Thursday, October 8, 2009

Software Engineering ဆိုတဲ့အကြောင်းအပိုင်း(၂)

Designers
Design ပိုင်းကတော့ Individual skill and talent ကို ပိုအားပေးတဲ့
Trend တစ်ခုဖြစ်မယ်ထင်တယ်။ Tools တွေကျွမ်းကျင်ရတယ်။
Idea ကောင်းကောင်းရှိရတယ်။ Talent လည်းလိုပါတယ်။
လေ့ကျင့်မှုနဲ့ အာရုံစူးဆိုက်မှုကသာ အဓိကလို့ထင်ပါတယ်။
သိပ်နီးစပ်တဲ့ Field မဟုတ်တော့ တလွဲကြီးတွေ အကြံမပေးချင်လို့
ဒီလောက်ပဲရပ်လိုက်တယ်။


System Engineering
Software engineering တုန်းကထက်စာရင် System မှာရော
Networking မှာပါ ပိုပြီးရှုပ်ရှုပ်ရှက်ရှက် များပါတယ်။ အနိမ့်ဆုံးလို့
ပြောရင် Helpdesk တို့ Tier 1 NOC တို့ကစပါမယ်။ လူတိုင်းတော့
ဒီအဆင့်ကိုမဖြတ်သန်းကျပါဘူး။ Cutomer phone call တွေဖြေမယ်။
ဘာဖြစ်လို့ ညာဖြစ်လို့ Exposure လုံးဝနီးပါးမရှိတဲ့ responsibility ပါ။
Help desk တို့ NOC တို့ကနေ တခြားလမ်းကြောင်းကိုသွားကျတာလည်းရှိပါတယ်။
Local တွေ သူတို့ဆီမှာ သူတို့ first job အနေနဲ့လုပ်လေ့ရှိကျပါတယ်။
foreigner ကို ဒီလိုနေရာတွေအတွက် ခန့်လေ့မရှိပါဘူး။
Fresh graduate စစ်စစ်လေးတွေပေါ့။


Administrators
Administrator အဆင့်မှာ လမ်းကြောင်းကွဲပါပြီ။ MS series ကိုသွားမလား။
*nix ကိုသွားမလား။ MS professional ကပိုများပါတယ်။ Cert အရလဲ ရဖို့
မခက်ခဲလှသလို Company တွေကလည်း MS Partner ဖြစ်ဖို့ MS certified
တွေကို လိုချင်ပါတယ်။ Administrator က သူရဲ့ကျွမ်းကျင်ရာ Product ရှိရပါမယ်။
Exchange သမားက Exchange ကို ကောင်းကောင်း နိုင်နင်းရပါမယ်။
1 month လောက်စာဖတ်ပြီး လုပ်နိုင်သလောက်ပဲ လုပ်နိုင်ရင်
Administrator မဟုတ်သေးပါဘူး။ Tips and tweaks တွေသိရပါမယ်။
Product တစ်ခုထဲမဟုတ်ပဲ MS သမားဆိုရင် AD, eXchange, ISA
လောက်ကို သိသင့်ပါတယ်။ Day to day administration တွေ user control
တွေလုပ်နိုင်ရပါမယ်။

*nix မှာလဲ ဒီလိုပါပဲ။ Authentication မှာဆို RADIUS, LDAP နောက်ပြီး
windbind နဲ့ cross platform authentication။ ။ ။ Mail server မှာဆိုလဲ
MTA တွေအများကြီးပါ။ Sendmail / PostFix / Exim တို့ရှိပါတယ်။
တစ်ခုသိရင် နောက်တခုက လေ့လာလို့ မခက်ပါဘူး။ ဒါပေမယ့်
Unix / Linux flavor က customization ပါ။ Customize လုပ်နိုင်ဖို့ဆိုတာ
hands-on အများကြီးလိုပါတယ်။ Day to day administration မှာလဲ လိုအပ်ရင်
troubleshooting လုပ်ရတာမို့ သေချာမသိရင် troubleshooter ကနေ
trouble maker ဖြစ်သွားနိုင်ပါတယ်။

ကိုယ်တာဝန်ယူတဲ့ system ကို deep-down knowledge ရှိရပါမယ်။ ဒီ Step
က ကိုယ်လျှောက်မယ့်လမ်းကို ရွေးလိုက်တာပါပဲ။ စိတ်မဝင်စားပဲ အလုပ်ကိုရွေးမိရင်
နောက်ပိုင်းမှာ ကိုဝါသနာပါရာကို ပြန်လုပ်နိုင်ဖို့ခက်ပါတယ်။ အနည်းဆုံး
အချိန်တွေပုတ်ပါတယ်။ ဒီအဆင့်မှာ သေချာရွေးချယ် သေချာလေ့လာဖို့လိုပါတယ်။
Organization ကြီးကြီးတွေမှာ Junior သပ်သပ်ရှိပေမယ့် small local company တွေမှာ တစ်ယောက်တည်းသော administrator ဖြစ်ရင် မချောင်ပါဘူး။ သင်ယူလိုသူ
အတွတ်တော့ အမှားတွေလုပ်ရင်း တဖြေးဖြေးကျွမ်းကျင်လာကြတာပါပဲ။
သက်ဆိုင်ရာ diploma / degree တစ်ခုခုအပြင် certification တစ်ခုခု
ရှိရင်ပိုကောင်းပါတယ်။ မရှိရင်လည်း ဒီအလုပ်လုပ်နေတုန်းမှာ လုပ်ငန်းနဲ့
ဆက်စပ်တဲ့ Cert တစ်ခုခု ဖြေဖို့ကြိုးစားသင့်ပါတယ်။ ကိုယ့်ဟာကိုယ် upgrade
လုပ်တာပေါ့။ MNC တွေ big company တွေက well graduated degree holder
တွေကို ပိုပြီး ဦးစားပေးပါတယ်။


Engineers

ဒီမှာတော့ အပိုတွေပါလာပါပြီ။ Office branch တွေအများကြီးနဲ့
domain မျိုး။ Cross country domain ရဲ့ mail server တွေ။ Administrator
တွေရှိပေမယ့် Engineer လိုပါပြီ။ အတွေ့အကြုံရှိတယ်။ Troubleshooting
ကောင်းတယ်။ Mission critical တွေကို handle လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။
ခေါင်းအေးတယ် Reliable ဖြစ်တယ်။ အဓိကက Reliable ဖြစ်တာပါ။
မသိတာ မသေချာမရေရာတဲ့ concept တွေ မရှိတော့ပါဘူး။ အရာရာတိုင်းမှာ
Prove of concept ပြနိုင်တဲ့လူမျိုးတွေပါ။ System engineer တွေဆိုပေမယ့်
networking အပါအဝင် domain knowledge ကောင်းကောင်းရှိတဲ့လူတွေပါ။
Domain knowledge ဆိုလို့ AD domain ကိုပြောတာမဟုတ်ဖူးနော။
Environment တစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်တယ့် Knowledge ကိုဆိုလိုတာပါ။
Administrator လို ကိုယ့် system အကြောင်းကိုယ်သိရုံနဲ့ မရပါဘူး။

လိုအပ်တဲ့ တခြား skill တွေ ( shell scripting, system scriptings like Perl and Python) တတ်ထားဖို့လိုလာပါပြီ။ Experience ရှိတဲ့ administrator တွေနဲ့အတူ
domain knowledge သိပ်ကောင်းတဲ့ လူငယ်အချို့ကို ဒီအဆင့်မှာတွေ့ရနိုင်ပါတယ်။
Programming ထူးချွန်တဲ့ System Engineer တွေကတော့ သူများထက်
ခေါင်းတစ်လုံးသာပါတယ်။ (Networking မှာလည်းဒီလိုပဲ) ။
လူတစ်ယောက်ရဲ့ Talent နဲ့ capability ကို ဒီအဆင့်မှာ စပြီးကွဲပါပြီ။


Architects

သူကတော့ Cross platform ကျွမ်းကျင်သူတွေပါ။ တခြား knowledge
တွေလည်းပြည့်ဆုံတဲ့ သူတွေပါ။ Technical အားသန်တဲ့ tech lead
တွေရှိသလို Software engineering က Architect လို Logical thinking
နဲ့ POC ကို အားသန်သူတွေလဲရှိပါတယ်။ Multi platform ကျွမ်းကျင်သလို
application တွေရဲ့ capability ကို ကောင်းကောင်းနားလည်သူတွေပါ။
Unix / Linux သိပ်ကောင်းပြီး Perl scripting တွေ C / C++ coding
တွေအရမ်းထူးချွန်တဲ့ CCIE တွေ ကမ္ဘာ ပေါ်မှာ အများကြီးရှိပါတယ်။
သူတို့ကို ဘယ် Category အောက်ထဲ့ရမှန်းမသိဘူး
Footnote: Software engineering မှာထက် professional
လမ်းကြောင်းပိုရှုပ်ထွေးပါတယ်။ လိုအပ်ချပ်ပိုများသလို ဟိုစပ်စပ်
ဒီစပ်စပ်လည်းဖြစ်တက်ပါတယ်။ ပိုခက်ခဲတယ် ပြောတာမဟုတ်ပါဘူး။
ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နိုင်ချေပိုများလို့ပါ။

ဆက်လက်ဖေါ်ပြပါမယ်
shareby = www.mysteryzillion.org/


Seja o primeiro a comentar

ကိုမြတ် © 2008. Template by Dicas Blogger.

TOPO