org


Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO